Roal - 7
11/07/2022
Birthday cake တွေရဲ့ cake base ဖြစ်တဲ့ Sponge cake သား လုပ်ချင်နေလား??
အခုပြောတဲ့နည်းလေးနဲ့စမ်းကျိစေချင်တယ်နော်🥰
ဒီဈေးသည်ချောချောလေးလဲ တွေ့ရမြင်ရတာလေးတွေကိုမှီငြမ်းပီးလုပ်ထားတာမို့ အဆင်ပြေလို့ လက်တို့တာ ငါ့သဲလေးတွေကို 🙏🙏
8" cake ကိုမှ တခါလုပ် 7လုံးရမဲ့ Receipt လေးနော်
အဆင့် (၁)
Egg yolk - 30လုံး
Sugar- 125 ဂရမ်
Water - 350 ဂရမ်
Oil - 350 ဂရမ်
Corn Flour - 30 ဂရမ်
Cake flour - 500 ဂရမ်
Salt - 5 ဂရမ်
ဆီကတော့ အလွယ်တကူ ရနိုင်တဲ့ အမေဟင်းချက်ဖို့ဝယ်ထားတဲ့ နေကြာဆီဘဲ သုံးတယ် 😁
ဂျုံဈေးတွေ တက်နေတော့ အကောင်းစားဂျုံ မသုံးနိုင်ပေမဲ့ အကောင်းစားဂျုံကိုမှီတဲ့ ဒုံးပျံလေးနဲ့ဘဲ နှစ်ပါးသွားရတာပေါ့🥰
အဆင့် (၂)
ကွကျဥအကာ - 30လုံး
သကြား - 500 ဂရမ်
Tar Tar - 12 ဂရမ်
ပီးရင် အဆင့် (1) နဲ့ (2) ကိုရောရင် perfect ဖြစ်တဲ့ ကိတ်ရည်ရပီ ❤️
ကိတ်မိုလ် 8" ၇ခွက်လုံးထဲကို ကိတ်ရည်အညီအမျှ ထည့်ပါ.. ကိတ်ရည်ထည့်ရင် သတိထားရမှာက မိုလ် ကို အပြည့်မထည့်ရဖူး လက် ၃လုံးစာလောက် ချန်ထားရမယ် ....
စုံမီး 160° နှင့် 30min ပါ...
Bake လုပ်နေတဲ့ချိန် Oven ကို ခဏခဏ ဖွင့်ကျိတာမျိုး မလုပ်ဖို့ သတိထားရပါတယ်
မုန့်ကျက်လို့ Oven ထဲက ထုတ်ထုတ်ချင်း မုန့်ခွက်ကို cooling tray ပေါ် မှောက်လျက်အနေထားဖြင့် ခွက်ပါရော၍ 15min ခန့် အအေးခံပါ ..
အေးသွားချိန်မှ Mould ထဲက ထုတ်ပီး လိုသလို အလွှာလုပ်ရင်းစားကောင်းလှတဲ့ ကိတ်သားနူးနူးအိအိလေးကို ရရှိမှာ ဖြစ်ပါတယ်ရှင့် 🙆
#ဈေးသည်ချောချောလေး🥰
22/06/2022
KFC ကြက်ကြော် ကြော်နည်း
***********************************
Credit:ကောင်းထက်ကျော်- မြန်မာဒံပေါက်
************************************************
ခုတလော နံမည်ကြီးနေတဲ့ KFC ကြက်ကြော် လုပ်နည်းပါ။ ကမ္ဘာမှာ နံမည်အကြီးဆုံး ကြက်ကြော်တစ်မျိုးပါ။ KFC ကြက်ကြော်နဲ့ အရသာရော၊ ပုံပါ တော်တော်ကို တူတာမို့ ချက်နည်းကို အားလုံးကို မျှဝေပေးချင်လို့ပါ။ လုပ်ရတာလည်း လွယ်ပါတယ်၊ ဒါပေမယ့် ကြက်သားနှပ်ထားချိန်ကတော့ ၁ရက်နီးပါးတော့ အချိန်ပေးရပါတယ်။ ချက်နည်းကို ကြည့်ရအောင်…
------------------------------------
ကြက်သားကို နုပ်ထားရန် ပါ၀င်ပစ္စည်းများ
ကြက်ပေါင်နဲ့ ရင်ဗုံ – ၄ခု
ဟင်းခတ်မှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း
ဆား – စားပွဲတင်ဇွန်း ၂ဇွန်း
ကြက်သွန်ဖြူမှုန့် – လက်ဖက်ရည်ဇွန်း ၈ပုံ၁ပုံ
ကြက်ပြုတ်ရေ – စားပွဲတင်ဇွန်း ၃ဇွန်း
------------------------------------
ကြက်ကြော်အတွက် ပါ၀င်ပစ္စည်းများ
နုပ်ထားသော ကြက်ပေါင်နဲ့ရင်ဗုံ
ကြက်ဥ – တစ်လုံး
နွားနို့ – ၂၀၀ မီလီလီတာ
ဂျုံ – ၁၀၀ ဂရမ်
ဆား – လက်ဖက်ရည်ဇွန်း ၂ဇွန်းခွဲ
ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၈ပုံ၁ပုံ
ကြက်သွန်ဖြူမှုန့် – လက်ဖက်ရည်ဇွန်း ၈ပုံ၁ပုံ (ကြက်သွန်ဖြူ ညက်အောင် ထောင်းထည့်လျှင်လည်း ရသည်)
ဆိုဒါ – လက်ဖက်ရည်ဇွန်း ၈ပုံ၁ပုံ
------------------------------------
ချက်ပြုတ်နည်း
၁။ အရင်ဆုံး ကြက်သားကို နုပ်ရန် ပါ၀င်ပစ္စည်းများဖြစ်သော ( ဟင်းခတ်မှုန့်၊ ဆား၊ ကြက်သွန်ဖြူမှုန့်၊ ကြက်ပြုတ်ရည်) တို့ဖြင့် သမအောင် နုယ်ပြီ အနည်းဆုံး ၂၄နာရီ တစ်ညသိပ် (ရေခဲသေတ္တာအောက်ထပ်)တွင် ထားပေးပါ။
၂။ ကြက်သားများကို တညသိပ်ပြီ နှပ်ပြီမှ ကြက်ဥနှင့် နွားနို့များကို ခွက်တစ်ခုထဲတွင် သမအောင် ခလောက်ပေးထားပါ။
၃။ ပြီမှ ဂျုံမှုန့်နှင့် ( ငရုတ်ကောင်းမှုန့်၊ ဆား၊ ဆနွင်းမှုန့်၊ ကြက်သွန်ဖြူမှုန့်၊ ဆိုဒါ) တို့အားလုံး ဇလုံတစ်ခုထဲ သမအောင် ရောမွှေလိုက်ပါ။
၄။ ပြီလျှင် ကြက်ပေါင်ကို ခလောက်ထားသော ကြက်ဥခွက်ထဲနှစ်ပြီ ဂျုံမှုန့်များဖြင့် လိပ်လိုက်ပါ။
၅။ ထို့နည်းအတိုင်း ကျန် ကြက်ရင်ဗုံ၊ ပေါင်ကို ကြက်ဥနှစ်ပြီ ဂျုံကပ်ပေးပါ။
၆။ ကြက်ကြော်တဲ့အခါ ပိုကြွပ်ရွစေရန် ဂျုံကပ်ပြီသား ကြက်ပေါင်၊ ရင်ဗုံများ ကြက်ဥခွက်ထဲ ပြန်နှစ်ပြီ ဂျုံနောက်တစ်ကြိမ် ထပ်မန် ကပ်ပေးပါ။
ရ။ ဒယ်ထဲ ဆီများများထည့်ကာ ဆီပူလာလျှင် ဂျုံကပ်ထားသော ကြက်ပေါင်၊ ရင်ဗုံများကို အညှိရောင်သန်းသည်အထိ ကြော်ပေးပါ။
Crd
19/06/2022
" တစ်မျိုးထဲနဲ့ထမင်းမြိန်စေမယ့် ပုစွန်ခြောက်ငြုပ်သီးချက်နည်း "
ကြက်သွန်ဖြူ နီ ငြုတ်သီးအခြောက်တောင့် ရောထောင်း
ခရမ်းချဥ်သီး ဆား ဆနွင်း ဆီ ရသာမှုန့် ငပိ ရေအနည်းငယ်
အားလုံးထည့်ပါ ရေကုန်သွားရင် မီးအေးအေးဖြင့် အနှစ်ကျအောင်ချေပြီး ရေစိမ်ထားတဲ့ပုစွန်ခြောက် ငြုတ်သီးစိမ်း နံနံပင်ထည့်ပါ
ရေထည့်ပါ ဟင်းပွက်ပြီးတအောင့်ထားပါ
Credit Win Win
Click here to claim your Sponsored Listing.
Category
Website
Address
Yangon