Zagawar Book Store

Zagawar Book Store

Share

20/08/2025

ကျွန်တော့်ရဲ့လမ်းညွှန် ပုဂ္ဂိုလ်ကတော့ ဖေဖေပါ။ အသက် ၈၅ နှစ်ရှိပြီ။
ကျွန်တော် Comcast ဌာနချုပ်မှာ ၀င်ပြီး လုပ်တော့မယ်ဆိုတော့ လုပ်ငန်းတစ်ခုကို ၀င်ရင် ကွင်း (Field) ထဲက စရတယ် လို့ပြောပါတယ်။

သူကတော့ အဲဒီလိုစခဲ့တာမဟုတ်ဘူး။
ကောလိပ် တက် နေတုန်း နွေရာသီ အလုပ်လုပ်တော့ ပထမဆုံး လုပ်ခဲ့ရတဲ့ အလုပ်က လိုင်းကြိုးသွယ်ရတာပါ။
တယ်လီဖုန်း တိုင်တွေပေါ် တက်၊ ကြိုးတွေ ဆွဲပြီးမှ အိမ်တွေထဲ သွယ်ပေးရပါတယ်။
အဲဒီ နယ်ပယ်ကို စ၀င်ရတော့ ကျွမ်းကျင် လုပ်သားတွေရဲ့ အခန်းကဏ္ဍနဲ့ ဖောက်သည် ဆက်ဆံရေး ၀န်ဆောင်မှုအပိုင်း တွေရဲ့ အရေးပါပုံကို မြင်လာပါတယ်။
လုပ်ရတာလည်း သိပ်အန္တရာယ် များပါတယ်။
အောက်‌ခြေအဆင့်ရဲ့ လုပ်ငန်းခွင်အကြောင်း ကို ရုံးချုပ်မှာ ထိုင်နေရင် မသိနိူင်ဘူး ဆိုတာ ဖေဖေက မြင်တယ်။

ဖေဖေက ကောင်းကောင်း နားထောင်တတ်သူ ဖြစ်ပါတယ်။
သူများ ပြောနေတာကို ၀င်ပြီး လမ်းကြောင်းပေးတာမျိုး ဘယ်တော့မှ မလုပ်ပါဘူး။
တစ်ယောက်ယောက်က ရုံးခန်းထဲ ၀င်လာတယ်ဆိုတာ ပြဿနာ ရှိနေလို့၊ တကယ် ဖြေရှင်းဖို့လိုတဲ့ ပြဿနာ ရှိနေလို့ပဲ။
ပြောသမျှကို နားထောင်နေရင်းက လိုတဲ့ နေရာတွေ ၀င်ထောက်ပေးရင်းနဲ့ ပြဿနာရဲ့ အရင်းခံကို ပုံဖော်ယူပါတယ်။
ဒီလို ရှင်းပေးလိုက်နိူင်တယ် လို့ သူတစ်ခါမှ အသားယူတာမျိုး မရှိပါဘူး။

တကယ်တော့ ဖေဖေပေးခဲ့တဲ့ အထဲမှာ အကောင်းဆုံး အကြံက ...

"အသားယူစရာ၊ ဂုဏ်ယူစရာတွေကို သူများ ယူကြပါစေ " တဲ့။
" မင်းက သူတို့ထက်စာရင် ပိုပြီး အနေအထား ကောင်းပါတယ်။
ကံကောင်းပါတယ်။ ဒါကို သဘောပေါက်တယ် မဟုတ်လား။
ဂုဏ် ထပ် တက်နေစရာ ဘာလိုမှာလဲ။
သူတို့ကို အသားယူခွင့် ပေးလိုက်ရင်
ဒီအောင်မြင်မှုမှာ သူတို့ ပါ၀င် ဆောင်ရွက်ထားတာ ရှိနေပါလား လို့ ၀မ်းသာနေကြမှာ " တဲ့။

ဖေဖေပြောတာ တကယ်မှန်ပါတယ်။
ဖေဖေက ကျွန်တော့် ကို ဂုဏ်တင်ပါတယ်။
ကျွန်တော်ကလည်း ဒီလိုပဲ လက်အောက်ငယ်သားတွေ ကို ဂုဏ် တင် ပါတယ်။

စာကြွင်း ။ ။

"လင်းလက်ခဲ့တဲ့ လမ်းပြကြယ်" ကျော်စောမင်း၊ တူဒေးစာအုပ်တိုက် မှ ကောက်နှုတ် ဖော်ပြခြင်း ဖြစ်ပါသည်။

Photo Crd

27/07/2024

ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံ ဆရာတော် အရှင်ဇနကာဘိဝံသ ၏ ကိုယ်ကျင့်အဘိဓမ္မာ စာအုပ် မှာယူနိုင်ပါပြီ။

စာအုပ် တန်ဖိုး ၄,၀၀၀/- ကပျြပါ ရှင့်။

မြို့နယ် အလိုက် Delivery ဖြင့်
ရန်ကုန်မြို့တွင်း အိမ်အရောက် ‌‌ပို့ပါတယ်။

နယ္ၿမိဳ႕ႀကီးမ်ားမှ မှာယူချင်သူများအတွက်
ငွေကြိုရှင်းဖြင့် ကားဂိတ္ တင်/ပို႔ပါတယ္။
ကျသင့်မယ့် တန်ဆာခ ကို မှာယူသူဘက်က ပေးဆောင်ရပါမယ် ရှင့်။

တို့ဖြင့် ကြိုတင်‌ငွေ ပေးချေပါက ထပ်ဆောင်း (%) မပေးဆောင်ရပါ။

အားပေးကြတဲ့ မိတ်ဟောင်း မိတ်သစ်များ အားလုံး ကို Zagawar Book Store မိသားစု ကနေ (အထူး) ကျေးဇူးတင်ရှိပါတယ် ရှင့်။

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Thura Street , Pokkan, Insein Tsp.
Yangon
11011