Lingo Valley

Lingo Valley

Share

Photos from Lingo Valley's post 10/04/2023

Learners တို့ရေ

Lingo Valley က IELTS Study Tracker ကို giveaway (၃)ဦးပေးခဲ့တာ မှတ်မိကြတယ်ဟုတ်။

Giveaway winner (3)ဦးက (1) month IELTS Study Tracker ကိုရရှိခဲ့ပြီး Lingo Valley နဲ့တူတူလေ့လာနိုင်ခဲ့ပါတယ်။

Learners (3)ဦးရဲ့ Feedback ကိုလည်း အခုလိုပဲ ဖော်ပြလိုက်ပါတယ်။

မကြာခင်မှာ Learners တို့အတွက် Lingo Valley က Tracker Program ကိုစီစဉ်နေတာကြောင့် အားလုံးပဲ Stay Tuned ပါ။

22/03/2023

It doesn’t matter how slowly you go as long as you do not stop.” – Confucius

သင်မရပ်သေးသ၍ ဘယ်လောက်ပဲရွေ့ရွေ့ အဆင်ပြေပါတယ်။

Learners တို့ရေ

ဘဝမှာ တစ်ယောက်တည်းရုန်းကန်ရတဲ့ အခက်အခဲတွေ ကြုံဖူးကြတယ်မလား။

ပိုကောင်းတဲ့အလုပ်ကိုရဖို့
IELTS band score ကောင်းကောင်းရဖို့

စသည်ဖြင့် ရည်ရွယ်ချက်မျိုးစုံနဲ့ အမြဲကြိုးစားနေရတယ်။

တခါတလေ ထင်သလောက်ခရီးမပေါက်တဲ့အခါ စိတ်လျှော့ချင်တာက မှန်ကန်တဲ့ အဖြေတော့မဟုတ်ပါဘူး။

မရပ်တန့်သ၍ နည်းနည်းချင်းပဲဖြစ်ဖြစ် တိုးတက်အောင် ကြိုးစားနေဖို့က အဓိက ပါပဲ။

ကိုယ်ကြိုးစားတဲ့ လမ်းတစ်လျှောက်မှာ အကူအညီလိုအပ်ရင်လည်း နားလည်သူတွေဆီက တောင်းဖို့ ဝန်မလေးပါနဲ့။

English စာလေ့လာနဲ့ ပတ်သက်ပြီးဖြစ်ဖြစ်၊ IELTS self study လုပ်တဲ့အခါ အခက်အခဲရှိတာပဲ ဖြစ်ဖြစ် Lingo Valley ကလည်း learners တို့ကို ကူညီဖို့ အမြဲအသင့်ရှိနေပါတယ်။

Lingo Valley
Boost your language momentum with Lingo Valley

14/02/2023

IELTS ဖြေဆိုရာမှာ တွေ့ကြုံရတဲ့ time management problem ကို ဘယ်လိုဖြေရှင်းမလဲ?

Hello learners တို့ရေ
Lingo Valley ကနေ ကြိုဆိုပါတယ်။

IELTS exam ဖြေဆိုတဲ့အခါ တချို့သူတွေက English skillsကောင်းရဲ့သားနဲ့၊ mock test တွေမှာ အဆင်ပြေရက်နဲ့ မှန်းထားသလောက် band score တွေမရတာ ကြားဖူးကြမှာပါ။❗️

IELTS exam ဖြေဆိုသူ ၉၀%လောက် တွေ့ရတဲ့ အခက်အခဲတစ်ခုက time management ပါပဲ။

ဒါကြောင့် Lingo Valleyက speaking, listening, reading, writing တစ်ခုချင်းစီမှာ သုံးသင့်တဲ့ time management tips တွေကို ပြောပြပေးသွားပါမယ်။

Listening

📂Listening audio မဖွင့်ခင်ရသလောက်အချိန်မှာ မေးခွန်းကို ကြိုဖတ်ပါ။
📂မေးခွန်းတစ်ခုကို နားမလည်ရင် စက္ကန့်(၂၀)ထက်ပိုပြီး မစဉ်းစားပါနဲ့။ ဆက်ပြီးဖြေသွားပါ။ ပြီးမှပြန် စဉ်းစားဖို့ အချိန်ပေးပါ။
📂အဖြေစစ်တာကို မေးခွန်းဖြေရင်းနဲ့ပဲတစ်ခါတည်း ရသလောက်လုပ်သွားပါ။

🌟Reading

📂မေးခွန်းတွေကို မဖတ်ခင် စာပိုဒ်တွေရဲ့ အခြေခံအကြောင်းအရာကိုသဘောပေါက်အောင် အကြမ်းဖျင်း အရင် skimလုပ်ပါ။
📂မေးခွန်းကိုသေချာဖတ်ပြီး keywordsတွေကို သေချာအမှတ်အသားလုပ်ပါ။
📂မေးခွန်းတစ်ခုထဲမှာ အချိန်အကြာကြီး မစဉ်းစားပါနဲ့။
📂အချိန်ကို အမြဲသတိထားကြည့်ပါ။

🌟Writing

📂 ပထမဆုံး မိနစ်အနည်းငယ်ကို idea brainstorm လုပ်ဖို့နဲ့ ရေးမဲ့အရာတွေ plan ချဖို့ သုံးပါ။
📂idea တွေကို တစ်ခုနဲ့တစ်ခု ချိတ်ဆက်ပြီး စကားလုံးကျစ်ကျစ်လစ်လစ်ရေးနိုင်အောင် linking words တွေသုံးပါ။
📂နောက်ဆုံးအကြိမ် proofread လုပ်ဖို့ အချိန်ချန်ထားပါ။

🌟Speaking

📂Speaking မှာ ပေးထားတဲ့ အချိန်အတွင်း ပြည့်ပြည့်စုံစုံပြောနိုင်အောင် များများလေ့ကျင့်ဖို့ လိုပါတယ်။
📂Preparation time (1) minute ရတဲ့အခါမှာ idea တွေကို note taking သေချာလုပ်ပါ။
📂Idea တွေ opinion တွေပြောတဲ့အခါ သက်ဆိုင်တဲ့ examples တွေ ထည့်ပြောတာမျိုးလုပ်ရင် speaking မှာ အချိန်တွေပိုနေတာမျိုးမဖြစ်အောင် ပြင်ဆင်လို့ရပါတယ်။

Lingo valley က ဒီနေ့ မျှဝေပေးလိုက်တဲ့ time management practiceတွေက learners တို့အတွက် အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။

တခြား Learners တွေလည်းသိသွားအောင် မျှဝေပေးကြပါဦး။

Lingo Valley
Boost your Learning Momentum with Lingo Valley

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon