Estate Master Myanmar

Estate Master Myanmar

Share

03/07/2020

🚢🚛🛩ကုန်စည်ပို့ဆောင်ရေးအာမခံ🛳🚚🛩
(CARGO INSURANCE)

🎁ကုန်ပစ္စည်းများကို(ပြည်တွင်း)တစ်နေရာမှ
တစ်နေရာသို့

🛳ကမ်းရိုးတန်းမြစ်​ကြောင်းများတွင် သင်္ဘောများ
ဖြင့်သယ်ယူပို့ဆောင်ခြင်းများ
🚚ကုန်းလမ်းတွင်မော်တော်ယာဉ်များဖြင့်သယ်ယူပို့
ဆောင်ခြင်း များအတွက် အာမခံအကာအကွယ်
ရရှိမည်ဖြစ်ပါသည်။

❇️အာမခံအမျိုးအစား

🛳ရေကြောင်းကုန်ပစ္စည်းအာမခံ
(Marine Cargo Insurance)
🔹မြစ်တွင်းရေကြောင်းကုန်စည်အာမခံ
🔹ကမ်းရိုးတန်းရေကြောင်းကုန်စည်အာမခံ

🚚ကုန်းလမ်းကုန်ပစ္စည်းအာမခံ
(Inland Transit Cargo Insurance)

❇️အာမခံသက်တမ်း
🔹ကုန်ပစ္စည်းများကို တစ်နေရာမှတစ်နေရာသို့
သယ်ယူသည့်ခရီးစဉ်တစ်ခေါက်အတွက်အာမခံဝယ်ယူထားရှိနိုင်ပါသည်။

❇️ပရီမီယံနှုန်း

🛳ရေကြောင်းကုန်စည်များအတွက်
🔺အထွေထွေကုန်စည်
>မြစ်တွင်း ၀.၁၄ %
>ကမ်းရိုးတန်း (နွေရာသီ) ၀.၂၈ %
>ကမ်းရိုးတန်း (မိုးရာသီ) ၀.၅၆ %
> ချောင်းတွင်း ၀.၀၈၄ %

🔺ရေနံ၊ဓါတ်ဆီ၊ဒီဇယ်ဆီ၊ဓါတ်ငွေ့
>မြစ်တွင်း ၀.၂၈ %
>ကမ်းရိုးတန်း (နွေရာသီ) ၀.၄၂ %
>ကမ်းရိုးတန်း (မိုးရာသီ) ၀.၈၄ %

🔺ဆိပ်ကမ်းရက်လွန်ကြေး >အခြေခံပရီမီယံ ၁၀%

🚛ကုန်းလမ်းကုန်စည်များအတွက်
🔺အထွေထွေကုန်စည် > ၀.၁၄ %
🔺ရေနံ၊ဓါတ်ဆီ၊ဒီဇယ်ဆီ၊ဓါတ်ငွေ့ > ၀.၂၈ %
🔺ကွဲရှလွယ်ပစ္စည်း > ၀.၈၀ %

🔹အပိုအကာအကွယ်များ(ရေလမ်း & ကုန်းလမ်း)
🔺စစ်နှင့်စစ်အသွင် > ၀.၁၀%
🔺သပိတ်၊အဓိကရုဏ်း၊လူထုအုံကြွမှု > ၀.၀၆%

❇️လိုအပ်သောစာရွက်စာတမ်းများ
>အဆိုလွှာ
>ရေယာဉ်/မော်တော်ယဉ် လိုင်စင်မိတ္တူ
>ကုန်စည်ပို့ဆောင်ခွင့် လိုင်စင်မိတ္တူ
>ကုန်ပစ္စည်းစာရင်း & တန်ဖိုး

❇️အာမခံအကျိုးခံစားခွင့် & အကာအကွယ်များ

❗️လုံးဝဆုံးရှုံးမှုအကာအကွယ်
(Total Loss Only)ကိုသာပေးလျော်ပါသည်။

🔹အာမခံထားသည့်ကုန်ပစ္စည်းများတင်ဆောင်လာသောရေယာဉ်သည်သဘာဝဘေးအန္တရာယ်ကြောင့်
ဖြစ်စေ၊မတော်တဆထိခိုက်မှုကြောင့်ဖြစ်စေ၊မီးလောင်မှုကြောင့်ဖြစ်စေ ရေယာဉ်နစ်မြုပ်ပြီး
(သို့မဟုတ်) သင်္ဘောပျက်စီးသွားပြီးကုန်ပစ္စည်း
များဆုံးရှုံးခြင်း

🔹ရေယာဉ်နစ်မြုပ်မှုဘေးမှကင်းဝေးအောင်ဆောင်
ရွက်ရာတွင်ကုန်ကျသည့်ကုန်ကျစရိတ်များ၊
အလုပ်သမား Sue & Labour Charge များ

🔹အာမခံထားသည့်ကုန်ပစ္စည်းများတင်ဆောင်လာသောမော်တော်ယာဉ်သည်တိမ်းမှောက်ပျက်စီးမှု
ကြောင့်ဖြစ်စေ၊မီးလောင်မှုကြောင့်ဖြစ်စေ
ကုန်ပစ္စည်းများဆုံးရှုံးခြင်း များအတွက်အကာအကွယ်ရရှိမည်ဖြစ်ပါသည်။

❇️အာမခံထားနိုင်ခွင့်ရှိသူများ
🔹ကုန်ပစ္စည်းပိုင်ရှင်များ

>>>>>>>>>>>>>>>

💸အာမခံဆိုတာ💸
လူကြီးမင်းရဲ့ ဆုံးရှုံး၊နစ်နာ မှုများအတွက် ငွေကြေးဖြင့်ပြန်လည်ကုစားပေးသောစနစ်ဖြစ်ပါသည်။

Want your business to be the top-listed Realtor/realty Service in Yangon?
Click here to claim your Sponsored Listing.

Category

Address


Yangon