Creative Work Space - CWS
Happy New Year, everyone! 🥳
May this year bring more laughs, good health, and success—less stress, more fun.
Let’s make it a good one!
30/12/2025
Security Intelligence (SI)
Security Intelligence (SI) က Access Control Policy ရဲ့ rules တွေကို Verify မလုပ်ခင်မှာ defence အဖြစ် အရင်လုပ်ဆောင်တဲ့ Feature တစ်ခုဖြစ်ပါတယ်။
Security Intelligence (SI) တွေက Cisco ရဲ့ Threat Intelligence အဖွဲ့ဖြစ်တဲ့ Talos မှ ပံ့ပိုးထားတဲ့ reputation-based intelligence ကို အသုံးပြုပြီး အန္တရာယ်ရှိနိုင်သော IP address၊ URL နဲ့ domain name များကို block-list အသုံးပြုပြီး တားဆီးနိုင်ပါတယ်။
SI ကို အသုံးပြုရန် Threat license လိုအပ်ပြီး၊ အဲဒီ license ကြောင့် intelligence feed များကို ပုံမှန် update လုပ်နိုင်ပါတယ်။
Cisco က ကိုယ်ပိုင် intelligence feed များကို ပံ့ပိုးပေးထားသလို၊ license မလိုအပ်ဘဲ third-party feed များနှင့် custom feed များကို ထပ်မံ အသုံးပြုနိုင်တဲ့ ရွေးချယ်စရာလည်း ရှိပါတယ်။
Custom block list များအပြင်၊ လိုအပ်တဲ့အခါ SI ရဲ့ blocking ကို override လုပ်နိုင်ဖို့ custom allow list များကိုလည်း ဖန်တီး အသုံးပြုနိုင်ပါတယ်။
30/12/2025
Cisco Firepower မှာ Access Control Category ရဲ့အောက်မှာ Policy အမျိုးအစား ရှစ်ခု ပါဝင်ပါတယ်။
1. Access Control
2. Intrusion
3. Malware & File
4. DNS
5. Identity
6. Decryption
7. Prefilter
8. Zero Trust Application
Access Control Policy ကတော့ ရေးဖို့ လိုကိုလိုအပ်တဲ့ Policy တစ်ခုဖြစ်ပါတယ်။ အကြောင်းကတော့ Access Control Policy က rule တွေကို သတ်မှတ်တာ ဖြစ်နေလို့ပါ။ အခြေခံကျတဲ့ Source/Destination Network တွေ Service Port တွေနဲ့ Action တွေကို ရေးပေးရပါတယ်။
ဒီ Access Control Policy ထဲမှာ ကျန်တဲ့ policy အမျိုးအစားတွေဖြစ်တဲ့ Intrusion, Malware & File, DNS, Identity, Decryption, နဲ့ Prefilter တို့ကို လိုအပ်တွဲပြီး သတ်မှတ်ပေးနိုင်ပါတယ်။
Click here to claim your Sponsored Listing.
Category
Website
Address
Yangon