Yan Aung Sarpay - 2

Yan Aung Sarpay - 2

Share

07/02/2023

အလွမ်းကမ်းခြေသို့
📷📷📷📷📷📷

အလွမ်းကမ်းခြေသို့
အလည်တခေါက်ရောက်သွားတယ်

အက်ကွဲနေတဲ့
နှလုံးသားကျောက်ဆောင်
ငိုနေလေရဲ့

​တစ်စုံတစ်ယောက်ကိုမျှော်နေတဲ့
အထီးကျန်ခုံလေးက
တိတ်ဆိတ်လို့နေတယ်

ကြေကွဲနေတဲ့
ခရုခွံလေးတွေ
ကောက်သူမဲ့နေတယ်

သဲသောင်လေးကတော့
အားငယ်နေတဲ့ ခရုခွံလေးတွေကို
အဖော်ပြုရင်း
လှိုင်းအလာကိုမျှော်နေတယ်

သူတို့ အလွမ်းတွေကိုကြည့်ပြီး
အမှတ်တရဓာတ်ပုံ ရိုက်ရမှာ
အရမ်းအားနာနေမိတယ်

သီရိမောင်

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


No 12 Kyaw Thu 25 Street South Okkalapa Yangon
Yangon