FRC Myanmar

FRC Myanmar

Share

07/03/2025

မင်္ဂလာပါ .....

ယနေ့မှာတော့ “အခြေခံဆိုလာပန်နယ်တပ်ဆင်ခြင်းသင်တန်း (Basic Solar Panel Installation Course)” ၏ မိုက်ခရိုသင်တန်းတစ်ခုဖြစ်သော “Introduction to Solar Energy” အကြောင်းလေးကို တင်ဆက်ပေးသွားပါမည်။

ဤမိုက်ခရိုသင်တန်းတွင် လေ့လာရမည့် အကြောင်းအရာ အကျဉ်းချုပ်မှာ အောက်ပါအတိုင်းဖြစ်ပါသည် -

1) Solar Energy အကြောင်းမိတ်ဆက်

2) စွမ်းအင်၏အဓိပ္ပါယ်သတ်မှတ်ချက်နှင့် မတူညီသည့်စွမ်းအင် သယံဇာတများ

3) ဆိုလာစွမ်းအင်နှင့် ပြန်လည်ပြည့်ဖြိုးမြဲ သယံဇာတများ

4) ဆိုလာစွမ်းအင်၏ အသုံးဝင်ပုံများ

5) Solar power system တစ်ခုတွင်ပါဝင်သည့် အဓိကအစိတ်အပိုင်းများ

6) Photovoltaic cells များအကြောင်း

7) အလင်းရောင်ကို PV cells များမှ မည်သို့လျှပ်စစ်ထုတ်လုပ်ပေးခြင်း

စသည်တို့ဖြစ်ပါသည်။ မိုက်ခရိုသင်တန်းတစ်ခုလုံးကို လေ့လာသင်ယူပြီးသောအခါ သင်ယူသူများအနေဖြင့် အောက်ပါ သင်ယူမှုရလဒ်များကို သိရှိမှတ်သားရရှိသွားမည် ဖြစ်ပါသည် -

- ဆိုလာစွမ်းအင်အကြောင်းနှင့် ဆိုလာစွမ်းအင်၏ အသုံးဝင်ပုံကို သိရှိနားလည်ရန်၊

- ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် အခြားစွမ်းအင်များအကြောင်းသိရှိရန်၊

- Photovoltaic cells များအကြောင်း သိရှိနားလည်ရန်၊

- Photovoltaic cells များသည် အလင်းမှ လျှပ်စစ်စွမ်းအင်ကို မည်သို့ပြောင်းလဲပုံကို သိရှိနားလည်ရန်၊

- Solar Power စနစ်များတွင် အဓိကအသုံးအပြုသည့် အစိတ်အပိုင်းများကို နားလည်သိရှိရန်တို့ ဖြစ်ပါသည်။

ဤမိုက်ခရိုသင်တန်းကို “Myanmar Youth Platform” ပေါ်တွင် ၂၀၂၅ ခုနှစ်၊ မတ်လမှစတင်ပြီး မြန်မာဘာသာဖြင့် လေ့လာနိုင်တော့မည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

Want your organization to be the top-listed Non Profit Organization in Yangon?
Click here to claim your Sponsored Listing.

Address


Finnish Refugee Council I #1Finnish Refugee Council FRC #40, Room-101, Myay Nu Street, Sanchaung Township
Yangon