tOS - Apple Devices Sale and Services
08/08/2023
Apple Devices တွေဟာလည်း သူ့ရဲ့အချစ်တွေလိုပဲ အစစ်နဲ့အတုခွဲခြားမရအောင် ဆင်တူတာမျိုးတွေရှိပါတယ်။ တော်ကြာ ကိုယ်က အစစ်စျေးပေးပြီးမှ အတုကြီးဖြစ်နေရင် နစ်နာရတာ ကိုယ်ပါပဲ။ ဒါကြောင့် ဘယ်နေရာကနေ ဘယ်လိုပဲဝယ်ခဲ့ပါစေ ကိုယ်ဝယ်မယ့် AirPods က အတုလား အစစ်လားဆိုတဲ့ ခွဲခြားနည်းလေးတွေကို Admin ပြန်လည်မျှဝေပေးပါ့မယ်။ ဒါပေမယ့် tOS မှာတော့ အစစ်တွေကြီးပဲရောင်းပါတယ်။
AirPods အတုအစစ်ခွဲရာမှာတော်တော်များများက ပါကင်ဖောက်ပြီးစစ်ဆေးရတဲ့နည်းလမ်းလေးတွေရှိပါတယ်။ ပါကင်ဖောက်ဖို့အတွက်ဆိုရင် အရင်ဆုံးဝယ်ယူဖို့လိုတဲ့အတွက် ဒီတစ်ခေါက်မှာတော့ ပါကင်ဖောက်စရာမလိုပဲ စစ်ဆေးနိုင်မယ့်နည်းလမ်းလေးတွေကိုမျှဝေပေးသွားပါမယ်။ Admin ကိုယ်တိုင်လည်း AirPods အတုတစ်ခုရှာဝယ်ပြီးရင် အတုအစစ်ခွဲနည်း ဗီဒီယိုထပ်တင်ပေးသွားမှာမို့ tOS Page လေးကို အခုပဲ See First လုပ်ထားလိုက်ပါ။
Box ပေါ်က AirPods ပုံလေးကို အရင်ကြည့်ဖို့လိုပါတယ်။ ဒီနေရာ AirPods ဘူးအစစ်တွေပေါ်က AirPods ဟာ အလင်းအမှောင်နဲ့အရောင်တွေက ပိုတိကျပြီး၊ AirPods ဘူးအတုမှာတော့ AirPods ပုံဟာ ဖြူရော်ရော်ဖြစ်နေတာမျိုးကိုတွေ့မြင်ရမှာဖြစ်ပါတယ်။
နောက်တစ်ခုကတော့ AirPods ဘူးရဲ့ ဘေးမှာပါတဲ့ စာကိုလည်းထပ်ကြည့်လို့ရပါတယ်။ AirPods အစစ်တွေဟာ MagSafe Charging ရတယ်ဆိုရင် MagSafe Charging Case ဆိုပြီးအတိအကျပါတတ်ပါတယ်။ ဒါပေမယ့် အတုတွေမှာကြတော့ Wireless Charging Case ဆိုပြီး ရေးထားတတ်ပါတယ်။ ဒါကတော့ သတိထားရမယ့်အချက်တစ်ခုပါ။
ပြီးရင်တော့ ပါကင်ဘူးကိုဖွင့်တဲ့နေရာလေးပါ။ AirPods ဘူးအစစ်ကိုဖွင့်တဲ့နေရာမှာဆိုရင်တော့ Plastic အိတ်ဟာ ဆက်ကြောင်းတွေပါမပါဝင်ပဲ တပြေးညီဖြစ်နေတတ်ပြီး Apple ဆိုတဲ့အတိုင်းသပ်ရပ်မှုလည်းရှိပါတယ်။ အတုတွေမှာကတော့ ဒီလိုမျိုးမဟုတ်ပါဘူး။ ဆက်ကြောင်းတွေပါဝင်ပြီး အဲ့ဒီဆက်ကြောင်းတွေကလည်း သပ်ရပ်မှုမရှိတာကိုမြင်တွေ့ရမှာပါ။ ဘယ်လိုမျိုးလဲဆိုတာကိုတော့ Video လေးနဲ့ ရိုက်ပြသွားပါမယ်။
ဒါတွေစစ်ပြီးပြီဆိုရင်တော့ Serial Number ရေးထားတဲ့ စာနေရာကိုတစ်ချက်ကြည့်သင့်ပါတယ်။ အခုနောက်ပိုင်းမှာ စာတွေကလည်း အတုအစစ်ခွဲမရအောင်ဖြစ်နေတတ်ပေမယ့်အတုလုပ်တဲ့လူတွေမှားတာတစ်ခုက စာတွေအကုန်လုံးကို Bold လုပ်ထားပြီး အနက်ရောင်ဘက်အရမ်းရောက်နေတတ်ပါတယ်။ AirPods ဘူးအစစ်မှာကတော့ စာတိုင်းကို Bold မလုပ်ပဲ လိုအပ်တဲ့စာလောက်ကိုသာ Bold လုပ်ထားတတ်ပြီး တချို့စာတွေဟာ မီးခိုရောင်အနေအထားလောက်ပဲရှိပါတယ်။
အခုပြောပြသွားတာတွေဟာ AirPods ဝယ်ယူမယ့်အချိန်မှာ ကိုယ်ဝယ်ယူမယ့် AirPods က အတုလားအစစ်လားဆိုတာကို ကိုယ်တိုင်စစ်ဆေးနိုင်မယ့် လျို့ဝှက်ချက်လေးတွေပဲဖြစ်ပါတယ်။ တကယ်လို့ စိတ်ချလက်ချနဲ့ အသစ်ဆိုအသစ် အစစ်ဆိုအစစ်ဝယ်ယူချင်တယ်ဆိုရင်တော့ tOS ကိုသာလာခဲ့လိုက်ပါ။
Video လေးလည်းထပ်တင်ပေးသွားမှာမို့ tOS ကို Follow လုပ်ဖို့လည်းမမေ့ဦးနော်...
ဆက်သွယ်ရန် - 𝟎𝟗 𝟒𝟐𝟓𝟔𝟎 𝟓𝟔𝟓𝟓
𝐭𝐎𝐒 (𝐀𝐩𝐩𝐥𝐞 𝐃𝐞𝐯𝐢𝐜𝐞𝐬 𝐒𝐚𝐥𝐞 & 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬)
နံပါတ်- ၂၄/၂၆၊ 𝐒𝐑𝐂 ကွန်ဒို၊ တောင်မြင်းပြိုင်ကွင်းလမ်း၊ တာမွေမြို့နယ်။
ဆိုင်ဖွင့်ချိန် - မနက် ၉ နာရီမှ ညနေ ၆နာရီအထိ။
လမ်းညွှန် - https://bit.ly/3q12WQ4
tOS Telegram Link - https://t.me/tosmyanmar
05/08/2023
သင့် iPhone က အားကုန်မြန်နေလို့ Battery လဲချင်တာပဲဖြစ်ဖြစ်
မတော်တဆပြုတ်ကျသွားလို့ LCD လဲချင်တာပဲဖြစ်ဖြစ်
ပါဝါမလာတဲ့ပြဿနာတွေလိုမျိုး Motherboard ပိုင်းပြုပြင်ချင်တာပဲဖြစ်ဖြစ် tOS ဟာ မိတ်ဆွေအတွက် စျေးနှုန်းအရရော၊ Quality အရပါ အသင့်တော်ဆုံးဆိုင်တစ်ဆိုင်ဖြစ်စေမှာပါ။
Repair Services တိုင်းအတွက်ကိုလည်း အာမခံ ၃လကနေ ၆လအထိပေးထားပြီး အာမခံကာလအတွင်း ပြုပြင်လဲလှယ်ပေးလိုက်တဲ့အပိုင်းက Factory Fault ပါလာခဲ့ရင်လည်း အခမဲ့ပြန်လည်ပြုပြင်ပေးသွားဦးမှာပါ။
ဘယ်လိုမှ စိတ်တိုင်းမကျဘူးလား။ စိတ်မပူပါနဲ့ tOS မှာ 100% Money Back Guarantee ဆိုပြီးနောက်ထပ်ဝန်ဆောင်မှုတစ်ခုအဖြစ် ပြင်ထားတဲ့ မူရင်းငွေ Amount အတိုင်း ၁၀၀ရာခိုင်နှုန်းငွေပြန်အမ်းပေးသွားမှာပါ။
အဲ့ဒီအပြင် ရန်ကုန်သာမက နယ်ကာစတမ်မာတွေပါ ပြုပြင်ခြင်းဝန်ဆောင်မှုယူနိုင်အောင် ဖန်တီးပေးထားတာမို့ မြန်မာနိုင်ငံ ဘယ်နေရာကမဆို tOS မှာ iPhone, iPad, Macbook, Apple Watch, AirPods တွေကိုပြုပြင်နိုင်ပါတယ်ခင်ဗျာ...
𝐭𝐎𝐒 (𝐀𝐩𝐩𝐥𝐞 𝐃𝐞𝐯𝐢𝐜𝐞𝐬 𝐒𝐚𝐥𝐞 & 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬)
tOS Sales - 09 425 605 655
tOS Repair Service - 09 969 442 727
နံပါတ်- ၂၄/၂၆၊ 𝐒𝐑𝐂 ကွန်ဒို၊ တောင်မြင်းပြိုင်ကွင်းလမ်း၊ တာမွေမြို့နယ်။
ဆိုင်ဖွင့်ချိန် - မနက် ၉ နာရီမှ ညနေ ၆နာရီအထိ။
လမ်းညွှန် - https://bit.ly/3q12WQ4
tOS Telegram Link - https://t.me/tosmyanmar
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No. (33) First Floor, 166th Street, Tamwe Township
Yangon
11211
Opening Hours
| Monday | 09:00 - 18:00 |
| Tuesday | 09:00 - 18:00 |
| Wednesday | 09:00 - 18:00 |
| Thursday | 09:00 - 18:00 |
| Friday | 09:00 - 18:00 |
| Saturday | 09:00 - 18:00 |
| Sunday | 09:00 - 18:00 |