WIN NAING

WIN NAING

Share

15/03/2026
20/04/2025

အပျိုစစ်မစစ် မီးပုံထဲ ခုန်ချခိုင်းတဲ့
ရာမ ကျတော့ မင်းသား...

မယ်သီတာ ရဲ့ အချစ်ကလွဲပြီး
ကျန်တာ မသိတဲ့ ဒဿကို ကျတော့
လူကြမ်းကြီးတဲ့လား...

ဒဿ ကို ကြည့်ရင်
ဆိုးတဲ့ရုပ်ကို မကြည့်ပါနဲ့...
သူ့ရဲ့ ချစ်တက်တဲ့ နှလုံးသားကို ကြည့်ပါ...

ငယ်ငယ်တုန်းက ဖတ်ခဲ့ဖူးတဲ့ စာအုပ်တွေ
နားထောင်ခဲ့ဖူးတဲ့ သီချင်းတွေထဲမှာ
`` အချစ်ရှုံးသမား က ဒဿဂီရီ ´´ တဲ့...

တကယ်တမ်းကျတော့ အချစ်ရှုံးတာ
ဒဿ မဟုတ်ဘူး မယ်သီတာ ပါ...

မယ်သီတာ က သူ့ကို တကယ်ချစ်တဲ့ လူကို
ဘယ်တော့မှ ပြန်မရနိုင်တော့မဲ့ အရှုံးနဲ့
ဆုံးရှုံးသွားတာ...

အဲ့လိုပဲ လူတွေနဲ့ဝေးကွာသွားလို့အားမငယ်နဲ့
ကိုယ့်စေတနာနဲ့မတန်တဲ့သူတွေမို့
မိတ်ဆွေစစ်ဆုံးရှုံးသွားတာကသူတို့ပါ။

Crd;

02/01/2025

ကိုယ့်ဖိနပ်ဟာ ကိုယ့်ခံတပ်ပါပဲ
ကျန်းမာရေး မကောင်းလို့
ဝင်ငွေ မကောင်းလို့
မိုးလေဝသ မကောင်းလို့
ခုလို အခက်အခဲတွေထဲမှာ
ဖိနပ်သည်းကြိုးကို သတိထားနေရ
ခုံကလည်း လှုပ်လှုပ်
မြင်းကလည်း လှုပ်လှုပ်
ပြုတ်ကျသွားချင်လည်းသွား
ဒုက္ခဆိုတာ သစ္စာတရား
ကျွန်တော့်ရဲ့ မိုက်မဲမှုများ
လောကကြီးက အလိုက်သိပါ့မလား
ရေပြင်ရဲ့ မာယာကို မုန်းတယ်
ပိုက်ကွန်ထဲက ငါးတွေကို သနားတယ် ထောင်ချောက်ကို လိုက်ရှာနေတဲ့ သားကောင်ဆိုတာ ရှိပါ့မလား
ပျော်ရွှင်မှုဆိုတာ လှောင်အိမ်ထဲမှာ မမွေးဖွားဘူး
ပြိုင်ကားတစ်စီးလို ဓာတ်ဆီဖြုန်းခဲ့ပြီးပြီ လူနာတင်ယာဉ်တစ်စီးလို အသုံးဝင်ချင်တယ်
ရော့ခ်အင်ရိုးလ် တစ်ခေတ်လုံးကို နားထောင်ခဲ့တယ်
ပွင့်လင်းတဲ့လူ့ဘောင်ကိုမျှော်လင့်မိတယ် ကဗျာနဲ့ဘဝကို ချည်နှောင်ထားခဲ့တယ်
သူငယ်ချင်းရယ်
ဒီဇာတ်လမ်းမှာလူဆိုးတွေတစ်ယောက်မှမသေသေးဘူးလား
လူကောင်းတွေမှာဒုက္ခများလှပါပြီကွယ် အသက်တစ်ချောင်းလုံးဆုံးရှုံးမယ်ဆိုရင် နာမည်တစ်လုံးတော့အဖတ်တင်ချင်တယ်
ချောက်ကမ်းပါးစွန်းက လူကို
တွန်းအားတွေ မပေးကြပါနဲ့
ပြေးစရာမြေ မရှိတော့တဲ့အခါ
ကိုယ့်ဖိနပ်ဟာ ကိုယ့်ခံတပ်ပါပဲ။ ။
#လှသန်း
#ပို့စ်မော်ဒန်ကဗျာ

Want your business to be the top-listed Grocery Store in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon