MM Forex Team
11/01/2022
၂၀-၂၁ ဘဏ္ဍာနှစ်တွင် YSX စာရင်းဝင် EFR ကုမ္ပဏီ အကြမ်းအမြတ် ကျပ် ၃.၁ ဘီလီယံ ရရှိခဲ့ပြီး ကာလတူထက် ၄၆ ရာခိုင်နှုန်း တိုးတက်ခဲ့
ရန်ကုန်၊ ဇန်နဝါရီ ၈
ရန်ကုန်စတော့အိတ်ချိန်း(YSX)စာရင်းဝင်ကုမ္ပဏီ ထာဝရနဒီအများနှင့်သက်ဆိုင်သောကုမ္ပဏီ(EFR)က ၂၀၂၀-၂၁ ဘဏ္ဍာနှစ်မှာ အကြမ်းအမြတ် ကျပ်ငွေ ၃.၁ ဘီလီယံရရှိခဲ့တယ်လို့ ဘဏ္ဍာရေးရှင်းတမ်းမှာ ဖော်ပြထားပါတယ်။
၂၀၁၉ ဘဏ္ဍာနှစ်မှာ ရရှိခဲ့တဲ့ ပမာဏဖြစ်တဲ့ ကျပ် ၂.၁ ဘီလီယံထက် ၂၀၂၁ ဘဏ္ဍာနှစ်မှာ ၄၆ ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်ပြီး အကြမ်းအမြတ်ပြောင်းလဲမှုနှုန်းကတော့ ၁၃.၃ ရာခိုင်နှုန်းခန့် ကျဆင်းသွားပါတယ်။
တွဲဖက်ကုမ္ပဏီတွေရဲ့ အရှုံးဖြစ်တဲ့ ကျပ်သန်း ၇၃၀ ကျော်ကို ထည့်သွင်းတွက်ချက်ပြီး ရရှိလာတဲ့ အသားတင်ဝင်ငွေက ကျပ်သန်း ၄၅၀ ခန့် အမြတ်ရှိခဲ့တယ်လို့ ဆိုပါတယ်။
ရှယ်ယာတစ်စုရဲ့အမြတ်ဝင်ငွေက ၂၀၂၀ ဘဏ္ဍာနှစ်မှာ ၃၀.၈၆ ကျပ် အရှုံးရှိခဲ့ပေမယ့် ၂၀၂၁ ဘဏ္ဍာနှစ်မှာတော့ ၂၁.၃၂ ကျပ် အမြတ်ရှိခဲ့ပြီး ၁၆၉ ရာခိုင်နှုန်း တိုးတက်လာတယ်လို့ ဖော်ပြထားပါတယ်။
လုပ်ငန်းခွဲအားလုံးရဲ့ ဝင်ငွေက ၂၅ ဘီလီယံ ရရှိခဲ့ပြီး ယခင်ကာလတူထက် ၉၂ ရာခိုင်နှုန်း တိုးတက်ခဲ့ကာ အထူးသဖြင့် တွဲဖက်ကုမ္ပဏီဖြစ်တဲ့ A Logistics အပါအဝင် လုပ်ငန်းခွဲအားလုံး ဝင်ငွေတိုးတက်အောင် ရှာဖွေပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ထောက်ပံ့ပို့်ဆောင်ရေးတွင် ဆက်စပ်လုပ်ငန်းတွေရဲ့ ရရှိဝင်ငွေက ၈၂ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး LDC Mandalay ရဲ့ ဆောင်ရွက်ရရှိတဲ့ ဝင်ငွေတွေကို စီမံကိန်းလုပ်ငန်းတွေမှ ရရှိငွေစာရင်းမှာ ထုတ်ဖော်ပြနိုင်ခဲ့တာကြောင့် ကျဆင်းမှု ဖြစ်ပေါ်နေခြင်းလို့ ဖော်ပြထားပါတယ်။
သတင်း - BETV Business
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Lower Bo Myat Tun Street
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |