SMART Marketainment

SMART Marketainment

Share

10/12/2022

ဆွဲပြီးရင်းကို ဆွဲချင်နေတဲ့ ဆွဲဘဲလေးတွေသာ ဆက်ဖတ်ရန် 👇

ကျွန်တော်တို့ရဲ့ SMART Marketainment ရဲ့လူငယ်တွေက ဆွဲဘဲလေးတစ်ယောက်လောက် ရှာချိတ်ပေးပါဆိုလို့ပါခင်ဗျာ။

ရေစက်ချင်းဆုံလို့ လက်တွဲလုပ်ကိုင်ဖို့ အဆင်ပြေမဲ့
Junior Graphic Designer လေးကို ရှာပုံတော်ဖွင့်နေတာပါ 🧐

ဆွဲဘဲလေးကိုရှာနေတယ်ဆိုလို့ ယောင်္ကျားလေးတွေပဲလျှောက်လို့ရတာမဟုတ်ပါဘူး။ မိန်းကလေး Graphic Designer တွေလည်း လျှောက်လို့ရပါတယ် 🤗

Work from Home ‌လုပ်ရင်း ပေါ့ပေါ့ပါးပါး အတွေးအမြင်တွေ ကိုယ်စီဖလှယ်လို့ အတွေ့အကြုံတွေလည်း ရစေရပါမယ်ဗျ။

ပညာတွေလည်းရပါတယ်ဆိုပြီး မငြီးမချင်း ပညာတွေကို အလုပ်လုပ်ရင်းရှာဖွေနိုင်ဖို့ ကွပ်ကဲလမ်းညွှန်ပေးမဲ့ Senior GD ကြီးလည်းရှိပါတယ်နော် 🥰

အတည်ပေါက်ပြောရမယ်ဆိုရင်တော့ 👇

⚫ Junior Level ကိုပဲအမှန်တကယ်လိုအပ်တာပါခင်ဗျာ။ Work Load အရမ်းမများလို့ပါ။

⚫ အသစ်တွေလုပ်ချင်စိတ်ရှိရင် ပိုသဘောကျပါတယ်။

⚫ ကျောင်းသားတွေကို ဦးစားပေးပါမယ်။

⚫ Certificate မလိုပါဘူး။ Photoshop Tools တွေကို ကျွမ်းကျင်ဖို့ပဲလိုပါတယ်။

⚫ Design Concept တွေကို ကျွမ်းကျင်နေစရာမလိုပါဘူး။ နည်းနည်းသိထားပြီး ဆက်လက်သင်ယူချင်စိတ်ရှိဖို့ပဲလိုပါတယ်။

⚫ Work From Home ပါ။ Sunday အလုပ်မလုပ်ပါနဲ့။

⚫ KPI နဲ့ထိုက်တန်တဲ့လစာကို ရဖို့လည်းအာမခံပါတယ်ဗျာ။

စိတ်ဝင်စားတယ်ဆိုရင်တော့ ကိုယ်တကယ်ဆွဲထားတဲ့ Portfolio လေးနဲ့ CV ကို [email protected] ကိုပေးပို့လျှောက်ထားနိုင်ပါတယ်။

☎️ ဆက်သွယ်ရန် - 09 7861 92413

29/11/2022

New Product ထုတ်တိုင်း ရောင်းအားထိုးတက်အောင် ဘယ်လိုရေးရမလဲဆိုတဲ့ 💁

ကြော်ငြာစာရေးနည်း ဖော်မြူလာတစ်ခုကို ဒီနေ့ Sharing လုပ်သွားပေးပါ့မယ် 🤗

Branding ပိုင်းသိပ်မသွားရသေးတဲ့ အခြေအနေမှာတောင် New Product ထုတ်တိုင်း ရောင်းအားတက်ချင်တယ်ဆိုရင် 📈

BAB ဆိုတဲ့ Copywriting Formula လေးကိုသုံးပြီးရေးကြည့်စေချင်ပါတယ်။

BAB ဆိုတဲ့ Copywriting Formula လေးက လူတွေရဲ့ Psychology ပေါ်မှာအခြေခံထားတဲ့ Formula ပဲဖြစ်ပါတယ်။ လူတွေရဲ့သဘောသဘာဝကိုက အဆိုးတွေ၊ သောကတွေကိုမကြိုက်တတ်ကြဘဲ အကောင်းတွေ၊ ပျော်စရာတွေကို နှစ်သက်တတ်ကြတဲ့အချက်ကို Main Point ယူထားတာပါ 💢

BAB Formula မှာ

⚫ B က Before The Solution ကိုဆိုလိုချင်တာဖြစ်ပြီး ကိုယ့် Product မသုံးခင် လူတွေကြုံတွေ့နေရတဲ့ အခက်အခဲတွေကိုပြောပြရမှာဖြစ်ပါတယ်။

သတိပြုရမှာက ကျွန်တော်တို့က လူတိုင်းရဲ့ ပြဿနာတွေ အခက်အခဲတွေကိုချရေးနေလို့မရတာကိုပါပဲ။ ကျွန်တော်တို့ရဲ့စာကို ဖတ်စေချင်တဲ့ Targeted Audience ကိုအရင်ဆုံးရွေးချယ်ပြီးမှ သူတို့ဘာတွေခက်ခဲနေကြလဲ၊ ဘာတွေရင်ဆိုင်​ဖြေရှင်းနေရလဲဆိုတဲ့ ပြဿနာတွေကို Research လုပ်ပြီး ပြန်ပြောပြရမှာဖြစ်ပါတယ်။

တင်စားရရင်တော့ Audience မျက်လုံးထဲ၊ အတွေးထဲမှာ အခြေအနေဆိုးတစ်ခုကို ပုံပေါ်လာအောင်ဖန်တီးရမှာမျိုးပေါ့ဗျာ။ ပုံပေါ်လာတဲ့အခါ Audience အနေနဲ့ ဒီပြဿနာ ငါ့ဆီမှာလည်းဖြစ်နေတာပဲဆိုပြီး ခံစားသွားရအောင် Anxiety, Pain စတဲ့ Emotion ပါအောင် ထည့်ရေးရပါတယ် 💁

ဥပမာပြောရရင်ဗျာ '' အဝလွန်နေတဲ့ မိန်းကလေးတစ်ယောက်အတွက် အင်္ကျီရွေးရခက်တဲ့ ပြဿနာတွေ၊ Body Shaming နဲ့ Blaming လုပ်ခံရတာမျိုးတွေ၊ Confidence မရှိသလိုအားငယ်ရတာတွေ စတဲ့ သူကြုံတွေ့ခံစားနေရတဲ့ Pain Point တွေကိုထောက်ပြပေးရမှာမျိုးပေါ့။

⚫ A ဆိုတာကတော့ After The Solution ကိုဆိုလိုချင်တာပါခင်ဗျ။ ကျွန်တော်တို့အနေနဲ့ Audience ဟာ Before မှာပြောထားခဲ့တဲ့ ပြဿနာတွေကိုသာဖြေရှင်းနိုင်ပြီဆိုရင် ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်ကြောင်းကို Point Out လုပ်ရမှာဖြစ်ပါတယ်။

လူတွေဟာ Pleasure ကိုနှစ်သက်ခံစားလိုတာမှန်ပေမယ့် ကျွန်တော်သတိပေးချင်တာက After ကိုဖော်ပြတဲ့အခါမှာ အရမ်းကြီး Over မပြောမိ၊ မရေးမိဖို့တော့လိုပါတယ် 💢

ဥပမာ ခုဏက ဝနေတဲ့ကောင်မလေးကို သူဝိတ်ချပြီးတဲ့အခါမှာ ချက်ချင်းလူတိုင်းက သဘောကျနှစ်သက်ပြီး ဝိုင်းဝိုင်းလည်နေမယ်ဆိုတာမျိုး၊ ဘယ်သူ့ကမှ သူ့ကိုဝေဖန်နေတော့မှာမဟုတ်ဘဲ အားလုံးဝိုင်းချစ်တာကိုခံရမယ်ဆိုတာမျိုးတွေ၊ ဝိတ်ချပြီးရင် စားချင်တာအကုန်စားလို့ရပြီဆိုတာမျိုးတွေ ထည့်မရေးသင့်ပါဘူး 🙅

ရေးသင့်တာကတော့ ကောင်မလေးဟာ သွက်လက်လာမယ်။ ပေါ့ပါးလာမယ်။ အဝတ်အစားဆိုလည်း ရွေးချယ်စရာလေးတွေ ပိုများလာမယ်။ ကျန်းမာရေးနဲညီညွတ်လှပလို့ ဘဝကို Confidence ရှိရှိနဲ့ ပိုပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်လာမယ်ဆိုတာမျိုးတွေကို တကယ်ဖြစ်လာနိုင်တဲ့ Happy And Hope Emotion တွေနဲ့အတူတူ ချပြပေးသွားရမှာပါဗျ 🌟

⚫ နောက်ဆုံး B ကတော့ Bridge ဆိုတဲ့ ပေါင်းကူးတံတားလေးပါပဲ။ Before မှာ ကြုံတွေ့နေရတဲ့ အဆိုးဆုံးအခြေအနေတွေဆီကနေ After မှာ ပြောသွားခဲ့တဲ့ အကောင်းဆုံးအခြေအနေ၊ ခံစားချက်ကိုရလာဖို့ ချိတ်ဆက်ခေါ်ဆောင်ပေးမဲ့ Solution အစစ်အမှန်ကို ချပြရမဲ့အချိန်ဖြစ်ပါတယ်ဗျ။

Solution နေရာရောက်ပြီဆိုရင်တော့ ကိုယ့် Product ရဲ့ စိတ်ချရတဲ့ အချက်အလက်တွေ၊ ဝယ်သူရရှိနိုင်တဲ့ Benefits တွေနဲ့ဆိုင်တာတွေကို Show Out လုပ်ရင်းကြော်ငြာလို့ရပါပြီ 📣

လူတွေရဲ့ Emotion ဟာ Before မှာ ကြောက်ရွံ့စိတ်ပူလာခဲ့ရပြီး After မှာ ပျော်ရွှင်ရင်း အခက်အခဲတွေကိုဖြေရှင်းလာချင်တဲ့ စိတ်အခြေအနေဖြစ်လာပြီမို့ Solution ကို အသည်းအသန်ရှာဖွေနေတော့မှာပါပဲ 🤩

အပေါ်က ဥပမာနဲ့ ဆက်စပ်ပြောပြရရင်တော့ ဝိတ်တက်နေတဲ့ကောင်မလေး ဝိတ်ကျလှပ ကျစ်လစ်သွယ်လျစေဖို့ ကိုယ့်ရဲ့ Gym Training တွေ၊ Workout Package တွေနဲ့ Diet Planning Service တွေကို အခုမှ ​ချပြပေးလိုက်တာမျိုးဖြစ်ပါတယ်ခင်ဗျာ။

BAB Copywriting Formula ဟာ လွယ်ကူရိုးရှင်းသလောက် အရမ်းလည်းအသုံးဝင်တာကြောင့် လက်တွေ့အသုံးပြုကြည့်ပါလို့ တိုက်တွန်းချင်ပါတယ် 🏅

ဒီ Post လေးက မိတ်ဆွေတို့ရဲ့ လုပ်ငန်းတွေအတွက် အထောက်အကူပြုနိုင်ဖို့ မျှော်လင့်ပါတယ်ခင်ဗျာ 🤗

အကျိုးရှိတယ်လို့ခံစားရတယ်ဆိုရင် အခြားသူတွေဆီရောက်သွားဖို့အတွက် Share ပေးဖို့တောင်းဆိုချင်ပါတယ် ↗️

မရှင်းလင်းတာနဲ့ ထပ်ပြီးသိချင်တာတွေရှိရင် Page Messenger မှာလာရောက်မေးမြန်းလို့ရပါတယ်ဗျ 😇

မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ 🙏

#ကြော်ငြာစာရေးနည်း

21/11/2022

Content ကို သူများနဲ့မတူအောင်ရေးနည်း ✍️

လွယ်မလိုနဲ့ခက်ပြီး တိမ်မလိုနဲ့နက်တဲ့ Content ရေးနည်းအနုပညာကို သူများနဲ့မတူကွဲပြားအောင် ဘယ်လိုအကောင်းဆုံးပြင်ဆင်ရေးသားရမလဲဆိုတာ ပြောပြမယ်ဗျ 🤗

ကျွန်တော် Content Writer မဖြစ်ခင်က တွေးထင်ခဲ့တဲ့အတွေးတစ်ခုရှိပါတယ်။ Content ဆိုတာ မြန်မာစာအရေးအသားကောင်းပြီး စာလုံးပေါင်းသတ်ပုံမှန်တာနဲ့ ရေးလို့ရသားပဲလို့ပေါ့ 😂

တကယ်တမ်း Content Writer တစ်ယောက်ဖြစ်လာတဲ့အခါမှာတော့ ဒီအလုပ်ဟာထင်သလောက်လွယ်ကူရိုးစင်းမနေတာပါပဲ 😕

Content ကောင်းကောင်းတစ်ခုကိုဖတ်ရတဲ့အခါ စာဖတ်သူအနေနဲ့ ''ဒီစာက သေချာအားစိုက်ပြီးဖန်တီးရေးသားထားတာပဲ၊ အကျိုးရှိတယ်'' ဆိုတဲ့ Vibe မျိုးကိုပေးနိုင်ဖို့ဆိုရင် Content တိုင်းကို ပြီးစလွယ်မရေးလိုက်သင့်တာကို သတိထားရပါမယ် 💢

Content တစ်ခုအတွက်စပြင်ဆင်တဲ့အခါ ပထမဆုံးအရေးကြီးတဲ့ အဆင့်ကတော့ Content Idea ပါ။ Content Idea တွေရဖို့ ကျွန်တော်တို့စာကိုဖတ်စေချင်တဲ့ Target Audience ကိုသေချာချိန်ပြီး သူတို့ဘာတွေခက်ခဲနေမလဲ၊ ဘာတွေသိချင်နေမလဲဆိုတာကို Research လုပ်ပြီး သေချာစဥ်းစားရွေးချယ်ရပါတယ် 🤔

Content Idea တစ်ခု အသေအချာထွက်လာတဲ့အခါမှာ ကျွန်တော်တို့ပေးချင်တဲ့ Message နဲ့ အချက်အလက်တွေကို စုဆောင်းရှာဖွေရပါမယ်။ ကျွန်တော်တို့နဲ့ရင်းနှီးနေကျ အကြောင်းအရာတွေကိုရေးသားတဲ့အခါမှာလည်း ကိုယ်သိထားဖူးတဲ့ အကြောင်းအရာတွေမှန်မမှန်ဆိုတာကို Facts check လုပ်ပြီးမှသာ မျှဝေရေးသားသင့်ပါတယ်။ မကျွမ်းကျင်သေးတဲ့အကြောင်းအရာဆိုရင်တော့ ပိုပြီးသေချာတိကျမဲ့ References တွေ၊ Informations တွေကိုရှာဖွေစုဆောင်းပြင်ဆင်ရတာပေါ့ဗျာ 🕵️

ဒီ( ၂) ဆင့်မှာ ကျွန်တော်တို့က အချိန်ကိုအကြာကြီးယူရလေ့ရှိပါတယ်။ Content Idea လည်းရပြီး အချက်အလက်တွေလည်းအကုန် လေ့လာစုဆောင်းပြီးပြီဆိုရင်တော့ Content ရေးတဲ့အဆင့်က အပေါ်ကအဆင့်တွေလောက် မကြာတော့ပါဘူး ⏳

အဲ့တော့ Content ကို ဘယ်လိုအကောင်းဆုံးထူးခြားကွဲထွက်အောင်ရေးရမလဲ❓

ဒီအဖြေကို ကျွန်တော့်အနေနဲ့ ဖြေချင်တာကတော့ Content ရေးတဲ့အခါ ကိုယ်ကိုယ်တိုင် ဘေးကထိုင်ပြီးပြောပြနေတဲ့ပုံစံမျိုး တစ်ဖက်လူမြင်ယောင်ကြားယောင်လာအောင်ရေးပါလို့ပဲ အကြံပေးချင်ပါတယ် 🤗

အခြားသူတွေရဲ့ Content တွေနဲ့ ကျွန်တော်တို့စဥ်းစားထားတဲ့ Content Idea က အကြောင်းအရာအချက်အလက်တွေ ဆင်တူသယောင်ရှိနေခဲ့ရင်တောင် ကိုယ့် Mood၊ ကိုယ့် Style၊ ကိုယ့် Tone၊ ကိုယ့်အမြင်တွေကို အပြည့်အဝရေးသားပုံဖော်ထားတဲ့ Content ကတော့ ကွဲထွက်ဆန်းပြားနေဦးမှာ အသေအချာပါပဲ ✅

Content ရေးတဲ့အခါ ကိုယ်သာဆို ဒီအကြောင်းအရာကို အပြင်မှာလူတွေကို ကိုယ့် Style နဲ့ကိုယ် ဘယ်လိုနားလည်လက်ခံအောင်ရှင်းပြမလဲဆိုတဲ့ Mood နဲ့ ဖန်တီးရေးသားကြဖို့ အကြံပေးချင်ပါတယ် 💁

မျိုးရိုးဗီဇတွေ လုံးဝထပ်တူကျတဲ့ Identical Twins တွေမှာတောင် Personality မတူကြတဲ့အတွက် ကျွန်တော်တို့ရဲ့ကိုယ်ပိုင် Personality ပြောဟန်ဆိုဟန်၊ ရှင်းပြဟန်တွေကတော့ လူတစ်ယောက်နဲ့တစ်ယောက်လုံးဝတူနိုင်စရာမရှိဘဲ ဒီကမ္ဘာကြီးပေါ်မှာတစ်ယောက်တည်းသာရှိနေမှာဖြစ်ပါတယ် ☝️
(Parallel Universe ကကိုယ်ကပါ Content Writer လုပ်နေမှပဲ ဖန်တီးထားတဲ့ Content ‌တွေကတူနေမှာပါ။)

အမှန်အတိုင်းပြောရရင်တော့ Content ကိုသူများနဲ့မတူအောင်ရေးဖို့ဆိုတာ အရမ်းကိုလွယ်ပါတယ်။ လုပ်ငန်းတစ်ခုလို Tone တွေကိုသုံးမနေတော့ဘဲ ကိုယ့်ရဲ့ Personality ကို ကိုယ့် Business Page မှာထည့်သုံးလိုက်ရင် ဘယ်သူနဲ့မှ မတူတော့ဘဲ လုံးဝကွဲထွက်နေမှာပါ 🌟

တမူထူးခြားပြီးအကျိုးရှိတဲ့ Content လက်ရာကောင်းတွေကို ဖန်တီးနိုင်ဖို့ ဆန္ဒပြုရင်း 🙏

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


No. 30, 122 Street, Mingalar Taung Nyunt Tsp.
Yangon