Digit 7
04/01/2021
၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်သော (၇၃) နှစ်မြောက် ‘လွတ်လပ်ရေးနေ့’ ကို ကြိုဆိုဂုဏ်ပြုလိုက်ပါတယ်…
09/12/2020
❝ပုံရိပ်တစ်ခုတန်ဖိုး❞
Sirius Satellite Radio ဟာ တစ်နိုင်ငံလုံး ဖြန့်ကျက်နိုင်တဲ့ ရေဒီယိုဝန်ဆောင်မှု တစ်ခုတည်ဆောက်ဖို့ ဒေါ်လာသန်းပေါင်းများစွာ သုံးစွဲလိုက်ပါတယ်။
နည်းပညာအပိုင်းနဲ့ ရေဒီယိုချန်နယ်တွေက အလုပ်လုပ်ပေမယ့် ဒီရေဒီယိုချန်နယ်တွေကို လူတွေအသုံးပြုဖို့ မားကတ်တင်းပိုင်းပဲ လိုပါတော့တယ်။
Sirius က network အတွက် အဆောက်အဦးတည်ဆောက်ဖို့ ငွေပိုသုံးစွဲထားတဲ့ အတွက် အရင်ကထက် သုံးစွဲသူများများရဖို့ လိုပါတယ်။
သာမန်ရိုးရိုး အရောင်းအဝယ်သမားဆိုရင် ဒီရေဒီယိုကို ကြော်ငြာဖို့ ကား (သို့) အသံပိုင်းဆိုင်ရာ မဂ္ဂဇင်းတွေမှာ ပစ်မှတ်ထားပြီး အောက်ပါ အချက်တွေနဲ့ ကြော်ငြာမှာ အသေအချာပါပဲ
●နိုင်ငံအတွင်း ဘယ်နေရာမဆို လိုင်းမိပါတယ်
●ချန်နယ်ပေါင်း ရာချီပါဝင်ပါတယ်
●ဂီတအမျိုးအစားပေါင်းများစွာအတွက် ရေဒီယိုဌာနများစွာ ထည့်သွင်းပေးထားပါတယ်
●တစ်လကို ၁၀ ဒေါ်လာသာ ကျသင့်မှာ ဖြစ်ပါတယ်
●ရေဒီယိုမှာ သီချင်းနာမည် ဖော်ပြပေးပါတယ်
ဒီလိုသာကြေညာလိုက်မယ်ဆို ဘယ်သူမှ ကြော်ငြာကို အဖတ်လုပ်မှာ မဟုတ်ပါဘူး။
အဲ့ဒါကြောင့် Sirius ဟာ ဇာတ်လမ်းကောင်းတစ်ပုဒ်ပြောပြဖို့ လိုအပ်နေပါပြီ။
ဒီဇာတ်လမ်းကလည်း အရည်အသွေးပြည့်မီပြီး ရေဒီယိုနဲ့ပက်သက်တဲ့ အချက်အလက်အပြည့်အစုံ ပါဝင်မှ ရမှာပါ။
Sirius ဟာ ပထမဆုံး စျေးနှုန်းလျော့ချဖို့ကို စဥ်းစားလိုက်ပေမယ့် အဓိကပြသနာက စျေးနှုန်းမဟုတ်ဘဲ Sirius ဟာ လူတွေရဲ့ လိုအပ်ချက်နဲ့ လူတွေစိတ်ဝင်စားအောင် ဇာတ်လမ်းကောင်းတစ်ပုဒ်ကို မပြောပြနိုင်တာ ဖြစ်ပါတယ်။
Sirius ဟာ broadcast အမျိုးအစားပေါင်းများစွာကို ကြော်ငြာမပါဘဲ နေ့စဥ်နေ့တိုင်း ထုတ်လွှင့်နိုင်ပါတယ်။
ဒီဟာက ပြသနာဖြေရှင်းဖို့ အကောင်းဆုံးဇာတ်လမ်းတစ်ပုဒ်ဖြစ်ပေမယ့် Sirius ဟာ တခြားနည်းလမ်းကို ရွေးချယ်ခဲ့ပါတယ်။
Howard Stern ဆိုတဲ့ အမေရိကန်ရေဒီယိုနဲ့ ရုပ်မြင်သံကြား နာမည်ကျော်ကို ခေါ်ယူလိုက်ပါတယ်။
လူတိုင်းက Howard Stern ကို မကြိုက်ကြပေမယ့် သဘောကျတဲ့လူတွေကတော့ Howard ကို လိုချင်ကြပါတယ်။
Sirius ရဲ့ radio company ဟာ Howard ကို ရယူပြီးတာနဲ့ ရေဒီယိုလောကကို ထိုးဖောက်သွားပါတယ်။
Howard မရှိတဲ့ ရေဒီယိုဟာ တခြားရေဒီယိုတွေထက် နိမ့်ကျပါတယ်။
သန်းနဲ့ချီတဲ့ Howard Stern ပရိသတ်တွေဟာ Sirius ရဲ့ ရေဒီယိုကို sign up လုပ်လိုက်တာနဲ့ Howard Stern နဲ့ ပက်သက်တဲ့ အစီအစဥ်တွေကို နားထောင်ရမှာ ဖြစ်တဲ့ အပြင် အဲ့ဒီ့အစီအစဥ်တွေအကြောင်းကိုလည်း တစ်ဆင့် ပြန်ပြောကြဦးမှာ ဖြစ်ပါတယ်။
တစ်ခါတစ်လေ ကိုယ့်ရဲ့လုပ်ငန်း၊ ကုန်ပစ္စည်း နဲ့ အစီအစဥ်တွေ အောင်မြင်ဖို့အတွက် တခြားအနုပညာရှင်၊ ကျွမ်းကျင်ပညာရှင်တွေနဲ့ ပူးတွဲလုပ်ကိုင်ရသလို လိုအပ်ပါက ၎င်းတို့ရဲ့ပုံရိပ်ကို အားထားမှီခိုရပါတယ်။
Click here to claim your Sponsored Listing.
Contact the business
Telephone
Website
Address
No. 605 , 6th Floor , 20-22 , Shine Office Tower , Alan Pya Pagoda Road , Mingalar Taung Nyunt Tsp
Naypyidaw
11221
Opening Hours
| Monday | 09:00 - 18:00 |
| Tuesday | 09:00 - 18:00 |
| Wednesday | 09:00 - 18:00 |
| Thursday | 09:00 - 18:00 |
| Friday | 09:00 - 17:00 |