Excel for HR

Excel for HR

Share

31/10/2022

Contract Staff - စာချုပ်ဝန်ထမ်း၏ အကျိုးခံစားခွင့် 👨👩

ယခုနောင်းပိုင်းမှာ ကုမ္ပဏီအများစုက စီးပွားရေးအဆင်မပြေတဲ့အတွက် ဝန်ထမ်းအင်းအားလျော့ချတာတွေကို ပြုလုပ်လာကြပြီး လုပ်ငန်းလိုအပ်ချက်ရှိလာသည့်အခါမှာ အရင်လို Permanent ဝန်ထမ်းခန့်အပ်ခြင်းမရှိတော့ဘဲ Contract Staff ဆိုပြီး အချိန်တိုကာလအတွက် ခန့်အပ်တာမျိုးတွေရှိလာပါတယ်။

Contract ဖြင့်ခန့်ထားခြင်းသည် လုပ်ငန်းရဲ့ ခဏတာလိုအပ်ချက်ကို အလျှင်အမြန်နဲ့ အကုန်အကျသက်သာစွာ ဖြည့်စည်းပေးနိုင်ခြင်း၊ အလုပ်လိုအပ်နေတဲ့ ကျောင်းနားနေသော လူငယ်များကို လုပ်ငန်းအတွေ့အကြုံ ပေးနိုင်တဲ့အတွက် နှစ်ဦးနှစ်ဖက် အကျိုးအမြတ်ရရှိပါတယ်။

သို့သော် အလုပ်ရှင်စျေးကွက်အားကောင်းလာမှုကိုအခြေခံပြီး အလုပ်ရှင်အချို့နှင့် မန်နေဂျာများက အမြဲတမ်းမခန့်တော့ပဲ စာချုပ်အားဖြင့်သာခန့်ပြီး အလုပ်သမားဥပဒေပါ အကျိုးခံစားခွင့်အား ခေါင်းပုံဖြတ်လာတာမျိုးကိုတွေ့ရလို့ စာချုပ်အလုပ်သမားများက မိမိတို့၏အကျိုးခံစားခွင့်များကို သိရှိစေရန်လိုအပ်ပါသည်။

စာချုပ်သက်တန်းသည် (၆လအထက်ဖြစ်ပါက)

စာချုပ်ဝန်ထမ်းသည် ခွင့်ခံစားခွင့် (ရှောင်တခင်ခွင့်၊ မီးဖွားခွင့်၊ ဆေးလက်မှတ်ခွင့်)၊ လူမှုဖူလုံ‌ရေးမှပေးသော ( မီးဖွားစောက်ရှောက်မှုခွင့်၊ လုပ်ငန်းခွင်ထိခိုက်မှုအကျိုးခံစားခွင့်အစရှိသည်) အပြင် အလုပ်မှ ရပ်နားခြင်းခံရပါက လည်း စာချုပ် ၆ လအထက်ဖြစ်သည့်အတွက် Notice ကြေးအပြင်၊ လုပ်သက်နစ်နစ်ကြေးပါရရှိမည်ဖြစ်သည်။

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon
11421