9 Star Auto Service and Aircon Service
03/01/2026
အဆုံးထိ ဖတ်ရှုပေးပါဗျ အကျိူးရှိရပါစေမယ်။🥰 Mark X နဲ့ Hijet အဲကွန်းပြသနာ။
X ကားလေးရဲ့ ပြသနာက aircon ကိုဖွင့်လိုက်ပြီး ခဏနေတာနဲ့ Ac မီးခုန်တာပဲ စစ်ကြည့်လိုက်တော့ အဖြေက compressor ဂျမ်းဖြစ်ေနတာ သွားတွေ့တယ်။ ဖြုတ်ကြည့်လိုက်တော့ ဂျေးများစွာနဲ့ပဲ ၊ အပူကွိုင်မှာလည်း ဂျယ်လီထုတ် မထည့်ထားေတာ့ မဲနေတာပဲ၊ အဲ့ဒီတော့
အဲယားကွန်းတလိုင်းလုံး သန့်ရှင်းရေးပြန်လုပ်မှပဲ ရတော့မှာဖြစ်လို့ ပိုက်လိုင်းေဆး၊
အအေးကွိုင်ဆေး၊ အပူကွိုင်လဲ၊ ကွန်ပရာဆာလဲ အားလုံးပြီး ဘာပြောစရာလိုမလဲ အေးစိမ့်နေတာပေါ့။🥶🧊❄️
ကျေးဇူးပြုပြီး အသိေပးစာလေး ဆက်ဖတ်ပေးပါဗျာ.......🥰
ကားအသုံးပြုတဲ့သူ အများစုကေတာ့ တခြား အပိုင်းတွေမှာ maintenance လုပ်ကြပြီး ကားအဲကွန်းနဲ့ပတ်သက်ပြီးေတာ့ maintenance လုပ်ကြတာ အရမ်းနည်းတာတွေ့ရတယ် ၊ မသိတာလည်းဖြစ်
ေကာင်း ဖြစ်နိုင်ပါတယ်၊ အမှန်ဆို ၆လတခါလောက်တော့ service လုပ်ပေးသင့်ပါတယ်ဗျ အိမ်သုံးအဲကွန်းလုပ်သလိုေပါ့😊၊
ကားမှာလဲ ပိုက်လိုင်းဆေး၊ကွိုင်တွေဖြုတ်ဆေး၊ဂျယ်ထုတ်လဲ အဲကွန်းလေစစ်လဲ၊compressor oil ထည့် ၊ အဲ့ဒီ oil ဆိုလည်း compressor လဲတော့မှပဲ ထည့်ဖြစ်ကြတာများတယ်။
အဲ့လို service မျိုးလုပ်ကြတာမျိုးကလည်း နည်းတဲ့အတွက် ဖြစ်လာရင် ကုန်ကျစရိတ်က မနည်းဘူး ကွန်ပရာဆာ တန်ဖိုးတစ်လုံးနည်းတာမှ မဟုတ်တာနော်၊
အဲကွန်းမျိုးဆိုတာကလည်း ဂျေးရှိပြီဟေ့ဆို ကွန်ပရာဆာ ၊ အပူကွိုင် လစ်တာပဲ ၊
ပြီးရင်လည်း တစ်လိုင်းလုံး သန့်ရှင်းေရးလုပ်ပြီးမှပဲ ကြာရှည်အသုံးခံတဲ့မျိုး။
အဲ့အတွက်ကြောင့် .....
အခုကားကိုကြည့်ချင်းအားဖြင့် ဒီပို့စ်ကို စိတ်ထဲပေါ်လာလို့ ရေးလိုက်တာပါဗျာ။အဆုံးထိ ဖတ်ရှုပေးလို့ အားလုံးကို ကျေးဇူးတင်ပါတယ်ဗျ။🥰
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
No. 19, Near (109)St, Myanmar Gone Yi Road, Mingalar Taung Nyunt Township
Yangon
122131