Union Square Management Center
21/01/2022
Business Management Course
လုပ်ငန်း စီမံခန့်ခွဲခြင်း
သင်တန်း
(BM Batch - 8)
စီးပွားရေး နှင့် စီမံခန့်ခွဲရေး ဆိုင်ရာ ပညာရပ်တွေ ကို လေ့လာချင်သူတွေ အတွက် Week Days Online Class လေး စီစဉ်ထားပါတယ်။ တနင်္လာမှ သောကြာ နေ့အထိ ဖြစ်ပါတယ်။
တပတ် ၅ရက် တစ်ရက် ၁နာရီ ဆွေးနွေးမျှဝေပေးသွားပါမယ်။ ညစဉ် ၈နာရီ ကနေ ၉နာရီ အထိပါ။ သင်တန်းကာလ တစ်လ ခန့် ကြာပါမယ်။ ဖေဖဝါရီလ ၁ ရက်နေ့ အတန်းစပါမယ်။ Zoom အသုံးပြုပြီး သင်ကြားပေးမှာပါ။
တက်ရောက်လိုသူများ အနေဖြင့် အောက်ပါ
https://bit.ly/31IUCLo
Link သို့ ဝင်ရောက် ပုံစံဖြည့် ပေးပြီး သင်တန်း အပ်နှံရမှာ ဖြစ်ပါတယ်။
ထို့နောက် လျှောက်လွှာတွင် ဖြည့်စွက်ထားသော မိမိ အမည် နှင့် Batch Number တို့ကို Page Chat Box သို့ ပေးပို့ ဆက်သွယ် အတည်ပြုပေးပါ။ သင်တန်း မှ ငွေလွှဲပေးနိုင်မည့် ဘဏ်စာရင်း အချက်အလက် များကို ပြန်လည် ပေးပို့မှာ ဖြစ်ပါတယ်။
သင်တန်းကြေး ကတော့ တစ်ဦးကို ၃၀၀၀၀ကျပ် သတ်မှတ်ထားပြီး Kpay / CBpay သို့မဟုတ် AYA/ KBZ/ CB mobile banking များလည်း လက်ခံပေးပါတယ်။
✍️✍️✍️
ဘယ်သူတွေ တက်သင့်လဲ❓
💠ကိုယ်ပိုင်စီးပွားရေး လုပ်ငန်း စတင်ဖို့ ပြင်ဆင်နေသူတွေ
💠အငယ်စား၊ အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းရှင်တွေ
💠စီးပွားရေးပညာရပ်တွေကို စတင်လေ့လာနေသူတွေ
ဘာတွေသင်မှာလဲ ❓
💠စီးပွားရေးပညာ စီမံခန့်ခွဲရေး ပညာတွေရဲ့ မိခင်ဘာသာရပ် ဖြစ်တဲ့ ဘောဂဗေဒ ဆိုင်ရာ သဘောတရားတွေ
💠စီးပွားရေး လုပ်ငန်းတခုကို ဘယ်လိုလည်ပတ် လုပ်ဆောင်နိုင်သလဲ ဆိုတာကို နားလည် သိရှိစေရန် လိုအပ်တဲ့ အကြောင်းအရာ ဗဟုသုတတွေ
💠မိမိလုပ်ငန်းတွေ ကို ဘယ်လို အကောင်းဆုံး စီမံခန့်ခွဲ ရမလဲ ဆိုတာကို စဉ်းစားပြင်ဆင်နိုင်ဖို့ စီမံခန့်ခွဲမှု ပညာရပ်တွေ
💠လုပ်ငန်းစတင်လည်ပတ်ခါနီး နှင့် လုပ်ငန်းလည်ပတ်နေချိန် မှ လုပ်ငန်းရဲ့ အလားအလာ ဖြစ်နိုင်ခြေ နဲ့ လက်တလော အခြေအနေအရပ်ရပ်ကို သိရှိစေဖို့ လေ့လာအကဲဖြတ်ရန် လိုအပ်သော Analysis Tools တွေ
ဘယ်လို သင်မှာလဲ ❓
💠Online ကနေ live သင်မှာပါ။
💠နားမလည်တာတွေကို ချက်ချင်း ပြန်မေး ပြန်ရှင်းလုပ်ပေးမှာပါ။
💠သီအိုရီတွေကို နားလည်လွယ်အောင် ဥပမာပေး ရှင်းပြပေး မှာပါ။
ဘယ်သူသင်မှာလဲ ❓
💠ဝန်ထမ်း အတွေ့အကြုံရော ကိုယ်ပိုင်လုပ်ငန်း အတွေ့အကြုံပါ ရှိသူ
💠သင်ကြားရေး အတွေ့အကြုံရှိပြီး သီအိုရီ နဲ့ လက်တွေ့ ပေါင်းစပ် သင်ပြ ပေးနိုင်သူ
💠လုံလောက်သော နောက်ခံ ပညာအရည်အချင်း ရှိသူ
သင်ကြားမှု နဲ့ ပတ်သပ်ပြီး မှတ်ချက်လေးတွေ ကြည့်ချင်ရင်
⬇️⬇️⬇️
https://www.facebook.com/USMCyangon/reviews/?ref=page_internal
ဆွေးနွေး မေးမြန်းချိန်မှာ ပိုမို ထိရောက် အဆင်ပြေစေဖို့ အတွက်
အတန်းတစ်ခုကို အများဆုံး ၂၅ ဦးသာ လက်ခံ သင်ကြားပေးမှာ ဖြစ်ပါတယ်။ ပထမဆုံး အပ်နှံသူ ၅ဦးကို Early Bird Discount ၁၀၀၀၀ ကျပ် သက်သာခွင့် ပေးအပ်မှာ ဖြစ်ပါတယ်။ ငွေသွင်း လက်ခံ Page Chat Box သို့ ပေးပို့ အတည်ပြုပြီးပါက Batch 8 အတန်း ရဲ့ Facebook group ထဲကို ထဲ့သွင်းပေးမှာ ဖြစ်ပါတယ်။
သင်တန်းကာလ ပြီးဆုံးပါက အတန်းချိန် 80% နှင့် အထက် ရှိသူများကို သင်တန်းအောင်လက်မှတ် e-certificate ထုတ်ပေးမှာ ဖြစ်ပါတယ်။
ကပ် ၃ပါး ကာလကို အကျိုးရှိရှိ ဖြတ်ကျော်နိုင်ကြပါစေ။
ဆက်သွယ်ရန်
ဖုန်း ၀၉၄၅၀၀၀၂၂၉၈
Square Management Center
03/01/2022
Business Management
Batch 7
ယနေ့ စပါပြီ။
30/11/2021
SME (All in One) Program
Week Two - Day 4
Successfully Done!!!👍👍👍
Thanks you all speakers and participants 😍😍😍
19/11/2021
ရုံးပိတ်ရက် ပညာဒါန🙏🙏🙏
CSR By USMC👍👍👍
Week One Agenda
❄️စီးပွားရေး ဆိုတာ ကြီးပွားရေး နည်းလမ်းတစ်ခုပါ။ ကြီးပွားချင်သူတိုင်း စီးပွားရေး လုပ်ကြပါတယ်။ စီးပွားရေး ကို စနစ်တကျ နားလည် တက် မြောက်ဖို့ကတော့ စီးပွားရေး ပညာတွေ သိဖို့ တက်ဖို့ လိုပါတယ်။ စီးပွားရေး ပညာတွေ မသိ မတက်လည်း စီးပွားရေး လုပ်နိုင်ကြတယ် ဆိုပေမယ့် ပြဿနာတွေ ရှိပါတယ်။ အရှုံးတွေ နဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ အခက်အခဲ တွေ ကြုံရနိုင်ပါတယ်။
❄️ဒီကာလ မျိုးမှာက ပိုလိုအပ်ပါတယ်။ မလုပ်တက်ရင် မကျွမ်းကျင်ရင် အရင်းပါပြုတ်ပြီး လုပ်ငန်းပါ ရပ်သွားနိုင်ပါတယ်။
❄️ဒါကြောင့် လက်ရှိ စီးပွားရေး လုပ်နေကြသူတွေရော နောင်အနာဂါတ်မှာ စီးပွားရေး လုပ်ဖို့ ကြံစည် နေကြသူတွေ ပါ စီးပွားရေး ပညာရပ်တွေကို တက်သိနားလည်ဖို့ လိုပါတယ်။
❄️ဒီပညာရပ်တွေထဲက SME (All in One) Program ရဲ့ အစိတ်အပိုင်း တစ်ခု အနေနဲ့ စနေနေ့ ညမှာ "ဘောဂဗေဒ မှ အစပြု၍" ဆိုတဲ့ ခေါင်းစဉ်၊ တနင်္ဂနွေ နေ့ ညမှာ "စီးပွားဘာကြောင့် ရှာရတယ်" ခေါင်းစဉ် စတဲ့ ခေါင်းစဉ်နှစ်ခု ကို 🕗 ည ၈နာရီမှာ မိတ်ဆက် ရှင်းပြဆွေးနွေး ပြောဆိုပေးမှာ ဖြစ်ပါတယ်။
❄️ SME Program ရဲ့ Week One ကို တက်ရောက်လိုသူများ အနေဖြင့် ယခု post အောက်တွင် USMC SME W1 ဟု comment မှာ ရေးပေးရမှာ ဖြစ်ပါတယ်။ ထို့နောက် အမည်၊ ရာထူးတာဝန်၊ လုပ်ငန်းအမည်၊ ဖုန်းနံပါတ်၊ email နှင့် နေထိုင်ရာ မြို့နယ် တို့ကိုတော့ Union Square Management Center
📢📢📢
https://www.facebook.com/USMCyangon/
ရဲ့ Page Messenger (CB) သို့ ရေးသား ပေးပို့ပြီး သင်တန်း အတွက် စာရင်းပေးရမှာ ဖြစ်ပါတယ်။ လူဦးရေ ကန့်သတ်ထား လို့ အမြန်ဆုံး လေး စာရင်းပေးကြပါနော်။✍️✍️✍️📲📲📲
ဒီလိုလေး စီစဉ်ပေးရတာက အတန်းအားလုံး တက်ဖို့ အချိန် မပေးနိုင်ကြ သူတွေ အတွက် မိမိတို့ စိတ်ဝင်စားရာ ခေါင်စဉ် နယ်ပယ် နဲ့ အချိန်တွေကို တက်ရောက် နိုင်ဖို့ ဖြစ်ပါတယ်။
SME (all in one) Program ကို တက်ရောက်ဖို့ စာရင်း ပေးထားသူများ အထက်ပါ အဆင့်များကို လုပ်ဆောင်ရန် မလိုတော့ပါဘူး ခင်ဗျာ။❎❎❎
စိတ်ပါဝင်စားသူတွေ တက်နိုင်အောင် ထပ်ဆင့် မျှဝေ ပေးကြပါ ခင်ဗျာ။
လုပ်ငန်းစီးပွားများ အောင်မြင်တိုးတက်ကြပါစေ။📈📈📈
မှတ်ချက်
လူဦးရေ အကန့်အသတ် ရှိပါတယ် ခင်ဗျာ။
Click here to claim your Sponsored Listing.
Category
Website
Address
Shwe Thitsar Street, Yankin
Yangon