Youth Development Centre - YDC
20/06/2026
ကမ္ဘာ့ဒုက္ခသည်များနေ့ (World Refugee Day) ဘယ်လိုပေါ်ပေါက်လာသလဲ? 🌍🧡
ဒီနေ့ ဇွန်လ ၂၀ ရက်နေ့ဟာ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ဒုက္ခသည်ပေါင်းများစွာရဲ့ ကြံ့ကြံ့ခံနိုင်မှု၊ သတ္တိနဲ့ ရှင်သန်နိုင်စွမ်းတွေကို ဂုဏ်ပြုအသိအမှတ်ပြုတဲ့ "ကမ္ဘာ့ဒုက္ခသည်များနေ့" ဖြစ်ပါတယ်။
📌 သမိုင်းအကျဉ်းနှင့် ပေါ်ပေါက်လာပုံ
ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံ (UN General Assembly) ကနေ ၂၀၀၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့မှာ ဆုံးဖြတ်ချက်အတည်ပြုပြီး ၂၀၀၁ ခုနှစ် ဇွန်လ ၂၀ ရက်နေ့ကစလို့ "ကမ္ဘာ့ဒုက္ခသည်များနေ့" ကို နှစ်စဉ်ကျင်းပဖို့ သတ်မှတ်ခဲ့ပါတယ်။
၂၀၀၁ ခုနှစ်ဟာ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (၁၉၅၁ ခုနှစ်) ရဲ့ ၅၀ ပြည့်မြောက်တဲ့ နှစ်ပတ်လည်လည်း ဖြစ်ခဲ့ပါတယ်။ အစောပိုင်းမှာတော့ အာဖရိကဒုက္ခသည်များနေ့အဖြစ်သာ ကျင်းပခဲ့ကြပေမယ့် နောက်ပိုင်းမှာတော့ ဒုက္ခသည်ပြဿနာဟာ ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ်ဖြစ်လာတာမို့ ကုလသမဂ္ဂကနေ "ကမ္ဘာ့ဒုက္ခသည်များနေ့" အဖြစ် တရားဝင် ပြောင်းလဲသတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။
📌 ဘာကြောင့် ကျင်းပရတာလဲ?
စစ်ပွဲများ၊ ပဋိပက္ခများ၊ ဖိနှိပ်ချုပ်ချယ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် မိမိတို့ရဲ့ နေရပ်ဒေသ၊ အိုးအိမ်တွေကို စွန့်ခွာပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကမ္ဘာတစ်ဝှမ်းက သန်းပေါင်းများစွာသော ဒုက္ခသည်တွေရဲ့ ဘဝအခြေအနေတွေကို ကမ္ဘာက ပိုမိုသတိပြုမိလာစေဖို့ ဖြစ်ပါတယ်။
"Migrants and Refugees are Not Pawns on the Chessboard of Humanity."
(ရွှေ့ပြောင်းသွားလာသူများနှင့် ဒုက္ခသည်များသည် လူသားမျိုးနွယ်စု၏ စတုရန်းကွက်ပေါ်မှ အရုပ်များ မဟုတ်ကြ
ပါ။) ♟️❌
သူတို့ဟာ ကစားကွက်ထဲက အရုပ်တွေမဟုတ်သလို၊ နိုင်ငံရေးအမြတ်ထုတ်စရာတွေလည်း မဟုတ်ပါဘူး။ ကျွန်တော်တို့လိုပဲ ရုန်းကန်ရှင်သန်နေရတဲ့ လူသားချင်းစာနာထောက်ထားမှု အပြည့်အဝရထိုက်တဲ့ လူသားတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ သူတို့ရဲ့ ခံနိုင်ရည်ရှိမှုတွေကို ဂုဏ်ပြုရင်း၊ လူသားချင်းစာနာစိတ် အပြည့်နဲ့ ဒုက္ခသည်တွေရဲ့ အသံကို ပိုမိုနားစွင့်ပေးဖို့ လူငယ်ထုတစ်ရပ်လုံးကို Youth Development Center (YDC) မှ တိုက်တွန်းနှိုးဆော်အပ်ပါတယ်။ 🤝✨
19/06/2026
Hello… Hello…..
🌿 အပင်စိမ်းစိမ်းတွေကြားမှာ အေးချမ်းတဲ့
library လေးက သင့်ကို စောင့်နေပါတယ်။
📚 စာအုပ်ကောင်းတွေကို စိတ်ကျေနပ်စရာ
ကောင်းတဲ့နေရာမှာ အဆင်ပြေစွာ ဖတ်နိုင်ပါတယ်။
🌱 နွေးထွေးတဲ့ YDC မိသားစုရဲ့ Service နဲ့သင့်စာ
ဖတ်ချိန်တွေကို ပိုပြီးပြည့်စုံစေမှာပါ။
🍃 စိမ်းလန်းတဲ့ပတ်ဝန်းကျင်ထဲမှာ စာဖတ်ရတဲ့
အတွေ့အကြုံကို လာခံစားကြည့်ပါ။
✨ မနက်ပဲ library လေးကို လာပြီး စာတစ်အုပ်နဲ့
အေးချမ်းတဲ့အချိန်လေးကို ခံစားလိုက်ပါ။
⏰ မနက် ၁၀ နာရီ ကနေ ညနေ ၄ အထိ ဖွင့်လှစ်
ထားပါတယ်။
🗓️ တနင်္လာနေ့တိုင်း Library လေးကို ပိတ်ထားမှာ
ဖြစ်ပါတယ်။
📚 မြန်မာငွေတစ်သောင်းကျပ် ပေးသွင်းထားရုံနဲ့
တစ်နှစ်ပတ်လုံး စာအုပ်တွေတစ်ဝကြီး ဖတ်နိုင်မှာ
ပါ။
🏡 Room No.208, Lift No.4, Yuzana Business
Tower, Damazaddi Street, Bahan
Township, Front of Happy Zone
📲 09793928214, 09422620389
Click here to claim your Sponsored Listing.
Category
Contact the organization
Telephone
Website
Address
Yangon