Bah Lo Lo
06/08/2025
✈"လေဆိပ် VIP-Pass ခဏခဏမေးနေသူများအတွက်"🎁
----------------------------------------------
🙏 အားလုံးပဲမင်္ဂလာပါ.... BahLoLo မှကြိုဆိုပါတယ် 🙏
✈ ယခုနောက်ပိုင်း တင်းကြပ်လာတဲ့မူဝါဒနဲ့အတူ စီစစ်လာတဲ့ပြည်ပထွက်ခွာမှုများကြောင့် လေဆိပ်ကနေပြန်လှည့်ရတာမျိုးတွေဟာ ကြားနေရတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ လူအတော်များများထွက်ခွာခွင့်ရနေကြပေမယ့် တချို့အတွက်တော့ အတော့်ကိုစိတ်ပင်ပန်းကြရတာဖြစ်ပါတယ်။ ဒီလိုအခက်အခဲမျိုးကို ဖြေရှင်းနိုင်ဖို့ ကျွန်တော်တို့ စီစဉ်ချိတ်ဆက်ပေးဖို့ ကြိုးစားနေတာကြာပြီ ဖြစ်ပါတယ်။
✈ လေဆိပ် VIP Pass ကို ဘယ်သူတွေရယူဖို့ သင့်လျော်ပါသလဲ?
🎁 နိုင်ငံရပ်ခြား တခါမှမထွက်ဖူးသူများ
🎁 အသက် ၁၈-၂၈နှစ် ကြား လူငယ်၊လူရွယ်များ
🎁 အလုပ်ဖြင့်ပြည်ပထွက်ခွာမယ့်သူများ
🎁 ဘာသာစကားအခက်အခဲရှိသူများနှင့်
🎁 အကြောင်းတစုံတရာကြောင့် ပြန်ပို့ခံထားရသူများ အနေဖြင့်ရယူသင့်ပါတယ်။
✈ ဒါ့ကြောင့်မို့ အကယ်၍အမျိုးတို့ လေဆိပ် VIP Pass (မြန်မာ, ထိုင်း) ဘယ်ဖက်ခြမ်းဖြစ်ဖြစ် လိုအပ်ခဲ့လိုရှိရင် ဝန်ဆောင်မှုတွေအတွက် BahLoLo မှာအမြန်ဆုံးဆောင်ရွက်ပေးနေတာမို့ အချိန်မရွေးစာပို့ပြီး မေးမြန်းစုံစမ်းကာ ဝန်ဆောင်မှုရယူနိုင်ပါတယ်။ အရင်ဆုံးVIP Pass မရယူမှီ ကျွန်တော်တို့နဲ့ အရင်ဆုံးတိုင်ပင်ဆွေးနွေး၊ အကြံဉာဏ်ရယူကာ ယူသင့်မယူသင့်စဉ်းစားဆုံးဖြတ်နိုင်ပါတယ်။
✈ ကျွန်တော်တို့ "BahLoLo" ကနေ ဗဟုသုတရဖွယ်အကြောင်းအရာတွေ၊ သတင်းအချက်အလက်တွေနဲ့ ဝန်ဆောင်မှုတွေကို မျှဝေဆောင်ရွက်ပေးနေတာမို့ Page ကို Like & Follow လုပ်ထားကြဖို့လည်း တိုက်တွန်းအပ်ပါတယ်။
🙏အမျိုးတွေအားလုံး လုပ်ငန်းများအားလုံးအဆင်ပြေကြပါစေကြောင်း ဆုမွှန်ကောင်းတောင်းလျက်။🙏
"ဘာပဲလိုလို ... Bah Lo Lo"
နွေးထွေးစွာဖြင့်
Team BahLoLo
#ဘာပဲလိုလို_ဘာလိုလိုရှိတယ်
28/06/2025
IG အကောင့်အား "Report" ပေးရန်မေတ္တာရပ်ခံခြင်း ............................................................................................
Bahlolo အမျိုးများ မင်္ဂလာပါ...
ကျွန်တော်တို့ရဲ့ Instagram အကောင့်ဟာ လွန်ခဲ့တဲ့ တစ်ရက်က အကောင့်ဟက်ခံရပြီး ပါသွားခဲ့ပြီဖြစ်ပါတယ်။ ကျွန်တော်တို့ နှစ်ရှည်လများ တည်ဆောက်ခဲ့တဲ့ အကောင့်လေးဖြစ်၍ ဝမ်းနည်းရပြီး ကြိုးစားပြန်ဆယ်ယူသော်လည်း နောက်ကျသွား၍ တဖက်မှအကုန်ချိန်းပြီး ယူသွားခဲ့ပြီဖြစ်ပါတယ်။ လက်ရှိ Facebook Team ကို အကြောင်း ကြားပေးထားသော်လည်း အခြေအနေက မထူးခြားသေးပါခင်ဗျာ။
အဲ့တော့ Bahlolo Thailand ဖြင့် IG တွင် တက်နေသော Nudity ပိုစ့်များဟာ ကျွန်ုပ်တို့မဟုတ်ပဲ Scam အကောင့်မှ ထိန်းချုပ်ပြီး တင်နေခြင်းဖြစ်ပါတယ်။ ဒါ့ကြောင့်မို့ ကျွန်တော်တို့ မနေ့ကပဲ မူရင်း page ကနေ IG အကောင့်ကို ဖြုတ်ချလိုက်ရပြီ ဖြစ်ပါတယ်။
လက်ရှိ 👇 IG အကောင့်ကို ဝိုင်းပြီး Report ပေးကြဖို့ မေတ္တာရပ်ခံပါတယ်။ https://www.instagram.com/bahlolo_thailand?utm_source=ig_web_button_share_sheet&igsh=ZDNlZDc0MzIxNw==
နွေးထွေးစွာဖြင့်
BahLoLo Team
(@bahlolo_thailand) • Instagram photos and videos 14 Followers, 285 Following, 130 Posts - See Instagram photos and videos from ()
04/05/2025
🖐ပြည်တွင်းဝင် နိုင်ငံခြားသားတိုင်း မဖြစ်မနေလျှောက်ရတော့မယ့် "Thailand Digital Arrival Card" (TDAC)🖐
----------------------------------------------
🙏 အားလုံးပဲမင်္ဂလာပါ.... BahLoLo မှကြိုဆိုပါတယ် 🙏
🖐 အားလုံးလည်း ကြားသိပြီးဖြစ်မယ်ထင်ပါတယ်... အခုဆိုလျှင် ထိုင်းနိုင်ငံထဲကိုဝင်ရောက်မယ့် အမျိုးတို့အနေဖြင့် အရင်လိုအလွတ်တမ်း တန်းဝင်လို့မရတော့ပါဘူး။ ယခုနှစ် ၂၀၂၅ ခုနှစ် မေလ ၁ ရက်နေ့ကစပြီး (TDAC) လို့အလွယ်ခေါ် "Thailand Digital Arrival Card" ကိုဖြည့်သွင်းပေးရတော့မှာဖြစ်ပါတယ်။ ဒီစနစ်ကို အွန်လိုင်းကနေဖြည့်စွက်နိုင်ပြီး အကြောင်းအမျိုးမျိုးကြောင့်မဖြည့်ထားဘူးဆိုရင်လည်း ရောက်တာနဲ့ကောင်တာလေးတွေထားပေးထားတာမို့ လျှောက်လို့ရမှာဖြစ်ပါတယ်။ ယခုစနစ်သစ်ဟာ ယခင်ကအသုံးပြုခဲ့တဲ့ စက္ကူဖောင် TM6 ဝင်ရောက်ခွင့်ဖောင်ကို အစားထိုးလိုက်တာပဲဖြစ်ပါတယ်။
🖐 TDAC ဆိုတာဘာလဲ?
TDAC ဆိုတာကတော့ ထိုင်းနိုင်ငံသို့ ဝင်ရောက်မည့် နိုင်ငံခြားသားများအတွက် မဖြစ်မနေ ဖြည့်သွင်းရမည့် အွန်လိုင်းဖောင်ဖြစ်ပြီး လေကြောင်း၊ ကုန်းလမ်း စသဖြင့် လမ်းကြောင်းများဖြင့် ဝင်ရောက်လာမည့်သူတိုင်း ဖြည့်စွက်ရမှာဖြစ်ပါတယ်။ ဝင်လာသူတိုင်းရဲ့အချက်အလက်များကို စီစစ်ဖို့နဲ့ နောက်ကြောင်းလိုက်တာမျိုးလုပ်လို့ရဖို့အတွက်ရည်ရွယ်ပါတယ်။ ဒါကိုဘာလို့ပြန်လုပ်ရလဲဆိုရင် တစတစများပြားလာတဲ့ ကျားဖြန့်လူလိမ်ဂိုဏ်းများကြောင့် ဖြစ်ပါတယ်။
🖐 TDAC ဖြည့်သွင်းရန် လိုအပ်သောအချက်အလက်များ
အမျိုးတို့ဖောင်ဖြည့်ဖို့ အောက်ပါအချက်အလက်တွေကို ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်။
✅လက်မှတ်အချက်အလက် (Passport)
✅ကိုယ်ရေးအချက်အလက်များ
✅ခရီးစဉ်အသေးစိတ်အချက်အလက်များ
✅ထိုင်းနိုင်ငံအတွင်း တည်းခိုမည့်နေရာလိပ်စာ
✅ကျန်းမာရေးအခြေအနေနှင့် သက်ဆိုင်သောအချက်အလက်များ
TDAC ကို မိမိထိုင်းနိုင်ငံအတွင်းခရီးစဉ်မတိုင်မီ အနည်းဆုံး (၃) ရက်အတွင်း အွန်လိုင်းမှ ဖြည့်သွင်းရမည်ဖြစ်သည်။ ဖောင်ဖြည့်သွင်းပြီးပါက အတည်ပြုအီးမေးလ် (သို့) QR ကုဒ်ကို လက်ခံရရှိမည်ဖြစ်ပြီး၊ ထိုအတည်ပြုချက်ကို ထိုင်းနိုင်ငံသို့ဝင်ရောက်စဉ်တွင် ပြသကြရမှာဖြစ်ပါတယ်။
🖐TDAC ကိုဘယ်လိုသူမျိုးတွေ ဖြည့်ဖို့မလိုလဲ?
အောက်ပါအမျိုးအစားများအတွက် TDAC ဖြည့်သွင်းရန် မလိုအပ်ပါ။
✅ Diplomatနှင့် အခြားသောနိုင်ငံတကာအဖွဲ့အစည်းဝန်ထမ်းများ
✅ ထိုင်းနိုင်ငံသို့ ဝင်ရောက်ခြင်းမပြုဘဲ transit ခရီးသည်များ
✅ Border Pass အသုံးပြု၍ ဝင်ရောက်မည့် ခရီးသည်များ
🖐TDAC ဖြည့်သွင်းရန်အတွက် အခကြေးငွေကောက်ခံခြင်း မရှိပါ။ ထိုင်းနိုင်ငံသို့ ခရီးသွားမည့်သူများအနေဖြင့် TDAC ကို အကြိုဖြည့်သွင်းထားခြင်းဖြင့် ဝင်ရောက်ရာတွင် အချိန်ကုန်သက်သာကာ အလွယ်တကူဝင်ရောက်နိုင်မှာဖြစ်ပါတယ်။
🖐TDAC လျှောက်လွှာဖြည့်သွင်းရန်ယခုလင့်ကိုနှိပ်၍ ဝင်ရောက်လျှောက်ထားရပါမယ်။ - https://tdac.immigration.go.th/arrival-card/ #/home
📣 ဒီနေ့တော့ ဒီလောက်ပဲပေါ့ခင်ဗျ.... ဒီလောက်ဆို TDAC အကြောင်းသိပြီဖြစ်ပြီး ထိုင်းနိုင်ငံကိုအလည်လာသူ ခရီးသွားအားလုံးအဆင်ပြေစေဖို့ မျှဝေပေးလိုက်ပါတယ်။ ကျွန်တော်တို့ "BahLoLo" ကနေ ဗဟုသုတရဖွယ်အကြောင်းအရာတွေ၊ သတင်းအချက်အလက်တွေနဲ့ ဝန်ဆောင်မှုတွေကို မျှဝေဆောင်ရွက်ပေးနေတာမို့ Page ကို Like & Follow လုပ်ထားကြဖို့လည်း တိုက်တွန်းအပ်ပါတယ်။ လိုအပ်တဲ့ ဝန်ဆောင်မှုတွေအတွက်လည်း အမြန်ဆုံးဆောင်ရွက်ပေးနေတာမို့ အချိန်မရွေး စာပို့ပြီး ဝန်ဆောင်မှု ရယူနိုင်ပါတယ်။
🙏အမျိုးတွေအားလုံး လုပ်ငန်းများအားလုံးအဆင်ပြေကြပါစေကြောင်း ဆုမွှန်ကောင်းတောင်းလျက်။🙏
"ဘာပဲလိုလို ... Bah Lo Lo"
နွေးထွေးစွာဖြင့်
Team BahLoLo
#ဘာပဲလိုလို_ဘာလိုလိုရှိတယ်
Click here to claim your Sponsored Listing.
Category
Website
Address
Yadanar
Yangon
11091