Vesoil

Vesoil

Share

02/05/2023

ကဆုန်လပြည့် ဗုဒ္ဓနေ့
ညောင်ရေသွန်းပွဲတော်
နေ့ထူးနေ့မြတ် အခါသမယမှ စတင်၍
တစ်နှစ်ပတ်လုံး ဘေးအန္တရာယ် ကင်းဝေးပြီး
ကိုယ်ကျန်းမာ စိတ်ချမ်းသာ၍
အေးချမ်းသာယာ ရှိကြပါစေကြောင်း
𝐕𝐞𝐬𝐨𝐢𝐥 𝐋𝐮𝐛𝐫𝐢𝐜𝐚𝐧𝐭𝐬 မှ
ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။

20/03/2023

လူတစ်ယောက် ကျန်းမာစွာအသက်ရှင်ဖို့ သွေးလည်ပတ်မှုကောင်းရန် လိုအပ်သလို စက်ပစ္စည်းတွေ ကောင်းစွာလည်ပတ်နိုင်ဖို့ အင်ဂျင်ဝိုင် လိုအပ်ပါတယ် 🩸🩸🩸

အင်ဂျင်ဝိုင်တွေရဲ့ အဓိကလုပ်ဆောင်ချက်ဟာ အင်ဂျင် တစ်လုံးရဲ့ အစိတ်အပိုင်းတွေ ကောင်းစွာ လည်ပတ်နိုင်အောင် ချောဆီအဖြစ် လည်ပတ်ပေးတာဖြစ်ပါတယ် 🏍️

လက်ဖဝါးနှစ်ဖက် ကြာကြာပွတ်တိုက်ရင်တောင် အပူထွက်လာတယ် မဟုတ်ပါလား 🔥

အင်ဂျင်တစ်လုံးရဲ့ လည်ပတ်မှုမှာ အင်ဂျင်ဝိုင်က ချောဆီအဖြစ် မပါဝင်ခဲ့ဘူးဆိုရင် Engine အပူမြင့်ပြီး မီးလောင်နိုင်ပါတယ် 🧯

လည်ပတ်နေတဲ့ အင်ဂျင်အစိတ်အပိုင်းများကြား အင်ဂျင်ဝိုင်စီးဆင်းစေပြီး အချင်းချင်းပွတ်တိုက်မှုလျှော့ချပေးတဲ့အတွက် အပူစွမ်းအင်ထုတ်လုပ်မှုကို စုပ်ယူပြီး အအေးခံပေးပါတယ် ✅

ဒါ့အပြင်အစိတ်အပိုင်းအချင်းချင်း ပွတ်တိုက်မှုမှ ထွက်လာတဲ့ သံမှုန်သံစတွေကို သယ်ယူပြီး Filter နဲ့ စစ်ထုတ်ပေးတော့ Piston, Cylinder တွေရဲ့ သံချေးတက်မှုကို ကာကွယ်ပေးပြီး အင်ဂျင်အတွင်းပိုင်းကို သန့်စင်စေပါတယ်👍

အင်ဂျင်ဝိုင်တွေရဲ့ စေးပျစ်မှုကို SAE ( Society Of Automotive Engineer) နံပါတ်ဖြင့်ဖော်ပြပြီး မော်တော်ယာဉ်အင်ဂျင်နီယာအသင်းမှ သတ်မှတ်ထားသော စံနှုန်းဖြစ်ပါတယ်✅

SAE 20, SAE 30 တို့သည် Single Grade များဖြစ်ပြီး SAE နံပါတ်မြင့်ရင် စေးပျစ်မှုမြင့်ပြီး ပိုကောင်းတဲ့ အင်ဂျင်ဝိုင်လို့ သတ်မှတ်နိုင်ပါတယ်

👉အင်ဂျင်ဝိုင်ကို ရေနံစိမ်းမှ အခြေခံထုတ်လုပ်ထားပြီး တခြား Compound များရောစပ်၍ ပိုမိုကောင်းမွန်အောင် ထုတ်လုပ်ထားတဲ့ အင်ဂျင်ဝိုင်များကို Multi - Grade Motor Oil လို့ခေါ်ဆိုပြီး
SAE 10W-30 , SAE 15W-40 စသည်ဖြင့်ဖော်ပြကြပါတယ်

🌟Vesoil Lubricant Engine Oil သည် SAE 20W-50 စံနှုန်းရှိတဲ့အတွက် ပိုမိုမြင့်မားတဲ့ အပူချိန် အထိ အင်ဂျင်လည်ပတ်မှုကို ကောင်းစွာထိန်းသိမ်းပေးနိုင်ပါတယ် 🌟

ပုံမှန်အင်ဂျင်ဝိုင်များထက် အပူချိန်မြင့်မားသော ဒေသများတွင်လည်း Engine အရည်အသွေးမကျဘဲ ချောဆီရဲ့ တာဝန်များကို ကောင်းစွာလုပ်ဆောင်ပြီး ခရီးဝေးအထိ သာသာယာယာ မောင်းနှင်နိုင်မှာဖြစ်ပါတယ်👍👍👍

📌Engine Oil များကို 5000 Kilometers ပြည့်တိုင်းတစ်ခါ လဲလှယ်သင့်ပါတယ် 📌

သင့်ဆိုင်ကယ်အင်ဂျင်ရဲ့ ကျန်းမာရေးကို Vesoil နဲ့အတူ ဂရုစိုက်ပြီး လိုရာခရီးကို ချောချောမွေ့မွေ့ရောက်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ် ခင်ဗျာ ♥️♥️♥️

Want your business to be the top-listed Autos & Automotive Service in Yangon?
Click here to claim your Sponsored Listing.

Website

Address


Bo Min Yaung Street
Yangon
11141