LIN YAUNG NI

LIN YAUNG NI

Share

09/03/2026

✨Thai Private Universities Scholarship Information Sharing Webinars ✨

ဒီတစ်ခေါက်မှာတော့ ထိုင်းနိုင်ငံရဲ့နာမည်ကြီး Private Universities တွေမှာ ပညာသင်ဆုနဲ့ကျောင်းတက်ဖို့စိတ်ဝင်စားတဲ့မြန်မာကကျောင်းသားကျောင်းသူအျားအတွက် Thai Private University Scholarships Sharing Webinar များကို အပတ်စဉ်မျှဝေပေးသွားမှာဖြစ်ပါတယ်ရှင် 📚

ဒီ Webinar မှာ Thai Private University များမှ scholarship ရရှိခဲ့သော ကျောင်းသားကျောင်းသူများနှင့် တက္ကသိုလ်ဘက်မှ အတွေ့အကြုံရှိသော speaker များကို ဖိတ်ကြားထားပြီး —
🎓 scholarship လျှောက်ထားနည်း
🎓 တက္ကသိုလ်ရွေးချယ်ရာတွင် သိထားသင့်သောအချက်များ
🎓 University Life အတွေ့အကြုံတို့ကိုပွင့်လင်းစွာမျှဝေပေးသွားမှာဖြစ်ပါတယ်။

Private University scholarship ကို စိတ်ဝင်စားသူများ၊ ထိုင်းနိုင်ငံတွင် ကျောင်းတက်ရောက်ဖို့စိတ်ဝင်စားသောကျောင်းသားများအတွက် အထောက်အကူတစ်ခုဖြစ်စေမယ့် session တစ်ခုပဲဖြစ်ပါတယ်🤍

Guest Speaker Profiles

✨Ms. Namthip Bumrungwong ( AIU) ✨

Ms. Namthip Bumrungwong သည် Asia Pacific International University တွင် Student Recruitment Officer, Government Liaison Officer နှင့် Student Retention Officer အဖြစ် ဆောင်ရွက်နေသူတစ်ဦးဖြစ်ပါသည်။ သူမသည် Asia Pacific International University မှ Bachelor of Arts in English (Thai Program) ကို ရရှိထားပြီး communication, coordination နှင့် student engagement နှင့်ပက်သက်သော အတွေ့အကြုံများကိုများစွာရရှိထားသူတစ်ဦးဖြစ်ပါတယ်။

Student services နှင့် institutional development အတွက် အတွေ့အကြုံ (၇) နှစ်ရှိထားပြီး ထိုအတွေ့အကြုံများမှတစ်ဆင့် အစိုးရဘက်ဆိုင်ရာ ပါတနာများနှင့် ဆက်ဆံရေးကောင်းများ တည်ဆောက်ခြင်း၊ တက္ကသိုလ်၏ enrollment နှင့် retention ရည်မှန်းချက်များကို ပံ့ပိုးခြင်းတို့တွင် စိတ်အားထက်သန်စွာ ဆောင်ရွက်နေသူတစ်ဦးလည်းဖြစ်ပါသည်။

✨Ms. Pann Wutt Hmon Phu (ပန်းဝတ်မှုန်ဖူး) ✨

University of Thai Chamber of Commerce (International School of Management)
The Rattanamongkol Scholarship (100% tuition fee waiver)

လက်ရှိမှာ BBA Year 3 Second Semester တက်ရောက်နေပြီး Game-Changers Lab မှSustainability and Business focused student club ရဲ့ Social Media director အဖြစ်တာဝန်ယူလျက်ရှိပါတယ်။ 2025 summer မှာ Thai Beverage PLC (ThaiBev) မှာ internship ဆင်းခဲ့ပြီး လက်ရှိမှာတော့ New Zealand Thai Chamber of Commerce (NZTCC) မှာ Digital Marketing Intern (hybrid) ကိုလုပ်ဆောင်နေပါတယ်။ Extracurricular activities များအနေနဲ့ business competition တွေမှာပါဝင်ယှဉ်ပြိုင်ခြင်းနဲ့volunteering များကိုလုပ်ဆောင်လျှက်ရှိပါတယ်

📍Zoom link ကို Live to Learn Edu Page မှာအခမဲ့ ရယူပြီး ကျောင်းသားကျောင်းသူများအတွက် ပညာသင်ဆုဆိုင်ရာအခွင့်အလမ်းတွေကို အသေးစိတ်သိရှိနိုင်မှာဖြစ်လို့ မလွတ်တမ်း တက်ရောက်ကြဖို့တိုက်တွန်းလိုက်ပါရစေရှင်။

Photos from LIN YAUNG NI's post 27/01/2026

🎂 HAPPY BIRTHDAY
Thar Shine Khant Ko Ko

🎁 I wish you a WONDERFUL BIRTHDAY.

25/01/2026

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


55, Thit-taw Street
Yangon
11121