JEWEL HOUSE

JEWEL HOUSE

Share

04/09/2025

ကြုံရတွေ့ရ ရတနာလောကနှင့် စိတ်ကူးထဲကအတွေးများ (၂၉)

'စျေးလေးမှန်းပေးပါဗျာ'
'စျေးလေး ခန့်မှန်းပေးပါရှင်'
'ဒီပစ္စည်းက ဘယ်လောက်တန်လဲ'

ဓာတ်ခွဲခန်းနဲ့ ဘယ်လိုမှ လားလားမျှ မအပ်စပ်တဲ့ စကားလုံးတွေကို လာလာမေးကြတာ စိတ်ရှုပ်စရာပါ။ မသိလို့ အပြင်ကလူဆိုရင် အဆင်ပြေပြေ ပြောလို့ရပေမဲ့၊ စျေးကွက်အတွင်း သိသိကြီးနဲ့ လာလာမေးကြတာဟာ တကယ်တော့ အစော်ကားခံရသလိုပါပဲ။ အတွေ့အကြုံအရ ခံခဲ့ရဖူးပြီးပြီ။

မနေ့ကပဲ မှတ်မှတ်ရရ။
အရောင်းအဝယ်လည်း လုပ်တာမဟုတ်ပါဘူးဆိုတော့ (ဒီနေရာမှာ စျေးဖြတ်တာမဟုတ်ဘူးနော်၊ စျေးမှန်းတာ) အနီးက အရောင်းအဝယ်လုပ်သူကို မှန်းပေးပါဦးဆိုပြီး အကူအညီတောင်းတော့ ၆၀/၇၀ လောက်ထင်တယ်တဲ့။ သူ့အမြင်ပေါ့။ ကိုယ့်အမြင်က ၂၀ ပတ်ချာလည်ဆိုတော့ စျေးက 'ဟ' နေပြီ။ မှန်းဆိုတော့ ရမ်းရပြီပေါ့။ အပျော်တမ်းပါပဲ။ ပေါ့ပေါ့ပါးပါး ထင်ထားတာပါ။ အတင်းတောင်းဆိုနေတော့လေ။ အမှန်တကယ်လည်း စျေးကွက်မျက်စိ ပျက်နေခဲ့တာ ကြာပါပြီ။

၄၅ ဝယ်ထားတာ တဲ့။ များသွားပြီပေါ့တဲ့။ အန် !!!

ကျောက်အရောင်းအဝယ် လုပ်တယ်ဆိုတဲ့နေရာမှာ စျေးပေးရင် မင်္ဂလာပါ။ ရောင်းနိုင်တာ မရောင်းနိုင်တာက ပိုင်ရှင်ရဲ့အလုပ်ပါ။ အပေါ်က စျေးပေးသူနှစ်ယောက်(လေစျေး)မှာ ဘယ်သူ့ကို ရောင်းမလဲ။ ၄၅ က များသွားတာလား။ အဖြေရှိနေမှာပါ။

ဒီလူက နှိမ်ပြီး စျေးပေးတယ်လို့ လူတကာကိုပတ်ပြောတာက ကုန်သည်စည်းကို ချိုးဖောက်တာပါပဲ။ ရေရှည်ရပ်တည်ဖို့ မလွယ်နိုင်ကြသူတွေပေါ့။ တချို့တွေများ ကြုံဖူးပါတယ်။ ဒီစျေးဆိုရင် ခင်များဆီက ပြန်ဝယ်မယ် လုပ်သေးတာ။ ကျောက်အရောင်းအဝယ် လုပ်ကြတဲ့နေရာမှာ သင်ယူစရာတွေက များစွာများစွာပါ။ ဒါကြောင့်လဲ အရောင်းအဝယ်ပညာကို မတတ်ခဲ့ဘဲ စာသင်တဲ့အလုပ်ကို ရွေးချယ်ဖြစ်ခဲ့ရတာပါ။ လူတွေကတော့ အထင်ကြီးတာပေါ့။ ဒီလောက် ကျောက်တွေသိနေတာ အရောင်းအဝယ် လုပ်ပါလားတဲ့။ ခက်ပြီလေ။ အရောင်းအဝယ်မတတ်လို့ စာသင်တာပါ။

ရိုက်ပေါက်၊ ဓါးနဲ့အထိုးခံရမယ့်အပေါက်တွေ ဓာတ်ခွဲခန်းတွေဆီ မသယ်လာကြပါနဲ့ဗျာ လို့ တောင်းပန်နေရပါတယ်။

ဆိုင်မှာနေတဲ့ကလေးတွေ လာစစ်ဆေးသူနဲ့ မရောဖို့၊ အထူးသဖြင့် စျေးမမေးမိစေဖို့ အမြဲသတိပေးရပါတယ်။ သိပ်ခင်ရတဲ့ လူတွေဆိုရင်တော့ ကျောက်ကို အသေအချာကြည့်၊ စျေးကို မေး၊ ငါ့ညီတို့ ဒီကျောက်က ဒီစျေးပေါက်တယ်ဆိုပြီး သင်ပြပြောပြပါတယ်။ သိစေတတ်စေမှတ်စေချင်တာပါ။ ခင်မင်သူတွေကြားမှာ စျေးနှုန်းက အရေးကိုမကြီးကြတာ ကျောက်သမားစစ်စစ်တွေ သိကြပါတယ်။ ဝယ်ရင်းက ဝယ်ရင်းစျေး။ ရောင်းဖိုးဆိုတာ ကိုယ့်စိတ်ကြိုက်လေ။

အလိုက်မသိတဲ့ ပညာသင်တွေလည်း ကြုံရဖူးပါတယ်။ စျေးတွေ မေး၊ ဖုန်းနံပါတ်တွေတောင်းနဲ့ ဓာတ်ခွဲခန်းသိက္ခာ ဘယ်လောက်ကျသလဲ တွေးမိရင်၊ အမြဲသဘောမကောင်းသင့်တာကို သတိရမိပါတယ်။

စျေးနှုန်းတွေတင်လားဆိုရင် မဟုတ်ပါဘူး။ ကျောက်တွေကအစ သတိထားရပါတယ်။ ဘယ်သူ ဘယ်ကျောက် လာစစ်သွားသလဲ ပုလိပ်စစ် စစ်ချင်ကြသူတွေကလည်း ရှိတတ်ကြပါတယ်။ ဘယ်သူဘယ်ကျောက် လာစစ်စစ် ကိုယ်နဲ့မဆိုင်သလို ဒီကျောက်တွေရဲ့ ဓါတ်ပုံကိုတောင် အသုံးမပြုရပါဘူး။

စျေးဖြတ်ပေးတာ မဟုတ်ဘူး၊
စျေးမှန်းပေးပါဆိုရင်တောင် .. ကြောက်နေရပါပြီ။ ပြဿနာက မီးထွန်းရှာစရာ မလိုဘူး၊ အာချောင်တာနဲ့တင် ဂွမ်းမှာလို့ ကိုယ့်ကိုယ်ကိုယ် ဆုံးမရင်း ... ကြုံရတဲ့ရတနာလောကရယ်။
2 / 2022




Opening Hour
9:30am~4:30pm

📞09 550 1098,
📞09 250 678 409
📞09 775 182 176

Want your business to be the top-listed Jewelery/watch Store in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No. 52, Ground Floor, AungThapyay Street, Sanchaung Township
Yangon
11111

Opening Hours

Monday 09:30 - 16:30
Tuesday 09:30 - 16:30
Wednesday 09:30 - 16:30
Thursday 09:30 - 16:30
Friday 09:30 - 16:30
Saturday 09:30 - 16:30
Sunday 09:30 - 16:30