J'DAI
03/05/2026
We Fell Short This Season
ယခု MSL MM Season 3 တွင် ကျွန်တော်တို့ မျှော်လင့်ထားသလို ရလဒ်ကို မရရှိနိုင်ခဲ့သလို၊ Bot များ မျှော်မှန်းထားသည့် အနေအထားသို့လည်း မရောက်ရှိနိုင်ခဲ့ပါဘူးဗျ။ ယခုရာသီအတွက် Bot များအားလုံးကို စိတ်ပျက်စေမိခဲ့သည့်အတွက် အထူးတောင်းပန်အပ်ပါတယ်ဗျ။
ကျွန်တော်တို့နှင့်အတူ အမြဲရပ်တည်ပေးခဲ့ကြသော Bot များအားလုံးကိုလည်း အထူးကျေးဇူးတင်ပါတယ်ဗျ။
ဒီအတွေ့အကြုံများမှ သင်ခန်းစာယူကာ လိုအပ်ချက်များကို ပြန်လည်သုံးသပ်ပြီး ပိုမိုကောင်းမွန်သော အသင်းတစ်သင်းအဖြစ် ပြန်လည်တည်ဆောက်သွားပါမယ်ဗျ။ နောက်လာမည့်ရာသီတွင်လည်း ပိုမိုခိုင်မာသော စိတ်ဓာတ်၊ ပိုမိုကောင်းမွန်သော ပြင်ဆင်မှုများနှင့်အတူ ပြန်လည်ယှဉ်ပြိုင်သွားပါမယ်ဗျ။
This is not the result we hoped for, and we know it is not the result our Bots expected. We understand your disappointment, and we sincerely apologize for falling short this season.
Thank you to everyone who stood by us through every high and low. Your support, passion, and belief in this team mean everything to us.
We will take this experience, learn from our mistakes, rebuild stronger, and come back ready to fight again.
28/04/2026
Official Team Announcement
ကျွန်တော်တို့အသင်း၏ Head Coach Arsy ဟာ ဖိလစ်ပိုင်နိုင်ငံသို့ပြန်လည်သွားရောက်ပြီး အရေးပေါ်ခွဲစိတ်ကုသမှုခံယူရမယ့် အခြေအနေတစ်ခုပေါ်ပေါက်လာပါတယ်ခင်ဗျ။ Head Coach Arsy ရဲ့ကျန်းမာရေးပြန်လည်ကောင်းမွန်လာမှုက ကျွန်တော်တို့အသင်းအတွက် အလွန်အရေးကြီးပါသောကြောင့် Bots များမှလည်း Coach Arsy ရဲ့ခွဲစိတ်ကုသမှုအောင်မြင်ပြီး အမြန်ဆုံးပြန်လည်ကျန်းမာလာစေဖို့ ဆုတောင်းပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်ဗျ။
ယခုကာလအတွင်းမှာ ကျွန်တော်တို့ရဲ့ Assistant Coach ICE ICE မှ temporary Head Coach အဖြစ်တာဝန်ယူပြီး အသင်းကို ဆက်လက်ဦးဆောင်သွားမှာပဲဖြစ်ပါတယ်ဗျ။
ပြိုင်ပွဲကာလဖြစ်သော်လည်း ကျန်းမာရေးနှင့်သက်ဆိုင်သောကြောင့် ကျွန်တော်တို့ J’DAI အနေဖြင့် ခက်ခဲသောဆုံးဖြတ်ချက်ကို တစ်သင်းလုံးညှိနှိုင်းပြီးမှချခဲ့ရခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အခက်အခဲတွေကို အမြဲနားလည်ပေးပြီး မေတ္တာမပျက်အားပေးနေတဲ့ Bots များအားလုံးကိုလည်း ကျွန်တော်တို့ J'DAI မိသားစုမှအထူးကျေးဇူးတင်နေပါ့မယ်ခင်ဗျ💙
We would like to inform everyone that our Head Coach, Arsy, will return to his home country to undergo emergency surgery and focus on his recovery. His health and well-being are our top priority, and we ask everyone to join us in wishing him a safe surgery and smooth recovery.
During this period, our Assistant Coach, ICE ICE, will step in as Temporary Head Coach and lead the team through the ongoing tournament season. We ask for your continued support and patience as the team works together during this time.
Although we are currently in an important tournament period, health and well-being must come first. After careful discussions within the organization, J’DAI has made this difficult decision in the best interest of the team and our coach. We sincerely hope our Bots will understand and continue to support us.
28/04/2026
A very special Happy Birthday to Dee 🎂
Happy Birthday ပါ Dee! ဒီနေ့မှာတင်မကဘဲ နောက်နှစ်ပေါင်းများစွာတိုင်အောင် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတွေနဲ့ ပြည့်စုံပါစေ။ ဝါသနာပါတဲ့ အလုပ်တွေကို လုပ်ဆောင်ရင်း ပရိသတ်တွေ၊ သူငယ်ချင်းတွေရဲ့ ချစ်ခင်မှုကို အမြဲရရှိပြီး ပျော်ရွှင်စရာကောင်းတဲ့ ဘဝကို ပိုင်ဆိုင်နိုင်ပါစေဗျာ။
Happy Birthday, Dee! May you be blessed with mental peace and physical health today and for many years to come. While pursuing your passions, may you always be surrounded by the love of your fans and friends and lead a truly happy life.
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Yangon