Win Sakura

Win Sakura

Share

28/01/2026

📌 JLPT Form တင်ဖို့အတွက် Win Sakura မှာ Form Service အပ်လို့ရပါပြီ...

(၇) လပိုင်း စာမေးပွဲအတွက် စာဖတ်ရတာတွေနဲ့ဆိုတော့ Form တင်ဖို့နီးလာရင်
👉 Form Data ဖြည့်တာ မှားသွားမလား
👉 Deadline လွတ်သွားမလား
ဆိုတဲ့ စိုးရိမ်စရာတွေကပါ လိုက်လာတတ်ပါတယ်...

🇯🇵 Win Sakura Japanese Language Center မှာ JLPT Form တင်ခြင်းကို
✔️ အမှားမရှိပဲ စနစ်တကျရတဲ့ Service အပ်နိုင်ပြီး

✍️စာမေးပွဲအတွက် အာရုံစိုက်ရမယ့်အချိန်ကို Form ကိစ္စတွေကြောင့် စိတ်ပူမနေစေဖို့ တာဝန်ယူပြီး စီစဉ်ပေးတဲ့ Service ဖြစ်ပါတယ်...

Form တင်ရန်အတွက်
၁။ ဓာတ်ပုံ (3cm*4cm) size 3ပုံ
၂။ မှတ်ပုံတင်မိတ္ထူ
၃။ ဖြေမည့် Level ၊ အမည်၊ ဖုန်းနံပါတ်၊ မှတ်ပုံတင်နံပါတ် ကို အင်္ဂလိပ်လို စာလုံးအကြီးဖြင့်စာရွက်လွတ်တွင်ရေးပေးပါရန်။
၄။ Service ကြေး + ဖောင်ကြေး ပေးသွင်းပေးပါရန်။

၅။ စာမေးပွဲကြေးနှင့် လျှောက်လွှာတင်ကြေး (စုစုပေါင်း)
Level N1 - ၄၇,၀၀၀ + ၃,၀၀၀ = (၅၀,၀၀၀ ကျပ်)
Level N2 - ၄၇,၀၀၀ + ၃,၀၀၀ = (၅၀,၀၀၀ ကျပ်)
Level N3 - ၄၇,၀၀၀ + ၃,၀၀၀ = (၅၀,၀၀၀ ကျပ်)
Level N4 - ၄၂,၀၀၀ + ၃,၀၀၀ = (၄၅,၀၀၀ ကျပ်)
Level N5 - ၄၂,၀၀၀ + ၃,၀၀၀ = (၄၅,၀၀၀ ကျပ်)

Form တင်ချင်သူများ မြန်မြန်လေးအပ်ပေးကြဖို့ နဲ့လိုအပ်တဲ့ အချက်အလက်များ တခါတည်း ပေးထားဖို့တော့လိုပါတယ်နော်🌸❤️

🌸Win Sakura Japanese Language Center
No. 54 (A), Thuya Thathi Street, Kabaraye, Mayangone Township, Yangon, Myanmar.
Viber : 09661866066
Phone :09404873558

20/01/2026

💁🏻‍♀️ဂျပန်စာကို အေးအေးဆေးဆေးနဲ့ လူနည်းစု သင်ချင်တယ်...အလုပ်တစ်ဖက်နဲ့ဖြစ်နေတာကို အားလပ်ချိန်လေးမှာ ထိထိရောက်ရောက် သင်ကြားချင်တယ်ဆို Win Sakura မှာ N5 ကနေ N3 Level အထိ သင်တန်းများရှိပါတယ်...

🇯🇵🌸တစ်ယောက်တည်းသင်မယ့် Private Class များမှာ ကျောင်းသားများ အားလပ်ချိန်ကို ညှိပြီးသင်ကြားနိုင်တယ်...လူနည်းစု Zoom Gp Class ဆိုလည်း sensei ကို တစ်ယောက်ချင်းအလှည့်ကျ မေးနိုင်တာကြောင့် စာကို နားလည်အောင် သေချာလေး သင်နိုင်မှာဖြစ်ပါတယ်...

👉Win Sakura ဂျပန်စာ အွန်လိုင်းသင်တန်းရဲ့နောက်ထပ်အားသာချက်ကတော့ သင်တန်းသားများကို လိုအပ်ချိန်တိုင်း Counselling လုပ်ပေးခြင်းဖြစ်ပါတယ်...

👉ဂျပန်ရောက်နေတဲ့ သင်တန်းသားတွေ၊ ဂျပန်သွားချင်တဲ့ သင်တန်းသားတွေအတွက် ကျောင်း၊ အလုပ် နဲ့အခြားအခက်အခဲများအတွက် ဂျပန်မှာ ၁၃နှစ်ကျော်ကြာ နေထိုင်နေတဲ့ sensei မှ သေချာလေးပြောပြပေးပါတယ်...

💁🏻‍♀️ဒီ benefit ကတော့ Win Sakura သင်တန်းသားတိုင်းရရှိ‌နေတဲ့ benefit ပဲဖြစ်ပါတယ်..အခုလက်ရှိမှာ Private Class အတန်းလေးတွေလည်း နေရာလွတ်သေးတာကြောင့် သင်တန်းအပ်ဖို့စိတ်ဝင်စားပါက page messenger ကနေ မေးမြန်းနိုင်ပါတယ်ရှင်...

🌸Win Sakura Japanese Language Center
No. 54 (A), Thuya Thathi Street, Kabaraye, Mayangone Township, Yangon, Myanmar.
Viber : 09661866066
Phone :09404873558






#ဂျပန်

09/01/2026

ဒီ Video လေးနဲ့အတူ မနက်ခင်းနဲ့သက်ဆိုင်တဲ့ ‌ဝေါရဟာများ၊ စကားပြောဆိုပုံများကို ပေါ့ပေါ့ပါးပါး လေ့လာကြရအောင်....❤️

ဂျပန်စကားမှာခင်ခင်မင်မင် ရင်းရင်းနှီးနှီးပြောတဲ့ပုံစံ နဲ့ ယဉ်ယဉ်ကျေးကျေး ပြောတဲ့ပုံစံဆိုပြီး ၂မျိုးရှိပါတယ်...

ဒီvideo လေးမှာတော့ မိသားစုဝင်အချင်းချင်းရင်းရင်းနှီးနှီးဂျပန်စကားပြောတဲ့ပုံစံလေးပြောထားပါတယ်...

Video မှာ အသုံးပြုထားတဲ့ ဝေါဟာရစကားလုံးလေးတွေကို ရှင်းပြပေးပါမယ်...

ဂျပန်မှာ နှုတ်ဆက်တဲ့စကားတွေက
おはよう မင်္ဂလာနံနက်ခင်း
こんにちは မင်္ဂလာနေ့လည်ခင်း
こんばんは မင်္ဂလာညနေခင်း
ဆိုပြီး ၃မျိုးရှိပါတယ်

あと နောက်ထပ်
ပြီးဖို့နောက်ထပ် အချိန်ဘယ်လောက်လိုသေးတယ်ဆိုတာမျိုးနဲ့ နောက်ထပ်အချိန်ထပ်တိုးချင်တဲ့အခါမျိုးတွေမှာသုံးပါတယ်

ダメ မရဘူး။ မလုပ်ရဘူး။ လက်မခံဘူး။ ဆိုပြီး ငြင်းဆိုတဲ့အခါမျိုးတွေမှာသုံးပါတယ်

まだ နောက်ထပ်ဆိုတာမျိုးလည်းသုံးသလို မလုပ်ရသေးဘူးဆိုတဲ့သဘောမျိုးလည်းသုံးပါတယ်

言ってた ဆိုတာ တစ်ယောက်ယောက်ဆီကကြားခဲ့တာမျိုးကိုပြန်ပြောတဲ့အခါမျိုးတွေမှာသုံးပါတယ်

行かなきゃ ဆိုတာ 行かないといけない 行かなければいけない ရဲ့ အတိုကောက်ပါ စကားပြောတွေမှာသုံးပါတယ် အမြန်သွားမှရတော့မယ် မသွားလို့မရဘူးဆိုတဲ့အဓိပ္ပါယ်ပါ

洗ってきてね က てきて form က အဲဒါလုပ်ပြီး ပြန်လာခဲ့မယ်ဆိုတဲ့အဓိပ္ပါယ်ပါပါတယ်
急いでね မြန်မြန်လုပ်စေချင်တဲ့အခါမှာသုံးပါတယ်

ありがとう ကျေးဇူးတင်တဲ့အခါမှာသုံးတာပါ

Video လေးကိုကြည့်ပြီးမုံလေးနဲ့အတူ ဂျပန်စကားပြောရင်း One minute Nihongo ကိုအတူလေ့လာကြရအောင်နော်...

🌸Win Sakura Japanese Language Center
No. 54 (A), Thuya Thathi Street, Kabaraye, Mayangone Township, Yangon, Myanmar.
Viber : 09661866066
Phone :09404873558






#ဂျပန်
#ဂျပန်စကားပြော
#ဂျပန်စာ

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


No. 54 (A), Thuya Thathi Street, Kabaraye, Mayangone Township
Yangon