OxyPlus Myanmar

OxyPlus Myanmar

Share

20/10/2021

🎇🎇🎇🎆🎆

#သတင်းကျွတ်လပြည့်နေ့ နေ့ထူးနေ့မြတ်မှာ ချစ်ခင်ရသူ လူကြီးမိဘများနဲ့ အတူ ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်း‌နိုင်ပါစေကြောင်း OxyPlus Myanmar မှ ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ် 🙏🎊🎇

09/08/2021

Can inhaling oxygen be addictive?
အောက်စီဂျင် ရှူတာ စွဲတတ်လား

ခုဆိုရင် အိမ်တိုင်းမှာ အောက်စီဂျင် စက်တွေ၊ စလင်ဒါတွေ ထားပြီး ရှူလာကြတဲ့အခါကျတော့ ကြားလာရတဲ့ စကားတစ်ခုရှိပါတယ်။ အောက်စီဂျင်တွေ မရှူနဲ့ စွဲတတ်တယ်ဆိုတာပါ။ အသက်လုဖို့ အောက်စီဂျင်ရှူနေရတဲ့အချိန်မှာ ဒီစကားတွေက လူနာတွေကို အများကြီး တွေဝေသွားစေပါတယ်။ ဒါနဲ့ အောက်စီဂျင်က တကယ်စွဲတတ်သလား။

When do you start giving oxygen?
ဘယ်အခါမျိုးမှာ အောက်စီဂျင် စပေးကြသလဲ။

ခုလို ကိုဗစ်ကာလမှာတော့ လူနာတစ်ယောက်က သွေးတွင်းအောက်စီဂျင် (လက်ထိပ်မှာ စက်နဲ့ တိုင်းတဲ့အဖြေအရ) ၉၂အောက်ရောက်တဲ့အခါ အောက်စီဂျင်ပေးဖို့ စဉ်းစားလာကြပါပြီ။ ၉၂နဲ့ အထက် တချို့တွေမှာ ၈၈နဲ့ ၉၂ကြားလောက်ရောက်အောင် ထိန်းထားတဲ့အနေနဲ့ အောက်စီဂျင်ပေးကြပါတယ်။ ဒီလိုပေးတဲ့ အောက်စီဂျင်ကို Supplemental oxygenလို့ ခေါ်ပါတယ်။ အပိုဆောင်းအောက်စီဂျင်ပေါ့။ လူနာက ကိုယ့်ဟာကိုယ် လုံလောက်အောင် မရှူနိုင်တဲ့အခါ အပြင်ကနေ အပိုဆောင်းပေးဖို့ လိုလာပါပြီ။

Why oxygen?
အောက်စီဂျင် ဘာကြောင့် ပေးရတာလဲ။

လူနာတွေက အောက်စီဂျင်ကျရင် မရှူသေးဘူး။ ခံနိုင်သေးတယ်။ တော်ကြာစွဲသွားမယ် စသဖြင့် တောင့်ခံထားကြပါတယ်။ ခက်တာက ကိုဗစ်မှာ silent hypoxiaဆိုတာ ရှိပါတယ်။ သွေးထဲမှာ အောက်စီဂျင်ကျနေပေမယ့် လူနာက သွားနိုင် လာနိုင်တာမျိုးပါ။ ရောဂါရဲ့ လှည့်စားမှုတစ်ခုပေါ့။ ဒီလိုနဲ့ အောက်စီဂျင် တဖြည်းဖြည်း ကျလာပြီး အသက်ဆုံးတဲ့အထိဖြစ်သွားနိုင်ပါတယ်။

နောက်တစ်ခုက သွေးတွင်းအောက်စီဂျင်ကို ၉၄နဲ့အထက်မှာ ဘာကြောင့် ထားတာလဲပေါ့။ ဒါကတော့ ဒီအခြေအနေလောက်ဆိုရင် ဆဲလ်တွေ ကောင်းကောင်း အလုပ်လုပ်နိုင်လို့ပါ။ ဒီထက်ကျလာရင် သွေးနီဥမှာ အောက်စီဂျင်နည်း၊ ဒီတော့ သွေးနီဥဆီက အောက်စီဂျင်ယူသုံးရတဲ့ ဆဲလ်တွေလည်း အောက်စီဂျင်မရ ဒီလိုနဲ့ တစ်ကိုယ်လုံး ပျက်စီးသွားနိုင်လို့ပါ။

Are you addicted to oxygen?
အောက်စီဂျင်ရှူရင် စွဲသွားမှာလား။

အောက်စီဂျင်က ကြာကြာရှူရင် စွဲသွားတယ်ဆိုတာ မဟုတ်ပါဘူး။ ကပ်သပ်ပြီး ပြောရရင် လူတိုင်းက အောက်စီဂျင်မရှိဘဲ မနေနိုင်လို့ လူတိုင်းက အောက်စီဂျင်စွဲနေတယ်လို့ ပြောလိုက်ရင် ပိုမှန်မလား။ သေချာတာကတော့ ကိုဗစ်မှာ အောက်စီဂျင်စက်တွေ၊ စလင်ဒါတွေကနေ ရှူတာက စွဲသွားတဲ့အထိ မဖြစ်စေပါဘူး။

ဘယ်လိုမျိုးတော့ ရှိတတ်လဲဆိုတော့ လူနာရဲ့ စိတ်ပိုင်းဆိုင်ရာအရ စွဲတာမျိုးပါ။ သွေးထဲမှာ အောက်စီဂျင်ကောင်းနေတယ်၊ ဆက်ရှူစရာ မလိုတာကို သူ့စိတ်ထဲက အောက်စီဂျင်ရှူမှ ကောင်းမယ်ဆိုပြီး စိတ်စွဲနေတာမျိုးပါ။ ဒီလိုလူမျိုးတွေက သွေးတွင်းအောက်စီဂျင် ကောင်းနေပါလျက်နဲ့ အောက်စီဂျင်ကို ဆက်ရှူချင်တာ၊ မရှူရရင် မောသလို ဖြစ်နေတာ (တကယ်မောနေတာမဟုတ်) ဒါမျိုးတော့ ဖြစ်တတ်ပါတယ်။ ဒါကတော့ အောက်စီဂျင် အပြစ်မဟုတ်၊ လူနာရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာပါ။

What if I can't get oxygen?
အောက်စီဂျင် ဖြတ်မရရင် ဘယ်လိုလုပ်မလဲ။

ဒါကလဲ လူနာတွေ စိုးရိမ်နေတဲ့ ကိစ္စပါ။ ခုတော့ အောက်စီဂျင်စရှူနေရပြီ။ တစ်သက်လုံး အဲ့လို ပိုက်တန်းလန်းနဲ့ ဖြစ်နေမှာလားဆိုတာပါ။ ကိုဗစ်မှာ အောက်စီဂျင်ပေးထားသလို တစ်ဖက်ကလည်း အောက်စီဂျင်ကျစေတဲ့ အကြောင်းတွေကို ရှာပြီး ကုသနေတယ်ဆိုတာကို လူနာတွေ မြင်မှာပါ။ ဥပမာ အဆုတ်ရောင်တာကျအောင် ဆေးတွေပေးတာ၊ အဆုတ်မှာ ပိုးဝင်တာတွေအတွက် ဆေးတွေပေးတာ၊ စသဖြင့် အကြောင်းရင်းတွေ ရှာပြီး ကုနေတာပါ။

ဒါတွေ သက်သာလာလို့ လူနာက သူ့နှာခေါင်းနဲ့ သူ ပြင်ပကလေကို ပြည့်ပြည့်ဝဝရှူနိုင်ပြီဆိုရင် အပိုဆောင်း အောက်စီဂျင် ရှူစရာ မလိုတော့ပါဘူး။ ဒီ့မတိုင်ခင် ရောဂါမသက်သာသေးသရွေ့တော့ ရှူရဦးမှာပေါ့။ ခန္ဓာကိုယ်က အောက်စီဂျင်ကို မရှိမဖြစ်လိုတာကိုး။

ကိုဗစ်နဲ့ မဆိုင်ဘဲ တခြားတစ်ခုပြောပြပါ့မယ်။ COPDလို့ ခေါ်တဲ့ တချို့သော နာတာရှည်အဆုတ်ရောင်ရောဂါရှင်တွေကို ဆရာဝန်တွေက အိမ်မှာ အောက်စီဂျင်အိုးထားပြီး တစ်နေ့ ဘယ်နှနာရီရှူဆိုပြီး ညွှန်ကြားလေ့ရှိပါတယ်။ LTOTလို့ ခေါ်ပါတယ်။ သူတို့ကျတော့ စွဲနေလို့၊ ဖြတ်မရလို့ ရှူနေတာ မဟုတ်ပါဘူး။ ရောဂါကြောင့်မို့လို့ ရှူနေရတာပါ။

How do we cut off oxygen?
အောက်စီဂျင်ကို ဘယ်လို ဖြတ်ကြမလဲ။

ဖြတ်တယ်ဆိုတာထက် လူနာသက်သာလာလို့ အောက်စီဂျင်လျှော့ကြည့်တာမျိုးပါ။ အရင် ၁၀လီတာလောက်တင်မှ သွေးတွင်းအောက်စီဂျင် ၉၄လောက်ရတဲ့သူ၊ ခုတလော ရောဂါအခြေအနေလေးလည်း ကောင်းလာပြီဆိုရင် ၁၀လီတာကနေ ၈လီတာ ပြောင်းပေးကြည့်မယ်။ ၁၅မိနစ်လောက်နေရင် ထပ်တိုင်းမယ် ၉၃-၉၄လောက်ပဲဆို ဆက်စောင့်ကြည့်၊။ မရဘူး ၈၀ပတ်ချာလည်လောက် ဖြစ်သွားတယ်ဆို ၁၀လီတာပြန်တင်။

ဒီလိုကနေ ၁၀လီတာ၊ ၈လီတာ၊ ၆လီတာ စသဖြင့် ၁လီတာ၊ ၂လီတာချင်းစီလျှော့၊ လူနာကိုလည်း အနီးကပ် စောင့်ကြည့် ဒါကို ‘weaning’လုပ်တယ်လို့ ခေါ်ပါတယ်။ ဒါပေမယ့် ဒါက ကောင်းလာတဲ့ သူကို စမ်းလျှော့ကြည့်တာနော်။ အခြေအနေမကောင်းတဲ့သူကိုတော့ သွားသွားပြီး မလျှော့ရပါဘူး။

အောက်စီဂျင် ပတ်သက်ရင် လူနာတွေ၊ လူနာရှင်တွေ သိထားရမှာက ပြင်ပကလေကို ကိုယ့်နှာခေါင်းနဲ့ ကိုယ်ရှူတာမဟုတ်ဘဲ စက်တွေကနေ၊ စလင်ဒါတွေကနေ ရှူနေရပြီဆိုရင် ‘ဆေး’ဖြစ်သွားပါပြီ။ ဆေးဆိုရင် ဆရာဝန်ညွှန်ကြားချက် လိုလာပါပြီ။ လူနာရဲ့ အကျိုးအတွက် ကိုယ့်ဘာသာကိုယ် အောက်စီဂျင်တွေ တိုးလိုက်၊ လျှော့လိုက်၊ ပေးလိုက်၊ မပေးလိုက် လုံးဝမလုပ်ဖို့ အကြံပေးလိုပါတယ်...

Photos from OxyPlus Myanmar's post 04/08/2021

အသက်ရှူလေ့ကျင့်ခန်း လုပ်နည်း

အောက်စီဂျင် ရှူနည်း

မှောက်နည်း

တစာင်းနေနည်း

ရေးသားပြုစု ထားသော ဆရာ၊ ဆရာမ များကို OxyPlus Myanmar မှ ကျေးဇူးတင်စွာဖြင့် Credit ပေးပါသည်။ 🙏🙏🙏

Want your business to be the top-listed Equipment Service in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon