My Water

My Water

Share

21/08/2024

🫗 ရေသောက်နည်းသူများ ပြုလုပ်သင့်သော အချက် ၁၀ ချက်

💠ရေဘူး ဆောင်ထားပါ။ သင့်ရဲ့ ကိုယ်ပိုင်၊ သယ်ယူရလဲ လွယ်ကူပြီး အဖန်ဖန်ပြန်လည်အသုံးပြုနိုင်တဲ့ ရဘူးတစ်ဘူး ဆောင်ထားခြင်းက သင့်ကို ရေပိုသောက်သုံးစေနိုင်ပါတယ်။

💠Reminder ပေးထားပါ။ သင့်ရဲ့ ဖုန်းမှာပဲဖြစ်ဖြစ်၊ Smartwatch တွေမှာပဲဖြစ်ဖြစ်၊ အနှောင့်အယှက်လဲ မဖြစ်စေမယ့် Subtle ဖြစ်တဲ့ သတိပေးချက်မျိုး ထဲ့သွင်းထားပါ။ သင် ရေသောက်ဖို့ မေ့လျော့နေတာကို တဖြည်းဖြည်းနည်းပါးလာစေနိုင်ပါတယ်။

💠အလေ့အကျင့် သတ်မှတ်ထားပါ။ မနက်ခင်း အိပ်ရာနိုးနိုးခြင်း ရေတစ်ခွက်၊ ရေမချိုးခင် တစ်ခွက် စသည်ကဲ့သို့ အလေ့အကျင့်လေးများ သတ်သတ်မှတ်မှတ် ပြုလုပ်ထားခြင်းက တစ်နေ့တာ လိုအပ်တဲ့သောက်ရေပမာဏကို ဖြည့်ဆည်းပေးနိုင်ပါတယ်။

💠တစ်နေ့တာ ရေ ဘယ်လောက်သောက်ပြီးပြီလဲ မှတ်သားထားပါ။ Mobile Application များ၊ ဒါမှမဟုတ် အမှတ်သားပါတဲ့ ရေသန့်ဘူးများကို အသုံးပြုခြင်းဖြင့်လည်း သင့်ရဲ့ တစ်နေ့တာ ရေသောက်သုံးမှု ပမာဏကို မှတ်သားထားနိုင်ပါတယ်။

💠ပိုက် အသုံးပြုပါ။ သောက်ရေခွက်ပဲဖြစ်ဖြစ်၊ ရေဘူးပဲဖြစ်ဖြစ် Straw တစ်ခုပါနေခြင်းက သင့်ကို အလွယ်တကူ ရေသောက်နိုင်ဖို့အတွက်အထောက်ကူပြုပေးသလို ရေးပိုသောက်ဖြစ်အောင်လဲ လှုံ့ဆော်ပေးနိုင်ပါတယ်။

💠အချိန်နှင့်တကွ သောက်သုံးမည့်ရေပမာဏကို သတ်မှတ်ထားပါ။ ဘူးအရေးအတွက်၊ ခွက်အရေအတွက်များဖြင့် မနက်၊ နေ့လည်၊ ည အချိန်အပိုင်းခြားများ ခွဲခြားပြီးသတ်မှတ်ထားခြင်းက ရေသောက်နည်းခြင်းအတွက် အထောက်ကူပြုပါတယ်။

💠အခြားသော သစ်သီးဝလံများ၊ အသီးအရွက်များဖြင့်လဲ Infuse လုပ်နိုင်ပါတယ်။ သံပုရာသီး၊ သခွားသီး နှင့် ပူဒီနာ ကဲ့သို့သော အသီးအရွက်များနှင့် ရောစပ်ထားခြင်းက ကျန်းမာရေးအတွက်လဲ ပိုမိုကောင်းမွန်စေနိုင်သလို အရသာလဲ ပိုရှိပါတယ်။

💠ရေဓာတ်ကြွယ်ဝတဲ့ သစ်သီးဝလံများကို များများစားသုံးပေးခြင်းဖြင့်လဲ ခန္ဓာကိုယ်ရဲ့ လိုအပ်တဲ့ ရေ ဓာတ်ကို ဖြည့်ဆည်းပေးနိုင်ပါအပ်။

💠Soda, ဖျော်ရည်နှင့် ကော်ဖီကဲ့သို့သော အဖျော်ယမကာ များ သောက်သုံးမည့်အစား ရေသောက်သုံးရန် ရွေးချယ်ခြင်းကလဲ ပိုမို၍ ကျန်းမာရေးနှင့် ညီညွတ်စေပြီး သင့်အတွက်လဲ ကောင်းကျိုးပိုများပါတယ်။

💠နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ ရေသောက်နည်းသူများ မသိစိတ်ကလုပ်လေ့ရှိတဲ့ ရေ ကို အရမ်းဆာလောင်နေမှ သောက်သုံးခြင်းပါ။ ရေဆာသည့် အချိန်ထိ စောင့်ဆိုင်း၍ သောက်သုံးခြင်းအလေ့အကျင့်ကို ရှောင်ရှားပါ။

💦 ဒါဆိုရင်တော့ ရေသောက်နည်းတတ်တဲ့ ပရိသတ်ကြီးအတွက်လဲ အထောက်ကူဖြစ်ပြီး ပိုမိုကျန်းမာလှပ၍ အားအင်ပြည့်ဝတဲ့ နေ့ရက်တွေကိုပိုင်ဆိုင်နိုင်မယ်လို့ ယုံကြည်ပါတယ် 💁‍♂️

#သန့်ရှင်းသော‌ရေနှင့်ကျန်းမာသောဘဝများသို့

"My Water" AUNG THAKHIN TRADING
အမှတ် (၃၆)၊ သံတမန်လမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
Tel: 01 2302088, 01 2302234, 09 95555 8065, 09 95555 8075
Hotline: 09 95555 8095, 09 442646819
ကိုဆက်သွယ်မေးမြန်းတပ်ဆင်လို့ရသလို၊ Chatbox မှလည်း အသေးစိတ်‌မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

07/08/2024

🚰ကျွန်တော်တို့ရဲ့ တစ်နေ့တာအတွက် အရေးကြီးတဲ့ သောက်ရေဟာ သန့်ရှင်းစင်ကြယ်ဖို့အရေးကြီးပါတယ်။ အဝီစိရေ၊ ဂျိုးဖြူရေ စတဲ့ ရေအရင်းမြစ်များမှယူဆောင်၍ ကျိုချက်သောက်သုံးကြခြင်း နှင့် မသန့်ရှင်းသော ရေများကိုသောက်သုံးခြင်းဟာ ကျန်းမာရေးအတွက် လွန်စွာမှအန္တရာယ်ရှိပါတယ် ⚠️

🚱 လုံလောက်စွာသန့်ရှင်းစင်ကြယ်ထားမှု မရှိသောရေများတွင် E.Coli နှင့် Salmonella ကဲ့သို့သော ဘက်တီးရီးယားရောဂါပိုးမွှားများနှင့် အဏုဇီဝကပ်ပါးပိုးများ များစွာပါဝင်လာနိုင်ပြီး အော့အန်ခြင်း၊ ဝမ်းပျက်ခြင်း၊ ဝမ်းလျှောခြင်းနှင့် အူရောင်ငန်းဖျားရောဂါများအထိပါ ဖြစ်ပွားစေနိုင်ပါတယ်။

☣️ ခဲ နှင့် ပြဒါးကဲ့သို့သော ဓာတုဓာတ်များလဲ များစွာပျော်ဝင်နေနိုင်တာမို့ ကျန်းမာရေးကို လွန်စွာမှ ဆိုးကျိုးသက်ရောက်စေနိုင်ပြီး အဆိုးဆုံးအနေဖြင့် ဦးနှောက်နှင့် ကျောက်ကပ်ကိုပါ ထိခိုက်စေနိုင်ပါတယ်။ ပိုးသတ်ဆေးနှင့် အခြားသော ဓာတ်သတ္တုများလည်း ပါဝင်နေနိုင်ပြီး ကင်ဆာရောဂါများ ဖြစ်ပွားစေနိုင်ပါသေးတယ်။

☢️ အခြားသော မသန့်ရှင်းသောရေအရင်းမြစ်များတွင် ပါဝင်တတ်သော အညစ်အကြေး၊ အဆိပ်အတောက်များ ဖြစ်တဲ့ သဲ၊နုန်း၊မြေများ၊ Fluoride နှင့် Nitrate ကဲ့သို့သော သဘာဝ ဓာတ်သတ္တုများ ပါဝင်မှုကြောင့်လဲ ခန္ဓာကိုယ်ကို ဆိုးကျိုးများစွာဖြစ်စေသော ရောဂါပိုးများ ဝင်ရောက်လာစေနိုင်ကာ ဖွံ့ဖြိုးဆဲ ကလေးငယ်များအတွက်လဲ များစွာမှ အန္တရာယ်ရှိပါတယ်။

💧မသန့်ရှင်းသော သောက်သုံးရေ အန္တရာယ်များကို ကျော်လွှားနိုင်ရန်အတွက်ကတော့ My Water ရေသန့်စက်က သင့်လက်တကမ်းမှာ ရှိနေပါပြီ။ Filter အဆင့် ၅ ဆင့် ဖြင့် အကောင်းမွန်ဆုံး သန့်စင်ပေးနိုင်တဲ့ နည်းပညာများနဲ့ သင့် မိသားစုအား ကျန်းမာရေးနှင့်ညီညွတ်တဲ့ pH7 အဆင့်ရှိတဲ့ သောက်ရေသန့် အရင်းမြစ်တစ်ခုကို ဖန်တီးပေးမှာပါ။

📢 ကိုယ်ပိုင်လဲ တပ်ဆင်နိုင်သလို လစဉ်လဲ ငှားရမ်းသုံးဆွဲနိုင်တဲ့ Option လေးလဲ My Water မှာရနိုင်ပါတယ်။ အစဉ်အမြဲ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မယ့် Service Team ကလဲ အသင့်ရှိနေပြီး အမြို့မြို့အနယ်နယ်မှာလဲ နေအိမ်ပေါင်းများစွာကို စိတ်တိုင်းကျ တပ်ဆင်ပေးထားပြီးပြီဖြစ်တာမို့ ယုံကြည်စိတ်ချစွာတပ်ဆင်နိုင်ပြီဖြစ်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ် 🗣️

#သန့်ရှင်းသော‌ရေနှင့်ကျန်းမာသောဘဝများသို့

"My Water" AUNG THAKHIN TRADING
အမှတ် (၃၆)၊ သံတမန်လမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
Tel: 01 2302088, 01 2302234, 09 95555 8065, 09 95555 8075
Hotline: 09 95555 8095, 09 442646819
ကိုဆက်သွယ်မေးမြန်းတပ်ဆင်လို့ရသလို၊ Chatbox မှလည်း အသေးစိတ်‌မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

20/07/2024

🇲🇲🌝ဓမ္မစကြာနေ့🌝🇲🇲

ယနေ့တွင် ကျရောက်သော ဝါဆိုလပြည့်နေ့ (ဓမ္မစကြာနေ့) တွင် မြန်မာပြည်သူပြည်သားများအားလုံး ဘေးဘယာဝေးကွာ၍ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပါစေကြောင်း My Water မိသားစု မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ။

#သန့်ရှင်းသော‌ရေနှင့်ကျန်းမာသောဘဝများသို့ 💧

#ဝါဆိုလပြည့်နေ့
#ဓမ္မစကြာအခါတော်နေ့

09/07/2024

ယခုလက်တလော ဖြစ်ပေါ်နေတဲ့ ကာလဝမ်းရောဂါ အကြောင်း အားလုံးပဲ သိပြီးကြပြီထင်ပါတယ်။ မသန့်ရှင်းတဲ့ အစားစာများစားသုံးခြင်း နှင့်မသန့်ရှင်းတဲ့ ရေ သောက်သုံးမှုကတဆင့် ဖြစ်ပွားလာတဲ့ ဒီ ရောဂါဟာ အသက်ဆုံးရှုံးနိုင်တဲ့အထိ ပြင်းထန်တာမို့ အထူးသတိထား ကာကွယ်ဖို့ သတိပြုပါခင်ဗျာ။

ရောဂါဖြစ်ပွားခြင်းမှ ကာကွယ်ရန်အတွက် လက်ကို ဆပ်ပြာဖြင့်မကြာခဏ ဆေးကြောသန့်စင်ပေးပါ။ ပြင်ပအစားသောက်များ စားသုံးမှုကိုရှောင်ပါ၊ အစားစာများ အသီးရွက်များကို ကို မစားမှီ သေချာဆေးကြောသန့်စင်ပါ။ အစိမ်းစားခြင်းကို ရှောင်ကြဉ်ပြီး သေချာကျက်အောင်ချက်၍ ပူပူနွေးနွေးစားပါ။ ယင်နားစာများကို ရှောင်ပါ။ တကိုယ်ရည်သန့်ရှင်းမှု အထူးဂရုပြုပြီး ရေကိုလည်း ကျိုချက်ထားတဲ့ရေ ဒါမှမဟုတ် သန့်ရှင်းတဲ့ ရေကို သောက်သုံးပါ။ ရောဂါလက္ခဏာဖြစ်တဲ့ ဆန်ဆေးရည်ကဲ့သို့ ဝမ်းများသွားပါ နီးစပ်ရာ ကျန်းမာရေးဌာနအား ဆက်သွယ်ပြသပြီး ဆေးကုသမှု ခံယူပါ။

My Water ရေသန့်စက် ကို အသုံးပြုခြင်းဖြင့်လည်း ရောဂါဖြစ်ပွားစေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေကို အကောင်းဆုံးသန့်စင်ပေးနိုင်ပြီး သန့်ရှင်းတဲ့ သောက်ရေသန့်ရင်းမြစ်တစ်ခုကို ပိုင်ဆိုင်နိုင်ပါပြီ။

#သန့်ရှင်းသော‌ရေနှင့်ကျန်းမာသောဘဝများသို့

"My Water" AUNG THAKHIN TRADING
အမှတ် (၃၆)၊ သံတမန်လမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
Tel: 01 2302088, 01 2302234, 09 95555 8065, 09 95555 8075
Hotline: 09 95555 8095, 09 442646819
ကိုဆက်သွယ်မေးမြန်းတပ်ဆင်လို့ရသလို၊ Chatbox မှလည်း အသေးစိတ်‌မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

04/07/2024

ကျွန်တော်တို့ရဲ့ တစ်နေ့တာအတွက် အရေးကြီးဆုံးအရာတစ်ခုကတော့ ရေ ပါ 💧

🏃ခန္ဓာကိုယ်ရဲ့ တစ်နေ့တာ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်နိုင်ဖို့ ရေဓာတ်ဖြည့်တင်းပေးခြင်း၊ ခန္ဓာကိုယ် အပူချိန်ကို ထိန်းညှိပေးခြင်း၊ အသားရည်စိုပြေစေခြင်း၊ အစာချေစနစ်ကို ကူညီပေးခြင်း၊ ကျောက်ကပ်ကိုလည်း ကူညီပံ့ပိုးပေးပြီး ခန္ဓာကိုယ်တွင်းရှိ အညစ်ကြေးအဆိပ်တောက်များကို လည်း ဖယ်ရှားပေးပါတယ် 💪

💦 60% ရေဓာတ်များဖြင့်ဖွဲ့စည်းထားတဲ့ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ကြီးအတွက် လိုအပ်တဲ့ ရေဓာတ်ကို အကောင်းဆုံး သန့်ရှင်းစွာနဲ့ သောက်သုံးရအဆင်ပြေစေမယ့် ရေ ရှိဖို့လည်း အရေးကြီးပါတယ်။

ဒီ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ့် My Water ရေသန့်စက် ကို တပ်ဆင်မယ်ဆိုရင်တော့

🔹မသန့်ရှင်းတဲ့ Impurities တွေဖြစ်တဲ့ ထုံး၊ သံ၊ သဲ ဓာတ်တွေကို သန့်စင်ပေးတဲ့အပြင် ရေထဲမှာပါဝင်တတ်တဲ့ လူတွေကို ဒုက္ခပေးတတ်တဲ့ ဘက်တီးရီးယား ပိုးမွှားတွေကိုလည်း အကောင်းဆုံး သန့်စင်ပေးနိုင်ပါတယ်။

🔹သောက်သုံးရေအတွက် အပိုကုန်စရာမလိုတော့တာမို့ ကုန်ကျစရိတ်သက်သာစေပါတယ်။

🔹အချိန်ကုန် လူပင်ပန်းလည်းသက်သာစေပြီး သောက်သုံးလိုတဲ့ အချိန်တိုင်း သန့်ရှင်းတဲ့ ရေ အရင်းမြစ် အသင့်ရှိနေတာမို့ ပိုမိုလွယ်ကူစေပါတယ်။

🔹မိမိတို့ရဲ့ နေအိမ်၊ အလုပ်၊ ရုံး၊ ဆိုင်ခန်းတွေအတွက် လူ ၇ ဦးစာ လုံလောက်စွာသောက်သုံးရန် အဆင်ပြေခြင်း။

🔹နေရာအထားသိုအတွက် စိတ်ပူစရာမလိုခြင်း။

🔹ဘယ်အချိန်မဆို အကောင်းမွန်ဆုံး Service တွေကို အပြည့်ပေးဖို့အတွက် အသင့်ရှိနေတဲ့ Service Team လည်းရှိတာမို့ အစဉ်အမြဲ ယုံကြည်စိတ်ချရခြင်း စတဲ့အကျိုးကျေးဇူးတွေ များစွာရှိတာမို့ လူကြီးမင်းတို့ရဲ့ သာယာလှပ ကျန်းမာရွှင်လန်းသော နေ့သစ်တွေအတွက် My Water ရေသန့်စက်လေးကအသင့်ရှိနေပါတယ် 💙

ယုံကြည်စိတ်ချစွာတပ်ဆင်နိုင်ပြီး Rental Service လည်း ရှိတာမို့ လူကြီးမင်းတို့ စိတ်တိုင်းကျ ငှားရမ်းပြီးလည်း တပ်ဆင်နိုင်မှာဖြစ်ကြောင်း သတင်းကောင်း ပါးလိုက်ပါတယ် 💁‍♂️

#သန့်ရှင်းသော‌ရေနှင့်ကျန်းမာသောဘဝများသို့

"My Water" AUNG THAKHIN TRADING
အမှတ် (၃၆)၊ သံတမန်လမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
Tel: 01 2302088, 01 2302234, 09 95555 8065, 09 95555 8075
Hotline: 09 95555 8095, 09 442646819
ကိုဆက်သွယ်မေးမြန်းတပ်ဆင်လို့ရသလို၊ Chatbox မှလည်း အသေးစိတ်‌မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

Want your business to be the top-listed Furniture Store in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


36, Than Ta Man Road, Dagon Township
Yangon
11191

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00