GLTA Construction Co.,Ltd.
30/06/2025
GLTA Construction တွင် ရရှိနိုင်သော Services များ
မိတ်ဆွေတို့ရဲ့ စိတ်ကူးအိပ်မက်တွေကို လက်တွေ့အကောင်အထည်ဖော်ပေးနေတဲ့ 𝐆𝐋𝐓𝐀 မှာ အဆောက်အဦးဆောက်တာအပြင် နောက်ထပ်ဘယ်လို 𝐒𝐞𝐫𝐯𝐢𝐜𝐞 မျိုးတွေရသေးလဲဆိုရင် -
✨ 𝐋𝐮𝐱𝐮𝐫𝐲 𝐋𝐨𝐨𝐤 တိုင်းရဲ့ မပါမဖြစ် အလူမီနီယမ် 𝐒𝐞𝐫𝐯𝐢𝐜𝐞 👍
ခေတ်မီပရိဘောဂပစ္စည်းဖန်တီးမှုတွေကစလို့ အိမ်တွင်းအလှဆင်ခြင်း နဲ့ ပြုပြင်ပြောင်းလဲခြင်းတွေအထိ ခေတ်သစ်ဆောက်လုပ်ရေးလုပ်ငန်းတိုင်းမှာ မရှိမဖြစ် တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြတာ သေသပ်လှပပြီး 𝐋𝐮𝐱𝐮𝐫𝐲 𝐋𝐨𝐨𝐤 အပြည့်ရစေတဲ့ အလူမီနီယမ် (𝐀𝐥𝐮𝐦𝐢𝐧𝐢𝐮𝐦) ပစ္စည်းတွေပါပဲ။
ကျွန်တော်တို့ 𝐆𝐋𝐓𝐀 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 မှာ လူကြီးမင်းတို့ရဲ့ နေအိမ်၊ လုပ်ငန်း၊ ရုံးခန်း၊ ဆိုင်ခန်း စတာတွေအားလုံးအတွက် လှပမှုနဲ့ခံထည်မှုတို့ တစ်ပြိုင်တည်းရရှိစေမဲ့ အလူမီနီယံအလုပ်အမျိုးအစားတွေဖြစ်တဲ့ -
🔹 အလူမီနီယမ် မှန်ပြတင်းပေါက်များ (𝐀𝐥𝐮𝐦𝐢𝐧𝐢𝐮𝐦 𝐖𝐢𝐧𝐝𝐨𝐰𝐬)
🔹 အလူမီနီယမ် မှန်တံခါးများ (𝐀𝐥𝐮𝐦𝐢𝐧𝐢𝐮𝐦 𝐃𝐨𝐨𝐫𝐬)
🔹 အလူမီနီယမ် အခန်းဖွဲ့စည်းခြင်းများ (𝐀𝐥𝐮𝐦𝐢𝐧𝐢𝐮𝐦 𝐏𝐚𝐫𝐭𝐢𝐭𝐢𝐨𝐧𝐬)
🔹 အလူမီနီယမ် ကဲလားတံခါးများ (𝐀𝐥𝐮𝐦𝐢𝐧𝐢𝐮𝐦 𝐂𝐚𝐬𝐞𝐦𝐞𝐧𝐭 𝐖𝐢𝐧𝐝𝐨𝐰𝐬)
🔹 အလူမီနီယံ ကွန်ပို့စစ်များဖြင့် အလှဆင်ခြင်းများ (𝐀𝐥𝐮𝐦𝐢𝐧𝐢𝐮𝐦 𝐂𝐨𝐦𝐩𝐨𝐬𝐢𝐭𝐞 𝐏𝐚𝐧𝐞𝐥 𝐈𝐧𝐬𝐭𝐚𝐥𝐥𝐚𝐭𝐢𝐨𝐧)
🔹 အလူမီနီယံ မှန်ကောင်တာရှိုးကေ့များ (𝐀𝐥𝐮𝐦𝐢𝐧𝐢𝐮𝐦 𝐒𝐡𝐨𝐰𝐜𝐚𝐬𝐞)
စတာတွေအပြင် အလူမီနီယမ်ပိုင်းဆိုင်ရာ အမျိုးမျိုးသောလုပ်ငန်းအားလုံးကို ပစ္စည်းမှန် စျေးနှုန်းမှန် 𝐐𝐮𝐚𝐥𝐢𝐭𝐲 မှန် လက်ရာသေသပ် ပစ္စည်းခိုင်မာ အာမခံမှုပြည့်ဝစွာနဲ့ လူကြီးမင်းတို့ စိတ်တိုင်းကျဖြစ်အောင် ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။
(၂၁) ရာစုမော်ဒန်ခေတ်မှာ အလူမီနီယမ်ပစ္စည်းတွေက ဘာလို့အဲ့လောက်တောင် အရေးပါနေရလဲဆိုတာ သိချင်တဲ့ လူကြီးမင်းတွေအနေနဲ့လည်း ကျွန်တော်တို့ 𝐆𝐋𝐓𝐀 ကမျှဝေပေးထားတဲ့ အလူမီနီယမ်ပစ္စည်းတွေရဲ့ ကောင်းကျိုးတွေအကြောင်းကို ဒီ 𝐋𝐢𝐧𝐤 လေးထဲကတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 👇
➤ : https://www.facebook.com/share/p/1Hn5vo9rF6/
✨ 𝐑𝐞𝐧𝐨𝐯𝐚𝐭𝐢𝐨𝐧 & 𝐃𝐞𝐜𝐨𝐫𝐚𝐭𝐢𝐨𝐧 ဝန်ဆောင်မှု 👍
မိမိရဲ့ အိမ်ဂေဟာ၊ လုပ်ငန်း၊ ရုံးခန်း၊ ဆိုင်ခန်းတွေမှာ စိတ်တိုင်းမကျလို့ ပြန်လည်ပြုပြင်ချင်တဲ့နေရာတွေ၊ အလှဆင်မွမ်းမံချင်တဲ့နေရာတွေရှိနေတဲ့ လူကြီးမင်းတွေအတွက်လည်း 𝐆𝐋𝐓𝐀 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 က 𝐑𝐞𝐧𝐨𝐯𝐚𝐭𝐢𝐨𝐧 နဲ့ 𝐃𝐞𝐜𝐨𝐫𝐚𝐭𝐢𝐨𝐧 ဝန်ဆောင်မှုရှိနေပါသေးတယ်။
🔧 တစ်အိမ်လုံး ပြုပြင်မွမ်းမံခြင်းကနေစလို့
🔹 မီးဖိုခန်းအသစ်ပြုပြင်ဖန်တီးခြင်း
🔹 ရေချိုးခန်း၊ အိမ်သာများ ပြန်လည်ပြုပြင်ခြင်း
🔹 အတွင်းပိုင်း မီးအလှဆင်မှု၊ 𝐋𝐄𝐃 တပ်ဆင်ခြင်း
🔹 မီးလိုင်းသွယ်ခြင်း
🔹 𝐆𝐲𝐩𝐬𝐮𝐦 𝐁𝐨𝐚𝐫𝐝 (ဂျပ်ဆင်ဘုတ်) ဖြင့် မျက်နှာကျက်အလှဆင်ခြင်း
🔹 မျက်နှာကျက် ဆေးသုတ်ခြင်း
🔹 နံရံအတွင်း/အပြင် ဆေးသုတ်ခြင်း
🔹 𝐀𝐥𝐮𝐦𝐢𝐧𝐮𝐦 & 𝐆𝐥𝐚𝐬𝐬 များဖြင့် အလှဆင်ခြင်း
🔹 𝐌𝐨𝐝𝐞𝐫𝐧 𝐅𝐮𝐫𝐧𝐢𝐭𝐮𝐫𝐞 အလှတပ်ဆင်ခြင်း
စတဲ့ ဝန်ဆောင်မှုများအားလုံးကိုလည်း ကျွန်တော်တို့ 𝐆𝐋𝐓𝐀 က အစ၊အဆုံး ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။
ဒါကြောင့်
🎯 အိမ်ခန်းကို ပြန်ပြင်ချင်တာလား?
🎯 ဆိုင်ခန်းကို ထပ်ချဲ့ချင်တာလား?
🎯 အစအဆုံး 𝐌𝐨𝐝𝐞𝐫𝐧 𝐒𝐭𝐲𝐥𝐞 နဲ့ 𝐃𝐞𝐜𝐨𝐫𝐚𝐭𝐢𝐨𝐧 လုပ်ချင်တာလား?
𝐆𝐋𝐓𝐀 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 က ကျွမ်းကျင်ပညာရှင်တွေအားလုံးနဲ့ တစ်နေရာထဲမှာ 𝐃𝐞𝐬𝐢𝐠𝐧, 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧, 𝐃𝐞𝐜𝐨𝐫𝐚𝐭𝐢𝐨𝐧 အားလုံးကို လူကြီးမင်းတို့အတွက် ဝန်ဆောင်မှုပေးနေတာပဲဖြစ်ပါတယ်။
အသေးစိတ်တိုင်ပင်ဆွေးနွေးစုံစမ်းလိုပါက …
☎️ Hotline Numbers - 09 423 694 306, 09 426 634 100.
📌 Yangon Office Address - No(37), Thandar 8th Street, Nga Quarter, North Okkalapa Township, Yangon.
📌 Magway Office Address - No(B/S-43), Taung Twin Road, Kan Thar Group, Kan Thar (B) Quarter, Magway.
#𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 #𝐄𝐧𝐠𝐢𝐧𝐞𝐞𝐫𝐢𝐧𝐠
#𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠 #𝐋𝐮𝐱𝐮𝐫𝐲𝐃𝐞𝐬𝐢𝐠𝐧 #𝐐𝐮𝐚𝐥𝐢𝐭𝐲
#𝐀𝐥𝐮𝐦𝐢𝐧𝐢𝐮𝐦 #𝐑𝐞𝐧𝐨𝐯𝐚𝐭𝐢𝐨𝐧 #𝐃𝐞𝐜𝐨𝐫𝐚𝐭𝐢𝐨𝐧
18/06/2025
အဆောက်အဦးတစ်ခုရဲ့ အရေးအပါဆုံး အခြေခံအုတ်မြစ် (𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧)
“သစ်တစ်ပင်ကောင်းရင် ငှက်တစ်သောင်းနားနိုင်တယ်” ဆိုသလိုပဲ ငှက်တစ်သောင်းနားနေနိုင်တဲ့ သစ်ပင်ကောင်းတစ်ပင်ဖြစ်ဖို့ဆိုတာ လေဒဏ်၊ မိုးဒဏ်၊ ရေကြီး၊ မိုးကြီး၊ မြေပြို၊ မုန်တိုင်း စသဖြင့် သဘာဝဘေးဒဏ်တွေကို ကြံ့ကြံ့ခံနိုင်တဲ့ “အမြစ်” ကောင်းတွေရှိနေဖို့ အရေးကြီးပါတယ်။
အဆောက်အဦးတစ်ခုရဲ့ အခြေခံအုတ်မြစ် (𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧) ဆိုတာလည်း မမြင်ရတဲ့သစ်ပင်အမြစ်တွေလိုပါပဲ။ အိမ်ဆောက်တာပဲဖြစ်ဖြစ်၊ ထုထည်ကြီးမားတဲ့ အဆောက်အဦးအမြင့်တွေ ဆောက်လုပ်တာပဲဖြစ်ဖြစ် ဝန်အားလုံးကို သယ်ဆောင်ထားရတဲ့ အဓိက အခြေခံအုတ်မြစ်ခိုင်မာနေမှသာ
နံရံ၊ ကြမ်းပြင်တို့လို ပြောင်းလဲမှုမရှိတဲ့ ဝန်သေအလေးချိန် (𝐃𝐞𝐚𝐝 𝐋𝐨𝐚𝐝) နဲ့ လူ၊ ယာဉ်တို့လို ရွှေ့ လျားနိုင်တဲ့အလေးချိန် (𝐋𝐢𝐯𝐞 𝐋𝐨𝐚𝐝) တို့ကိုပါ ခံနိုင်ရည်ရှိမှာဖြစ်ပြီး လေဒဏ်၊ ရေဒဏ်၊ မြေငလျင်ဒဏ်တို့လို သဘာဝဘေးအန္တရာယ် (𝐄𝐧𝐯𝐢𝐫𝐨𝐧𝐦𝐞𝐧𝐭𝐚𝐥 𝐋𝐨𝐚𝐝) တွေကြုံလာခဲ့ရင်လည်း မြေပြင်ပေါ်မှာ တည်ငြိမ်မှုရှိနေအောင် အကောင်းဆုံး ကြံ့ကြံ့ခံနိုင်မှာပဲဖြစ်ပါတယ်။
❌ အခြေခံအုတ်မြစ် (𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧) ကောင်းကောင်းမရှိတဲ့အခါ -
◈ နံရံ၊ ကြမ်းပြင်များ အက်ကွဲခြင်း
◈ တံခါး၊ ပြတင်းပေါက်များ ရွဲ့စောင်းခြင်း
◈ ရေများအလွယ်တကူစိမ့်ဝင်ခြင်း
◈ အဆောက်အဦးမြေကျွံဝင်ခြင်း၊ တိမ်းစောင်းခြင်း
◈ ငလျင်ဒဏ်ခံနိုင်မှုအားနည်းခြင်း
◈ အိမ်သက်တမ်း ကြာရှည်မခံခြင်း စတာတွေကို ကြုံတွေ့ရမှာပဲဖြစ်ပါတယ်။
✅ အခြေခံအုတ်မြစ်ကောင်းတစ်ခုတည်ဆောက်နိုင်ဖို့ ဒီအချက်တွေကို အထူးဂရုစိုက်ပေးဖို့လိုပါတယ် 👇
(၁) မြေဆီလွှာဂုဏ်သတ္တိ (𝐒𝐨𝐢𝐥 𝐏𝐫𝐨𝐩𝐞𝐫𝐭𝐢𝐞𝐬)
မြေအမျိုးအစားကိုကောင်းစွာသိရှိမှ အုတ်မြစ်ရဲ့ အတိမ်၊ အနက်၊ ဒီဇိုင်းတို့ကို ကောင်းကောင်းဆုံးဖြတ်နိုင်မှာပဲဖြစ်ပါတယ်။
(၂) အုတ်မြစ်အမျိုးအစား (𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 𝐓𝐲𝐩𝐞𝐬)
အဆောက်အဦးရဲ့ အလေးချိန်၊ မြေအခြေအနေ နဲ့ ဘတ်ဂျက်ပေါ်မူတည်ပြီး မြေပေါ်နီးနီးတည်ဆောက်ရတဲ့ (𝐒𝐡𝐚𝐥𝐥𝐨𝐰 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧) လား၊ မြေနက်နက်တူးရတဲ့ (𝐃𝐞𝐞𝐩 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧) လားဆိုတာခွဲခြားရပါမယ်။
(၃) မြေအောက်ရေစီးကြောင်းနဲ့စိုထိုင်းဆ
မြေအောက်ရေစိမ့်ဝင်မှုကနေ အုတ်မြစ်တွေပျက်စီးနိုင်တာကြောင့် စိုထိုင်းဆကာကွယ်တဲ့စနစ် (𝐖𝐚𝐭𝐞𝐫𝐩𝐫𝐨𝐨𝐟𝐢𝐧𝐠) နဲ့ ရေဆင်းစနစ် (𝐃𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐒𝐲𝐬𝐭𝐞𝐦) တွေ ကောင်းကောင်းရှိဖို့လိုပါတယ်။
(၄) အုတ်မြစ်ရဲ့ခိုင်ခံ့မှု (𝐒𝐭𝐫𝐮𝐜𝐭𝐮𝐫𝐚𝐥 𝐈𝐧𝐭𝐞𝐠𝐫𝐢𝐭𝐲)
𝐃𝐞𝐚𝐝 𝐋𝐨𝐚𝐝, 𝐋𝐢𝐯𝐞 𝐋𝐨𝐚𝐝, 𝐄𝐧𝐯𝐢𝐫𝐨𝐧𝐦𝐞𝐧𝐭𝐚𝐥 𝐋𝐨𝐚𝐝 စတဲ့ ဝန်ချိန်တွက်ချက်မှုတွေကို တိကျသေချာစွာတွက်ချက်ပြီး 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 ဆောက်လုပ်မဲ့ သံချောင်း (𝐑𝐞𝐛𝐚𝐫)၊ ကွန်ကရစ်တို့ကို အရည်အသွေးစံနှုန်းမီအောင်ထားရှိဖို့လိုပါတယ်။
(၅) ဒေသန္တစံနှုန်းဥပဒေများ (𝐋𝐨𝐜𝐚𝐥 𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠 𝐂𝐨𝐝𝐞𝐬)
ဒေသခံဆောက်လုပ်ရေးဆိုင်ရာ သတ်မှတ်ထားတဲ့ဥပဒေတွေ၊ ငလျင်ဒဏ်ခံနိုင်မှုစံနှုန်း၊ မီးလောင်ဒဏ်ကာကွယ်မှုစံနှုန်း စတာတွေကို လိုက်နာရပါမယ်။
(၆) ပတ်ဝန်းကျင်အခြေအနေ (𝐄𝐧𝐯𝐢𝐫𝐨𝐧𝐦𝐞𝐧𝐭𝐚𝐥 𝐅𝐚𝐜𝐭𝐨𝐫𝐬)
ငလျင်ဒဏ်ကြုံတွေ့မှုများတဲ့ဒေသတွေမှာ 𝐁𝐚𝐬𝐞 𝐈𝐬𝐨𝐥𝐚𝐭𝐨𝐫𝐬 ပါတဲ့ ငလျင်ဒဏ်ခံနိုင်မဲ့ဒီဇိုင်း (𝐒𝐞𝐢𝐬𝐦𝐢𝐜 𝐃𝐞𝐬𝐢𝐠𝐧)၊ ပူပြင်းတဲ့ဒေသတွေမှာ အပူကြောင့် ကွန်ကရစ်ပြန့်ကားမှုကို ထည့်သွင်းတွက်ချက်ထားတဲ့ အပူချိန်ပြောင်းလဲမှုဒီဇိုင်း (𝐓𝐡𝐞𝐫𝐦𝐚𝐥 𝐄𝐱𝐩𝐚𝐧𝐬𝐢𝐨𝐧) စတာတွေသိရှိဖို့လိုပါတယ်။
(၇) အရည်အသွေးထိန်းချုပ်မှု (𝐐𝐮𝐚𝐥𝐢𝐭𝐲 𝐂𝐨𝐧𝐭𝐫𝐨𝐥)
အုတ်မြစ်တူးခြင်း၊ သံချောင်းချခြင်း၊ ကွန်ကရစ်သွန်းခြင်းတို့ကနေ 𝐂𝐮𝐫𝐢𝐧𝐠 လုပ်သည်အထိ ဆောက်လုပ်မှုအဆင့်တိုင်းကို ကျွမ်းကျင်သူက စနစ်တကျ စစ်ဆေးပေးနေဖို့လိုပါတယ်။
(၈) ပြုပြင်ထိန်းသိမ်းမှု (𝐌𝐚𝐢𝐧𝐭𝐞𝐧𝐚𝐧𝐜𝐞)
အက်ကြောင်း နဲ့ ရေစိမ့်ဝင်မှုတွေကို ပုံမှန်စောင့်ကြည့်စစ်ဆေးပေးခြင်း၊ ပြန်လည်ပြုပြင်ပေးခြင်း စတာတွေက အဆောက်အဦးသက်တမ်းကို ကြာရှည်ခံစေပြီး ရေရှည်ခိုင်ခံ့မှုကို ထိန်းသိမ်းပေးပါတယ်။
(၉) ကျွမ်းကျင်သူများနဲ့ညှိနှိုင်းခြင်း (𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐧𝐬𝐮𝐥𝐭𝐚𝐭𝐢𝐨𝐧)
𝐆𝐞𝐨𝐭𝐞𝐜𝐡𝐧𝐢𝐜𝐚𝐥 𝐄𝐧𝐠𝐢𝐧𝐞𝐞𝐫, 𝐀𝐫𝐜𝐡𝐢𝐭𝐞𝐜𝐭, 𝐂𝐢𝐯𝐢𝐥 𝐄𝐧𝐠𝐢𝐧𝐞𝐞𝐫 စတဲ့ နယ်ပယ်အလိုက် ကျွမ်းကျင်ပညာရှင်များနဲ့အတူ တည်ဆောက်မှု အစစအရာရာကို စနစ်တကျတိုင်ပင်ညှိနှိုင်းဖို့လိုပါတယ်။
လူကြီးမင်းတို့ရဲ့ စိတ်ကူးအိပ်မက်ထဲက အဆောက်အဦးလေးတစ်လုံး အခြေခံအုတ်မြစ်ကနေစတင်လို့ ဒီအချက်တွေအားလုံးပြည့်စုံပြီး အချောထည်ပြီးစီးသည်အထိ (အစ-အဆုံး) သပ်ရပ်လှပစွာ ဘေးအန္တရာယ် အမျိုးမျိုးကနေ ကြံ့ကြံ့ခံနိုင်ချင်တယ်ဆိုရင်တော့..
ဆောက်လုပ်ရေးနယ်ပယ်အသီးသီးက ကျွမ်းကျင်ပညာရှင်များနဲ့ဖွဲ့စည်းထားတဲ့ ကျွန်တော်တို့ 𝐆𝐋𝐓𝐀 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 ကိုသာ အမြန်ဆုံးလှမ်းလာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။
အသေးစိတ်တိုင်ပင်ဆွေးနွေးစုံစမ်းလိုပါက …
☎️ Hotline Numbers - 09 423 694 306, 09 426 634 100.
📌 Yangon Office Address - No(37), Thandar 8th Street, Nga Quarter, North Okkalapa Township, Yangon.
📌 Magway Office Address - No(B/S-43), Taung Twin Road, Kan Thar Group, Kan Thar (B) Quarter, Magway.
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
ติดต่อ ธุรกิจของเรา
เบอร์โทรศัพท์
เว็บไซต์
ที่อยู่
No(37), Thandar 8th Street, Nga Quarter, North Okkalapa Township
Bang Phun
เวลาทำการ
| จันทร์ | 09:00 - 23:00 |
| อังคาร | 09:00 - 23:00 |
| พุธ | 09:00 - 23:00 |
| พฤหัสบดี | 09:00 - 23:00 |
| ศุกร์ | 09:00 - 23:00 |
| เสาร์ | 09:00 - 23:00 |
| อาทิตย์ | 09:00 - 23:00 |