Tour Diary MM
15/02/2026
"ကုန်းတွင်းပိုင်းက ဟလောင်ဘေး" လို့တင်စားရတဲ့ 🚣♂️⛰️ Ninh Binh ကို ရောက်ဖူးပြီလား?
🇻🇳 Vietnam ကိုလည်ဖို့အတွက်စဉ်းစားမယ်ဆိုရင် Ha Long Bay နဲ့ယှဉ်တွဲပြီး သဘာဝတရားတွေနဲ့ပြည့်နေတဲ့ မြောက်ပိုင်းရဲ့ Hidden Gem တစ်ခုဖြစ်တဲ့ Ninh Binh ကလည်း လုံးဝချန်ထားခဲ့လို့မရတဲ့ Tour Attraction နေရာတစ်ခုဆိုလည်းမမှားပါဘူး
🪨 စိမ်းစိုနေတဲ့ ထုံးကျောက်တောင်ကြီးတွေကြားထဲမှာ
🛶လှေငယ်လေးစီးရင်း ငြိမ့်ငြိမ့်ညောင်းညောင်း တောတောင်သဘာဝတွေကို ရေပြင်ကျယ်ကြီးမှာ အေးအေးချမ်းချမ်းနဲ့ ခံစားရင်း အပန်းဖြေချင်သူတွေအတွက် အသင့်တော်ဆုံးနေရာပါ…😍
🏞️Trang An ကတော့ ယူနက်စကိုအမွေအနှစ်ဝင် နေရာတစ်ခုဖြစ်ပြီး ကြည်လင်လွန်းတဲ့ ရေပြင်ကြီးကို လှေပေါ်ကနေ တောင်တန်းလေထုလေးနဲ့အတူ ထိတွေ့ခံစားရမှာအပြင် လှေစီးရင်း မြစ်ကွေ့လေးတွေမှာ တည်ရှိနေတဲ့ ရှေးဟောင်းဗိသုကာလက်ရာ 🛕ဘုရားကျောင်းဆောင်လေးတွေက မြူမှောင်မှောင် 🏔️ တောင်တန်းတွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ တကယ့်ကို ပန်းချီကားတစ်ချပ်လိုပါပဲ...
🪨 ထုံးကျောက်တောင်ကြီးတွေကို ဖောက်ထွက်သွားတဲ့ သဘာဝလိုဏ်ဂူကျဉ်းလေးတွေထဲ လှေနဲ့ ဝင်ရတဲ့ခံစားချက်ကလည်း တကယ့်ကို ရင်ခုန်ဖို့ကောင်းပြီး လိုဏ်ဂူထဲက စွန့်စားခန်းဖြစ်တဲ့ ခေါင်းနဲ့ လိုဏ်ဂူအမိုးနဲ့ မလွတ်တလွတ် ခံစားချက်တွေက ဒီခရီးစဉ်ကို ပိုပြီး အသက်ဝင်စေနေတာပါပဲ....🤩🥰
👉🏼 Mua Cave တောင်ပေါ်ကကိုလည်း လှေကားထစ်ပေါင်း (၅၀၀) ကျော်ကို တက်ရမှာဖြစ်ပေမဲ့ ထိပ်ကိုရောက်သွားရင် မြင်ရမယ့် မြစ်ကွေ့ကြီးရဲ့ View ကတော့ တစ်သက်စာ မမေ့နိုင်မယ့်အမှတ်တရထဲကတစ်ခုပေါ့ ....
🚣♂️ လှေစီးပြီးလို့ အမောဖြေပြီးပြီဆိုရင်တော့ Ninh Binh ရဲ့ အလှဆုံး View ကို မြင်ရမယ့်တောင်တက်ရတာကြိုက်သူတွေအတွက် သွားကိုသွားရမယ့် " Mua Cave (Hang Mua)"ကို တက်ကြမယ်။ " Lying Dragon Mountain" လို့လည်းခေါ်တဲ့ ဒီတောင်ထိပ်ကို ရောက်ဖို့ ကျောက်လှေကားထစ် ၅၀၀ နီးပါးကို တက်ရပါတယ်။ 🤩
တောင်တက်ရတာမောပေမယ့်လို့ 😁 အပေါ်ရောက်သွားရင် မြင်ရမယ့် ရင်သက်ရှုမောဖွယ်ရှုခင်းကတော့ 🌳🌿စောင့်ကြိုနေတာမို့ တောင်တက်ခြင်းရဲ့အနှစ်သာရကိုလည်း ရသွားစေမယ့်အတွေ့ကြုံတစ်ခုပါ 😍 တောင်ပေါ်မှာ ရိုက်ရတဲ့ရှုခင်းနဲ့အတူ အမှတ်တရ📸 ဓာတ်ပုံလေးတွေဖန်တီးရင်း ပျော်ရွှင်ဖွယ်အခိုက်တစ်ခုလေးဖြစ်စေမှာပါ 🙆♀️
👉🏼Panorama View: တောင်ထိပ်ပေါ်ကနေ ကြည့်လိုက်ရင် အောက်မှာ စီးဆင်းနေတဲ့ Ngo D**g မြစ်ကွေ့ကြီး၊ စိမ်းစိုနေတဲ့ လယ်ကွင်းပြင်ကျယ်ကြီးတွေနဲ့ ထုံးကျောက်တောင်တန်းကြီးတွေကို ၃၆၀ ဒီဂရီ ပတ်လည် မြင်တွေ့ရအုံးမှာပါ.....🍀
👉🏼The Stone Dragon: တောင်ထိပ်မှာ ရှိတဲ့ ကျောက်နဂါးရုပ်တုကြီးကတော့ ဒီနေရာရဲ့ သင်္ကေတဖြစ်လို့ Ninh Binh ရဲ့ အထာအကျဆုံးနေရာမှာ IG ဆန်ဆန်ရိုက်လို့ရတာနဲ့ တန်နေပြီပေါ့ရှင်😁😍
📸 Photo Tip: နဂါးရုပ်တုရှိတဲ့ တောင်ထိပ်မှာ ဓာတ်ပုံရိုက်ဖို့ အရောင်တောက်တဲ့ဂါဝန်ရှည်လေးတွေ ဝတ်သွားဖို့ မမေ့နဲ့နော်...🤫
❗ဒီလိုလှပတဲ့ခရီးတွေကို လိုက်ပို့ပေးဖို့အတွက် ဗီယက်နမ်မြောက်ပိုင်းခရီးစဉ်ရဲ့ Premium Budget Tour ကိုမကြာခင်အချိန်အတွင်းမှာ စီစဉ်ပေးသွားတော့မှာမို့ ..... Coming Soon ပါရှင်....🤩
22/01/2026
💢 မကြာခင် ခရီးသွားရာသီ ပိတ်ရက်ရှည်ဖြစ်တဲ့ Luna Holiday Season🤩 ရောက်လာတော့မှာဆိုတော့ Vietnam 🇻🇳, Thailand 🇹🇭, China 🇨🇳 နိုင်ငံတွေကတော့
လူအစည်ဆုံးဖြစ်မှာဖြစ်ပြီး အနားနီးလေ စျေးတွေ၂ ဆနီးပါးလောက်တက်နေပါပြီ 🥺
❗️စိတ်ချရအောင် ✈️ လေယာဉ်လက်မှတ်တွေ ကြိုဝယ်ထားမှတော်ခါကျပါမယ်နော်
- လက်ရှိ အနိမ့်ဆုံး လက်မှတ်စျေးများကိုလည်း ပြပေးထားပါတယ်နော် 😍
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Yangon