Digital Base

Digital Base

Share

09/07/2026

📊လုပ်ငန်းတစ်ခုကို သုညကနေ စတင်ပြီး ယနေ့အချိန်အထိ Brand Value ကို အနေအထားတစ်ခုနဲ့ ရပ်တည်လာနိုင်အောင် လူကြီးမင်းတို့အနေနဲ့ အားအင်အပြည့်နဲ့ရင်းနှီးမြုပ်နှံမှုတွေ အများကြီးထည့်သွင်းပြီး ပြုလုပ်ခဲ့ကြပါတယ်။ ယနေ့လိုခေတ်ထဲမှာ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ လူကြီးမင်းတို့ရဲ့ လုပ်ငန်းကို ထပ်မံချဲ့ထွင်ဖို့ထည့်သွင်းစဉ်းစားတဲ့အခါ ကိုယ့်ရဲ့လုပ်ငန်းကိုအွန်လိုင်းပေါ်မှာ နေရာတစ်ခုမယူထားနိုင်သေးဘူးဆိုရင် ကိုယ်ရဲ့ ပြိုင်ဘက်တွေရဲ့ နောက်မှာ ကျန်ခဲ့ရုံတင်မကဘဲ အဖိုးတန်တဲ့ Loyal Customers နဲ့ New Customers တွေကိုပါ ဆုံးရှုံးလိုက်ရတာနဲ့ အတူတူပါပဲ။

🚀လူကြီးမင်းရဲ့ ရင်းနှီးမြှုပ်နှံမှုတွေအားလုံး အရာထင်ပြီး ဈေးကွက်ထဲမှာ Premium အဆင့်အတန်းတစ်ခုနဲ့ ရေရှည်ရပ်တည်နိုင်ဖို့ Digital Base မှ လုပ်ငန်းရှင်များအတွက် အထိရောက်ဆုံးဖြစ်မယ့် Web နှင့် Application ရေးဆွဲပေးသော ဝန်ဆောင်မှု (၃) မျိုး နဲ့ အားဖြည့် ကူညီပေးဖို့
အမြဲအသင့်ရှိနေပါတယ်။

1️⃣ Website Design Packages ( SMEs & One Page )

"သင့်လုပ်ငန်းရဲ့ ပထမဆုံးခြေလှမ်းကို Premiumဆန်ဆန် ဖြင့် စတင်ပါ"

✅ Branding ကောင်းကောင်းနဲ့ လုပ်ငန်းပုံရိပ်ကို ချပြချင်တဲ့ SMEs လုပ်ငန်းရှင်များနှင့် ကိုယ်ပိုင်လုပ်ငန်းရှင်များအတွက် စျေးကွက်ထဲမှာ ပြိုင်ဘက်ထက်ပိုမိုထင်ရှားသွားစေမယ့် ဒီဇိုင်းမျိုးကို ဖန်တီးပေးမှာပါ။ လူကြီးမင်းတို့၏ လုပ်ငန်းအမျိုးအစားအလိုက် မိမိ စိတ်တိုင်းကျ ခေတ်မီပြီး ဆွဲဆောင်မှုရှိသော Website ဒီဇိုင်းများကို ရေးဆွဲပေးခြင်း ဝန်ဆောင်မှု (One Page & Specialized Packages)။

💰Price

👉 One Page Package ( ၃၈၀,၀၀၀ ) ကျပ်
👉 SMEs Package ( ၈၄၀,၀၀၀ ) ကျပ်

🌟သတင်းကောင်းတစ်ခုအနေဖြင့် Website Hosting နှင့် domain 1 နှစ်စာ ပါဝင်ပြီး နောက်တစ်နှစ်မှစ၍ နှစ်စဉ်ကြေး ( ၂၂၅,၀၀၀ ) ကျပ်သာ ကျသင့်မည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

--------------------------

2️⃣ E-Commerce Package ( အွန်လိုင်းအရောင်းစနစ် )

"အိပ်နေချိန်မှာတောင် ကုန်ပစ္စည်းတွေ ရောင်းထွက်နေစေမယ့် Digital Store "

✅ကိုယ့်ရဲ့ကုန်ပစ္စည်းတွေကို အွန်လိုင်းမှတစ်ဆင့် အမြို့မြို့အနယ်နယ်ရှိ ဝယ်ယူသူများထံ ဖြန့်ဖြူးရောင်းချပြီး လုပ်ငန်းတိုးချဲ့လိုသည့် လုပ်ငန်းရှင်များအတွက်Orders လက်ခံခြင်း၊ Stocks စာရင်းထိန်းသိမ်းခြင်းနှင့် Payment System (ငွေပေးချေမှုစနစ်) များ တစ်ပါတည်းပါဝင်သော Automation အရောင်းစနစ်။ လူကြီးမင်းကိုယ်တိုင် အမြဲစောင့်ကြည့်နေစရာမလိုဘဲ စနစ်တကျ လည်ပတ်နေမည့် Website/App မျိုး ဖြစ်လာမှာပါ။

💰Price

👉 𝗘-𝗖𝗼𝗺𝗺𝗲𝗿𝗰𝗲 𝗣𝗮𝗰𝗸𝗮𝗴𝗲 ( ၁,၄၈၀,၀၀၀ ) ကျပ်

🌟သတင်းကောင်းတစ်ခုအနေဖြင့် Website Hosting နှင့် domain 1 နှစ်စာ ပါဝင်ပြီး နောက်တစ်နှစ်မှစ၍ နှစ်စဉ်ကြေး ( ၄၅၀,၀၀၀ ) ကျပ်သာ ကျသင့်မည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

--------------------------

3️⃣ LMS - Learning Management System ( အွန်လိုင်းသင်တန်းကျောင်းစနစ် )

"ပညာရေးလုပ်ငန်းရှင်ကြီးများအတွက်... အကန့်အသတ်မရှိ စာသင်ခန်းမသစ်ကြီး"

✅ကိုယ်ပိုင်သင်တန်းကျောင်းများ၊ International Schools များနှင့် အွန်လိုင်းမှတစ်ဆင့် ပညာဒါန သို့မဟုတ် အခပေးသင်တန်းများ ပို့ချလိုသည့် ဆရာ/ဆရာမများအတွက်ကျောင်းသားလူငယ်များက မိမိတို့ရဲ့ သင်ရိုးညွှန်းတမ်းများကို (၂၄) နာရီပတ်လုံး စိတ်ကြိုက် ဝင်ရောက်လေ့လာနိုင်မည့် အဆင့်မြင့် စနစ်။ Video များ၊ Quiz များ၊ Assignment စနစ်များ စုံစုံလင်လင် ပါဝင်မှာဖြစ်လို့ ခေတ်မီတဲ့ သင်ကြားရေးလုပ်ငန်းတစ်ခုအဖြစ် အသွင်ပြောင်းလဲနိုင်မှာပါ။

💰Price

👉 LMS Package ( ၂,၁၀၀,၀၀၀ ) ကျပ်

🌟 သတင်းကောင်းတစ်ခုအနေဖြင့် Website Hosting နှင့် domain ၁ နှစ်စာ ပါဝင်ပြီး နောက်တစ်နှစ်မှစ၍ နှစ်စဉ်ကြေး ( ၄၅၀,၀၀၀ ) ကျပ်သာ ကျသင့်မည်ဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါသည်။

💁‍♂️အချိန်ကုန် သက်သာမယ်၊ စနစ်ကျမယ်၊ ရောင်းအားတက်မယ်၊အလုပ်တွင်ကျယ်လာမယ်။လုပ်ငန်းရှင်တိုင်း အဖြေကိုရှာဖွေနေတယ်ဆိုရင် Digital Base ကိုသတိရလိုက်ပါ။ သင့်လုပ်ငန်းအတွက် အလုပ်လုပ်ပေးမယ့် စွမ်းဆောင်ရည်မြင့် Website/ App တစ်ခု ရရှိဖို့ရာ Digital Base မှ ဝန်ဆောင်မှုအပြည့်ဖြင့် အမြဲကြိုဆိုလျက်ပါ။

📌Packages ဝန်ဆောင်မှုအသေးစိတ်ကို ဖော်ပြပါ လင့်ခ်လေးကနေလည်း ဖတ်ရှုနိုင်ပါတယ်။

👉 https://www.facebook.com/share/p/196oK8ehzi/

အသေးစိတ်ကို ‌သိလိုပါက ဖော်ပြပါ ဖုန်းလေး
☎️09 775999680 မှတဆင့် ဆက်သွယ် မေးမြန်းနိုင်ပါတယ်ခင်‌ဗျာ။

08/07/2026

📌We're Hiring for this position.

💼 Job Description

Title - Business Analyst
Department - Software Development Department
Reports to - Project Manager
Employment - Full-time
Responsibility and Standard Operating

🗣️ Procedures :

-Consulting with clients to understand their business objectives and requirements.
-Translating business requirements into technology solutions for developers.
-Creating required documents, meeting minutes, project proposals, and timeline
documents dealing with clients.
-Collaborating with IT teams to deliver business requirements or resolve issues during
the project.
-Creating and executing testing plans and coordinate the System Integration Testing and
User Acceptance Test to validate solutions that meet business needs.
-Supporting project teams throughout the project lifecycle to ensure successful
ex*****on and delivery.

💼 Job Requirements

- Bachelor's degree and relevant diploma
- 1-3 years of work experience in IT support , software or tech services
- Strong communication, negotiation and presentation skills
- Ability to develop and maintain relationships with clients
- Proficiency in MS Office / Google Workspace

If you are interested in this position, please submit your resume to

📩[email protected] ,📲 09984390102(Viber).

(Shortlisted candidates will be contacted for an interview.)

02/07/2026

📊သင့်လုပ်ငန်းအတွက် Website တစ်ခု မတည်ဆောက်ခင်မှာ သိထားသင့်တဲ့ Domain & Hosting ။

👨‍💼လုပ်ငန်းရှင်တော်တော်များများဟာ လုပ်ငန်းအတွက် Website တစ်ခု တည်ဆောက်တော့မယ်ဆိုရင် ပထမဦးဆုံး Website ဘယ်လို Design မျိုး လှမလဲ၊ ဘာစာသားတွေ ထည့်မလဲဆိုတာကိုပဲ အရင်ဆုံး စဉ်းစားလေ့ရှိပါတယ်။
ဒါ့အပြင် ကိုယ့်လုပ်ငန်းရဲ့ Website ကို အွန်လိုင်းပေါ်မှာ တည်ရှိနေဖို့အတွက် ထောက်ပံ့ပေးနေတဲ့ အဓိက အသက်သွေးကြောဖြစ်သော Domain နဲ့ Hosting အလုပ်လုပ်ပုံ ကိုယ်တိုင် သေချာသိရှိနားလည်ထားဖို့လည်း အထူးလိုအပ်ပါတယ်။ဒါကို လူကြီးမင်းတို့အတွက် အလွယ်ကူဆုံး ပုံဖော်ပေးရရင် " အွန်လိုင်းပေါ်မှာ အိမ်တစ်လုံးဆောက်တာ" နဲ့ အတူတူပါပဲ ။

🔎 Domain ဆိုတာဘာလဲ။

🔹သင်က ဆိုင်(၁)ဆိုင်ဖွင့်ရင် "လမ်း ၃၀၊ ရန်ကုန်မြို့" ဆိုတဲ့ လိပ်စာ ရှိရသလိုမျိုး၊အွန်လိုင်းပေါ်မှာ Customer တွေ သင့်ဆီ လာလည်နိုင်ဖို့ ပေးထားတဲ့ လိပ်စာကို Domain လို့ ခေါ်ပါတယ်။

👉ဥပမာ : ( https://digitalbase.com.mm/ ) လိုမျိုး Domain နာမည်က သင့်လုပ်ငန်းရဲ့ Brand သာ ဖြစ်လို့ တိုတိုနဲ့ မှတ်မိလွယ်ဖို့ လိုအပ်ပါတယ်။

🔎 Hosting ဆိုတာဘာလဲ။

🔹 Domain ( လိပ်စာ ) ရှိရုံနဲ့တင် ကိုယ့်ရဲ့ ဆိုင်ခန်းက ပေါ်မလာပါဘူး။ဆိုင်ခန်းတစ်ခု တည်ဆောက်ဖို့၊ ပစ္စည်းတွေ သိုလှောင်သိမ်းဆည်းဖို့အတွက် သိမ်းဆည်းရမည့်နေရာ တစ်နည်းအားဖြင့် " ဂိုထောင် " လိုအပ်ပါတယ်။
အဲဒီလိုပဲ သင့် Website ထဲက ပုံတွေ၊ စာသားတွေ၊ ကုဒ် (Code) တွေ စတဲ့အချက်အလက်တွေကို အွန်လိုင်းပေါ်မှာ ၂၄ နာရီပတ်လုံး အမြဲရှိနေအောင် အချက်အလက်တွေ သိမ်းဆည်းပေးထားတဲ့ Server နေရာကို Hosting လို့ ခေါ်ပါတယ်။ Hosting ဟာလည်း သင်တည်ဆောက်ထားတဲ့ Website အတွက် ကောင်းမွန်တဲ့ Hosting ကောင်း တစ်ခုဖြစ်ဖို့လည်း အရေးကြီးပါတယ်။ Hosting မကောင်းရင် သင့် Website ကို ခဏခဏဝင်မရတာ၊ လေးပြီး နှေးကွေးတာမျိုးတွေ အသုံးပြုတဲ့ Users တွေ ကြုံတွေ့ရနိုင်ပါတယ်။ ဒါကြောင့် Domain နှင့် Hosting နစ်ခုလုံးက Website တစ်ခုတည်ဆောက်ရာမှ အရေးကြီးတဲ့ အထောက်အပံ့ကောင်းတွေပဲဖြစ်ပါတယ်။

📊 လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ Domain & Hosting ကို ဘာလို့ သေချာရွေးချယ်သင့်တာလဲ။

✅Speed & Performance ( မြန်ဆန်မှု ) : Hosting ကောင်းကောင်း သုံးထားတဲ့ Website ဟာ Users တွေ က သင့် Website ထဲဝင်လိုက်တာနဲ့ လျင်မြန်စွာ အလုပ်လုပ်ပေးမှာ ဖြစ်လို့ Users တွေရဲ့ စိတ်ကျေနပ်မှုကို ပေးနိုင်တယ်။ ဒါ့အပြင် သင့်လုပ်ငန်းရဲ့ အရောင်းအခွင့်အရေး မဆုံးရှုံးတော့ပါဘူး။

✅ Security & Reliability ( လုံခြုံစိတ်ချရမှု ) : Premium Hosting တွေမှာ သင့်လုပ်ငန်းဒေတာတွေ ပျောက်ပျက်မသွားအောင် Daily Backup ( နေ့စဉ်အလိုအလျောက် ဒေတာသိမ်းဆည်းခြင်း) စနစ်တွေ ပါဝင်သလို၊ ပြီးခဲ့တဲ့အပတ်က မျှဝေပေးခဲ့တဲ့ အကြောင်းအရာဖြစ်တဲ့ HTTPS ( SSL လုံခြုံရေးတံခါး ) တွေကိုပါ အခမဲ့ တွဲဖက်ပေးလေ့ရှိပါတယ်။

✅Business Email ( လုပ်ငန်းသုံး အီးမေးလ် ) : ကိုယ်ပိုင် Domain ရှိထားတဲ့အတွက် [email protected] စတဲ့ ပုံစံမျိုးနဲ့ Customer တွေကို ပိုမို Trust (ယုံကြည်မှု) ဖြစ်စေမယ့် Professional Business Email တွေကိုပါ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

💡ရိုးရိုး Website တစ်ခု ရှိရုံနဲ့ ကျစ်လစ်ခိုင်ခံ့တဲ့လုပ်ငန်းတစ်ခု မဖြစ်နိုင်ပါဘူး။ သင့် Website ရဲ့ အခြေခံအုတ်မြစ် ( Domain & Hosting ) လုံခြုံ၊ခိုင်မာပြီး မြန်ဆန်မှုရှိမှသာ Digital Infrastructure ကောင်းတစ်ခု ဖြစ်လာမှာပါ။သင့်လုပ်ငန်းအတွက် တည်ဆောက်ထားတဲ့ အရာအပေါ်မှာ လုံခြုံမှု၊ခိုင်ခံ့မှု၊usersတွေအတွက်အသုံးပြုရအဆင်ပြေမှု၊လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားစေမှု စတဲ့အချက်တွေကို ရေရှည်အတွက် ထည့်သွင်းစဉ်းစားဖို့လည်း လိုအပ်ပါတယ်။

🚀သင့်လုပ်ငန်းနဲ့ ကိုက်ညီပြီး အမြန်ဆုံး၊အလုံခြုံဆုံး ဖြစ်မယ့် Premium - Domain နဲ့ Hosting ရွေးချယ်ပြီး စနစ်တကျ တည်ဆောက်ဖို့ ရည်ရွယ်ချက်ရှိသည့် လုပ်ငန်းရှင်များအတွက် Digital Base မှ ကျွမ်းကျင်ပညာရှင်များနှင့် အတူတကွ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

🤝သင့်လုပ်ငန်း တိုးချဲ့ဖို့ရာ စွမ်းဆောင်ရည်မြင့်သည့် Digital Services များကို ပေးအပ်ဖို့ အတွက် Digital Base က အမြဲအသင့်ရှိနေမှာပါ။

28/06/2026

" Smart Business ဖြစ်ဖို့ Web (သို့ ) App လိုအပ်တယ် "

🗣သူများတွေ အိပ်နေချိန်မှာတောင် သင့်လုပ်ငန်းက ပိုက်ဆံ ရှာပေးနိုင်နေတဲ့ အနေအထားတစ်ခု အဖြစ် တည်ဆောက်ချင်ပါသလား။

🚀သင့်လုပ်ငန်းကို Smart Business ဖြစ်ဖို့
Social Media Platforms တွေအပြင် Website
( သို့မဟုတ် ) Mobile App ထပ်မံ စနစ်တကျတည်ဆောက်ထားခြင်း သင့်လုပ်ငန်းရဲ့ စွမ်းဆောင်ရည်ကို သိသိသာသာတိုးမြှင့်ပေးနိုင်မယ်ဆိုတာ သိပြီးပြီလား မိတ်ဆွေ။

💁များပြားလွန်းလှတဲ့ လုပ်ငန်းတွေကြားထဲမှာ Website နဲ့ Application တွေကို စနစ်တကျတည်ဆောက်ထားတာဟာ သင့်လုပ်ငန်းတစ်ခုလုံးရဲ့ စွမ်းဆောင်ရည်ကို သိသိသာသာ တိုးမြှင့်ပေးနိုင်တာကို အဓိက အချက်(၄)ချက်နဲ့ ရှင်းပြပေးထားပါတယ်။

1. Operational Efficiency

✅Automation System: လက်နဲ့ Manual လုပ်နေရတဲ့ Data စာရင်းသွင်းခြင်း၊Order လက်ခံခြင်း၊ Report ထုတ်ခြင်းတွေကို Web နဲ့ Appက အလိုအလျောက်လုပ်ဆောင်ပေးနိုင်တာကြောင့် အချိန်နဲ့ လူအင်အားကို လျှော့ချပေးနိုင်ပါတယ်။

✅Centralized Data: လုပ်ငန်းရဲ့ အချက်အလက်အားလုံး ( ဥပမာ - Inventory, Customer Info, Sales ) ကို တစ်နေရာတည်းမှာ စနစ်တကျသိမ်းဆည်းထားနိုင်လို့ ဝန်ထမ်းတွေကြားချိတ်ဆက်ရတာ မြန်ဆန်ပြီး အမှားအယွင်း နည်းပါးသွားစေပါတယ်။

2. Customer Experience & Engagement

✅24/7 Availability: ရုံးပိတ်ရက်၊ ရုံးပိတ်ချိန်မရှိဘဲ သုံးစွဲသူတွေက မိမိတို့အဆင်ပြေတဲ့ အချိန်မှာ လုပ်ငန်းရဲ့ ဝန်ဆောင်မှုတွေကို လေ့လာကြည့်ရှုနိုင်ပြီး အချိန်နှင့် တပြေးညီ ရယူနိုင်၊ ဝယ်ယူနိုင်ပါတယ်။

✅Personalization & Accessibility: Android ဖြစ်ဖြစ်၊ iOS ဖြစ်ဖြစ်၊ Desktop မှာပဲဖြစ်ဖြစ် Browser ရှိရုံ၊ အင်တာနက် ရှိရုံနဲ့ လွယ်လွယ်ကူကူ ဝင်ရောက်အသုံးပြုနိုင်ပြီး Customerတွေရဲ့ စိတ်ဝင်စားမှုအလိုက် အသုံးတည့်မယ့် ဝန်ဆောင်မှုတွေကို ထိထိရောက်ရောက် ပေးနိုင်ပါတယ်။

3. Data-Driven Decisions

✅Web နဲ့ App တွေမှာ တပ်ဆင်ထားတဲ့ Analytics Tools တွေကတစ်ဆင့် သုံးစွဲသူတွေရဲ့ အပြုအမူ၊ အရောင်းရဆုံးထုတ်ကုန်၊ စွမ်းဆောင်ရည်အကောင်းဆုံးဝန်ဆောင်မှု စတဲ့ Real-time Data တွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်ပါတယ်။ဒါကြောင့် လုပ်ငန်းတိုးချဲ့ဖို့ သို့မဟုတ် Marketing Strategy ပြောင်းလဲဖို့အတွက် ခန့်မှန်းခြေနဲ့ မဟုတ်ဘဲ တိကျတဲ့အချက်အလက်တွေပေါ် အခြေခံပြီး ဆုံးဖြတ်ချက်ချနိုင်ပါတယ်။

4. Cost-Effectiveness & Scalability

✅Scale up လုပ်ရလွယ်ကူခြင်း: လုပ်ငန်းကြီးထွားလာလို့ သုံးစွဲသူအရေအတွက် သိသိသာသာ များပြားလာရင်တောင် Web နဲ့ App တွေရဲ့ Server နဲ့ Features တွေကိုအလွယ်တကူ Upgrade လုပ်ပြီးထိန်းကျောင်းနိုင်ပါတယ်။

✅Marketing & Operational Cost: ဖုန်းဆက်ပြီး လုပ်ဆောင်ရတဲ့ Customer Support တွေ၊ စာရွက်စာတမ်းကုန်ကျစရိတ်တွေကို လျှော့ချပေးနိုင်တဲ့အပြင် Digital Marketing Campaign တွေနဲ့လည်း တိုက်ရိုက်ချိတ်ဆက်နိုင်လို့ ROI (Return on Investment) ပိုမို မြင့်မားလာစေပါတယ်။

🌐Website နဲ့ Application တစ်ခုဟာ လုပ်ငန်းရဲ့ Performance ကို ၃၀% မှ ၅၀% အထိ ပိုမိုကောင်းမွန်လာစေနိုင်ပါတယ်။ ဒါဟာ ရောင်းအားကို တိုးတက်စေရုံတင်မကဘဲ လုပ်ငန်းတစ်ခုလုံးရဲ့ Management ကို ပိုမိုကျစ်လျစ်၊ ခိုင်မာပြီး စနစ်ကျသွားစေတဲ့ ရေရှည်ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်ပါတယ်။

🔎မိမိရဲ့ လုပ်ငန်းအမျိုးအစားအလိုက် ပေါ်မူတည်ပြီး (ဥပမာ - E-commerce, B2B Services, Creator Platform) လိုအပ်မယ့် Web / App Layout နဲ့ Features တွေကတော့ ကွာခြားနိုင်ပါတယ်။

📌သင့်လုပ်ငန်းရဲ့ Brand Identity ကို အဆင့်မြှင့်တင်ပြီး Loyal Customer တွေရဲ့ ယုံကြည်မှုကို တည်ဆောက်ဖို့ Digital Base မှ ရွေးချယ်စရာ ဝန်ဆောင်မှု (၃) ခု။

✅Website Design Packages : လူကြီးမင်းတို့၏ လုပ်ငန်းအမျိုးအစားအလိုက် စိတ်တိုင်းကျ ရေးဆွဲပေးသောဝန်ဆောင်မှု။ (One Page & SMEs Packages)

✅E-Commerce Package : လူကြီးမင်းအနေနဲ့ ကိုယ့်ရဲ့ကုန်ပစ္စည်းများကို အွန်လိုင်းမှတဆင့် အမြို့မြိုအနယ်နယ်ရှိ ဝယ်ယူသူများထံသို့ ဖြန့်ဖြူးရောင်းချလိုပြီး လုပ်ငန်းတိုးချဲ့လိုသည့် လုပ်ငန်းရှင်များအတွက် E-Commerce System။ Orders/ Stocks နှင့် Payment ပါဝင်သော အွန်လိုင်းအရောင်းစနစ် ရေးဆွဲပေးသောဝန်ဆောင်မှု။

✅LMS : ကျောင်းသားလူငယ်များ သင်ရိုးညွှန်းများကို ၂၄ နာရီ သင်ယူနိုင်စေမယ့် Learning Management System။ ပညာရေးလုပ်ငန်းများအတွက် အွန်လိုင်းသင်တန်းကျောင်းစနစ်များအတွက် ရေးဆွဲပေးသောဝန်ဆောင်မှု။

💁‍♂️အချိန်ကုန် သက်သာမယ်၊ စနစ်ကျမယ်၊ ရောင်းအားတက်မယ်။ လုပ်ငန်းရှင်တိုင်း အဖြေကိုရှာဖွေနေတယ်ဆိုရင် Digital Base ကိုသတိရလိုက်ပါ။ သင့်လုပ်ငန်းအတွက် အလုပ်လုပ်ပေးမယ့် စွမ်းဆောင်ရည်မြင့် Website/ App တစ်ခု ရရှိဖို့ရာ Digital Base မှ ဝန်ဆောင်မှုအပြည့်ဖြင့် အမြဲကြိုဆိုလျက်ပါ။

📌Packages ဝန်ဆောင်မှုအသေးစိတ်ကို ဖော်ပြပါ လင့်ခ်လေးကနေလည်း ဖတ်ရှုနိုင်ပါတယ်။

👉 https://www.facebook.com/share/p/196oK8ehzi/

အသေးစိတ်ကို ‌ဖော်ပြပါ ဖုန်းလေး (☎️09 775999680 ) မှတဆင့် ဆက်သွယ် မေးမြန်းနိုင်ပါတယ်ခင်‌ဗျာ။

Photos from Digital Base's post 20/06/2026

Basic Computer Knoweledges . Q&A Time . How many questions do you know ?

Let's answers it.

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


MICT Park, Building 15, 3rd Floor
Yangon
11211

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00