Football Guru

Football Guru

Share

28/11/2020

ဘန်လေနဲ့  ကစားမယ့်
မန်စီးတီး ပွဲထွက်လူစာရင်း။

စတားလင်းနဲ့  ဖိုဒန် အရန်စာရင်းမှာ။
အဂွဲရိုးက အရန်စာရင်းမှာလည်း မပါ။

Photos from Football Guru's post 25/06/2020

PSG ချန်ပီယံလိဂ်ဖလားရခဲ့ရင် Ballon d´Or ကို
နေမာ ရယူဖို့ ထိုက်တန်တယ်ဆိုတဲ့ ကာကာ
========================
ဒီရာသီမှာ ချန်ပီယံလိဂ်ဖလားကို PSG ရခဲ့ရင် ကမ္ဘာ့အကောင်းဆုံးကစားသမားဆု Ballon d´Or ကို
နေမာရဖို့ ထိုက်တန်တယ်လို့  အေစီမီလန် ရီးရဲလ်နဲ့ 
ဘရာဇီးကွင်းလယ်ဖန်တီးရှင်ဟောင်း ကာကာက
ပြောကြားလိုက်ပါတယ်။

ဥရောပမှာ ကိုဗစ်၁၉ ဖြစ်ပွားခဲ့လို့ မတ်လကတည်းက
ဘောလုံးပွဲတွေရပ်နားခဲ့ရသလို အခုပြန်ကစားနေကြ
ပါပြီ။ ချန်ပီယံလိဂ်က ၁၆ သင်းအဆင့် ဒုတိယအ
ကျော့ပွဲစဉ်အချို့ နဲ့  ကွာတားပွဲစဉ်တွေ ဆက်ကစားရ
မှာပါ။

ကိုဗစ်ကြောင့် နိုင်ငံတချို့ မှာ ခရီးသွားလာမှုတွေကို
ကန့် သတ်ထားဆဲဖြစ်လို့  လက်ကျန်ချန်ပီယံလိဂ်ပွဲ
တွေကို သြဂုတ်လအတွင်း ပေါ်တူဂီနိုင်ငံမှာ တစ်ပွဲ
တည်းရှုံးထွက်ပွဲစဉ်တွေအဖြစ် ၁၂ ရက်အတွင်း အပြီး
ကျင်းပသွားမှာပါ။

PSG ဟာ ဧပြီလကတည်းက ပြင်သစ်လီဂူးချန်ပီယံ
ဖြစ်ခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ
ဒေါ့မန်ကို ၂ ကျော့ပေါင်း ၃-၂ နဲ့  အနိုင်ရခဲ့သလို အဲ့
ဒိ ၂ ပွဲလုံး နေမာဂိုးသွင်းခဲ့ပါတယ်။

နေမှာကလည်း ပုံစံသစ်နဲ့ ကစားရမယ့် ဒီရာသီချန်ပီ
ယံလိဃ်မှာ PSG နဲ့  ဖလားရယူချင်တယ်လို့  တရား
ဝင်ပြောကြားထားပါတယ်။ ကာကာကတော့ တစ်ချိန်
က အေစီမီလန်မှာ လျမ်းလျမ်းတောက်ဖြစ်ခဲ့သူပါ။

Ballon d´Or ကို မက်ဆီနဲ့ ရော်နယ်ဒိုတို့ သူတစ်ပြန်
ကိုယ်တစ်ပြန်မရယူမီ ၂၀၀၇ က Ballon d´Or ကို ရခဲ့သူပါ။ မက်ဆီနဲ့ ရော်နယ်ဒိုတို့ ကြားမှာ Ballon d´Orကိုကြားဖောက်ရယူသွားနိုင်ခဲ့တာက ၂၀၁၈တုန်းက ရီးရဲလ်နဲ့  ခရိုအေးရှားကစားသမား မိုဒရစ်ပဲရှိခဲ့ပါ
တယ်။ ဒါပေမယ့် ဒီရာသီမှာတော့ PSG က ချန်ပီယံလိဂ်ကိုလည်း မျှော်လင့်နိုင်ပြီဖြစ်လို့  နိုင်ငံတူ ဘရာဇီး
ကစားဖော် နေမာကို ကာကာကထောက်ခံပြောကြား
လိုက်တာ ဖြစ်ပါတယ်။

FG

Want your business to be the top-listed Gym/sports Facility in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

43 Street
Yangon