HaCk CaT
07/05/2025
PBX ဆိုတာဘာလည်း?
Telecommunication တွေဘယ်လိုအလုပ်လုပ်သလည်း?
PBX(Public Branch Exchange)
လူကြီးမင်းကတစ်ယောက်ယောက်နဲ့ဆက်သွယ်ချင်တယ်ဆိုပါစို့အဲ့လိုဆက်သွယ်ချင်တဲ့အတွက်SIM Card တစ်ခုကိုဝယ်လိုက်တယ်ပြီးတော့ဖုန်းထဲထည့်ပြီးတော့လူကြီးမင်းဆက်သွယ်ချင်တဲ့လူဆီကိုဖုန်းခေါ်လိုက်တယ်ဒါကရိုးရှင်းပါတယ်။တကယ်တမ်းထဲထဲဝင်ဝင်တွေးကြည့်ရင်တော့လူကြီးမင်းဟာSIM Card ကိုထည့်လိုက်တဲ့အခညမှာGSM SIM card ဟာဖုန်းကနေတဆင့်radio ကြိမ်နှုန်းတစ်ခုသို့မဟုတ်အများအပြားထုတ်လွှတ်ပြီးအနီးစပ်ဆုံးMobile Tower တစ်ခုကနေတစ်ဆင့်အခြားmobile tower တွေကို ဆက်သွယ်ပြီးတော့လူကြီးမင်းရဲ့ဖုန်းကတ်ဟာတရားဝင်သလားဆက်သွယ်လို့ရနိုင်လားမှန်ကန်လားဆိုတာကိုစိစစ်ပြီးတော့မှချိတ်ပေးတာဖြစ်ပါတယ်။ဆိုတော့ဒါကတော့အကြမ်းအားဖြင့်PBX ပေါ့နော်။နောက်မှအသေးစိတ်ကိုရှင်းပြပေးပါ့မယ်။
Telecommunications တွေဘယ်လိုအလုပ်လုပ်သလည်းဆိုတာကတော့တော်တော့ကိုရှုပ်ထွေးပါတယ်။
ဒါတွေမပြောခင်
RTP ဆိုတာဘာလည်း?
SIP ဆိုတာဘာလည်း?
SIPဆိုတာSession Initiation Protocol ကိုဆိုလိုတာဖြစ်ပြီးတော့ Telecommunicationနဲ့ VoIP မှာအသုံးများပါတယ်။SIP ကဘယ်လိုမျိုးအလုပ်လုပ်သလည်းဆိုရင် Mark ကနေ Alice ကိုဖုန်းခေါ်လိုက်တယ်ဆိုပါစို့။Mark ကဖုန်းခေါ်တဲ့အခါ Session တစ်ခုစဖို့INVITE request ကို PBXဆီကိုပို့လိုက်ပါတယ်ဒါကိုPBXကသိတဲ့အခါAlice ကို INVITE ဆိုပြီးတော့မှAlice ကိုဖုန်းလှမ်းခေါ်ပါတယ် တကယ်လို့Alice သာ ဖုန်းကိုင်လိုက်မယ်ဆိုရင်Alice ကနေPBX ကို OK Request ပိုပြီးတော့ PBX ကနေတစ်ဆင့် Mark ဆီကို OK response ရောက်လာတဲ့အခါMark ကနေ PBX ကို ACK(Acknowledge) Response ပြန်လိုက်တဲ့အခါဖုန်းပြောလို့ရပါပြီ။အချုပ်အားဖြင့်ပြောရမယ်ဆိုSIPဆိုတာSession တစ်ခုစတင်ဖို့အတွက်Request တစ်ခုပို့တဲ့သဘောမျိုးပါပဲ။
RTP ဆိုတာဘာလည်း?
RTP ဆိုတာဟာ Realtime Transport Protocol ကိုပြောတာဖြစ်ပါတယ်။Mark နဲ့ Alice ဟာဖုန်းပြောနေကြပြီဖြစ်ပါတယ်ဒါပေမဲ့သူတို့နှစ်ယောက်အချင်းချင်းအသံကြားရဖို့ကိုRTPကလုပ်ဆောင်ပေးပါတယ်။RTPကRTMP(Realtime Transfer Media Protocol) ကိုအမှီပြုထားတာဖြစ်ပြီးတော့RTP ဟာaudio packet တွေကိုforward လုပ်ပေးပါတယ်။ဆိုလိုချင်တာကMarkကစကားပြောလိုက်ပြီဆိုသူပြောလိုက်တဲ့အသံကိုဖုန်းကအပိုင်းပိုင်း(chunk)အဖြစ်ပြောင်းလဲပီးတော့Radio Wave တစ်ခုသို့မဟုတ် RTP Packet (UDP)တစ်ခုအနေနဲ့PBX ဆီပို့ပါတယ် ဒီတော့မှPBX ကတဆင့်Alice ဆီကိုPacket တွေforward ပေးပါတယ်။ဒီလိုမှAlice ဟာMarkရဲ့အသံကိုကြားရပါတယ်။Alice ဟာMark ကိုပြောမယ်ဆိုလည်းဒီလိုပဲအတင့်ဆင့်ကျော်ဖြတ်ရတာပါ။
Note:RTP Packet တွေဟာတစ်စက္ကန့်လျှင်ထောင်ချီပြီးတော့ပို့ဆောင်နေတာဖြစ်ပါတယ်။
ဆိုတော့Telecommunication ဆိုတာဟာဒါတွေကိုအခြေပြုပြီးလုပ်ဆောင်ထားတာဖြစ်ပါတယ်။ဒီတော့ဒိလိုမျိုးအရာတွေလုပ်ဆောင်ဖို့ဘာတွေလိုအပ်လည်းဘယ်လိုလုပ်ရလည်း?
အများကြီးတော့မလိုအပ်ပါဘူးမိတ်ဆွေလိုအပ်တာကLinux Server or Linux Laptop တစ်လုံးနဲ့Asterisk(The Telecommunication Framework)ပါပဲ။ဒီလိုအသုံးပြုပြီးတော့မိတ်ဆွေရဲ့LaptopကိုHouse Phone System,Hotel Reservation System,Office Phone System တစ်ခုအနေနဲ့ပြောင်းလည်းလို့ရပါတယ်။
Asterisk ဆိုတာဘာလည်း?
Asterisk ဆိုတာဟာSangoma Technologies ကနေသဘောကောင်းပြီးOpenSource အနေနဲ့ထုတ်လုပ်ထားတဲ့Telecommunication Framework ဖြစ်ပါတယ်။Asterisk ဟာဘာတွေလုပ်နိုင်လည်းဆိုတော့INBOUND Call Routing,IVRs,OUTBOUND calls,Voice Mail,Call Routing,SMS(chan_dongle to Huawei devices),Video Conference နဲ့တစ်ခြားအရာတွေပါရှိသေးပါတယ်ဗျ။
နောက်နေ့ကျရင်တော့Asterisk နဲ့VoIP telecommunication Server တစ်ခုဘယ်လိုတည်ဆောက်သွားမလည်းဆိုတာနဲ့ပတ်သက်ပြီးတော့ဆက်လက်ပြောပြပေးသွားမှာပါဗျ။အမှားပါသွားရင်လည်းခွင့်လွှတ်ပေးပါခင်ဗျ
Photo Source:ChatGPT
FYI
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Address
Mingaladon
Yangon
9101