MOSAR KAY Japanese

MOSAR KAY Japanese

Share

09/07/2026

📚 EJU ဘာသာရပ်အကြောင်း မဖြေခင် သိထားသင့်တဲ့ အချက်များ

EJU (Examination for Japanese University Admission for International Students) ကို ဖြေမယ်ဆိုရင် Japanese (JFL) တစ်ဘာသာတည်းပဲ ဖြေရတာ မဟုတ်ပါဘူး။

တက်ချင်တဲ့ တက္ကသိုလ်နဲ့ Major ပေါ်မူတည်ပြီး ဖြေရမယ့် ဘာသာရပ်တွေ မတူနိုင်တာကြောင့် အရင်ဆုံး EJU ရဲ့ Subject တွေကို နားလည်ထားဖို့ လိုပါတယ်။

📖 EJU မှာ ပါဝင်တဲ့ ဘာသာရပ် (၄) ခု
1. Japanese as a Foreign Language (JFL)

① Writing
② Reading
③ Listening
④ Listening & Reading

2. Mathematics 📐

*Course 1
*Course 2

3. Science 🔬

*Physics
*Chemistry
*Biology
(ရွေးချယ်ဖြေရ)

4. Japan and the World 🌏
ဖြေဆိုရသည့်အကြောင်းအရာများ
Politics
Economics
Society
Geography
History

💡 အရေးကြီးတာက
တက္ကသိုလ်တိုင်းက Subject Requirement မတူကြပါဘူး။

ဥပမာ...

Engineering → Japanese + Math Course 2 + Physics/Chemistry
Business → Japanese + Japan and the World + Math Course 1
Arts → Japanese + Japan and the World

ဒါကြောင့် EJU မဖြေခင် ကိုယ်တက်ချင်တဲ့ တက္ကသိုလ်ရဲ့ Admission Requirement ကို သေချာစစ်ဆေးထားဖို့ အရေးကြီးပါတယ်။

📌 နောက် Post တွေမှာတော့ Subject တစ်ခုချင်းစီအကြောင်း၊ ဘယ်သူတွေ ဘာကိုဖြေရမလဲ၊ ဘယ်လိုပြင်ဆင်ရမလဲဆိုတာကို အသေးစိတ် မျှဝေပေးသွားပါမယ်။

EJU (JFL) ဆိုတာဘာလဲ
https://www.facebook.com/100063902471315/posts/1526792366127498/

08/07/2026

📢 ၅ လလုံး စာလုပ်ရင်
N2・N1 အောင်နိုင်မလား?

အဖြေက—

❌ မသေချာပါဘူး။

ဘာကြောင့်လဲ?

JLPT မှာ

“ဘယ်နှလ စာလုပ်ခဲ့လဲ” ထက်

“အဲဒီအချိန်ကို ဘယ်လိုအသုံးချခဲ့လဲ”

က ပိုအရေးကြီးလို့ပါ။

━━━━━━━━━━━━━━

👤 Aさん

၅ လလုံး စာလုပ်တယ်။

📚 Vocabulary နည်းနည်း

📚 Grammar နည်းနည်း

📚 Reading စိတ်ပါရင်လုပ်တယ်

📚 Listening အချိန်ရမှလုပ်တယ်

📚 မေးခွန်းဟောင်းတွေ စာမေးပွဲနီးမှ ဖြေတယ်

၅ လကြာသွားပေမယ့်—

ကိုယ်ဘယ်အဆင့်ရောက်နေပြီလဲ မသိဘူး။

အားနည်းချက်က ဘာလဲ မသိဘူး။

စာမေးပွဲမတိုင်ခင်မှ

“အချိန်မလောက်တော့ဘူး…”

လို့ စိတ်ပူလာတယ်။

━━━━━━━━━━━━━━

👤 Bさん

၅ လကို အဆင့်လိုက် အသုံးချတယ်။

📌 ပထမအဆင့်

Vocabulary・Grammar
အခြေခံတည်ဆောက်တယ်။

📌 ဒုတိယအဆင့်

သိထားတဲ့ Knowledge ကို

Problem ဖြေနိုင်တဲ့ Skill အဖြစ် ပြောင်းတယ်။

📌 တတိယအဆင့်

Reading・Listening အားနည်းချက်တွေကို

ရှာပြီး ပြင်တယ်။

📌 နောက်ဆုံးအဆင့်

Mock Test + Time Management နဲ့

စာမေးပွဲမှာ အမှတ်ရအောင် လေ့ကျင့်တယ်။

━━━━━━━━━━━━━━

Aさん နဲ့ Bさん နှစ်ယောက်လုံး

စာလုပ်တဲ့အချိန်က

၅ လအတူတူပါပဲ။

ဒါပေမယ့်

၅ လပြီးသွားတဲ့အခါ

ရောက်နေတဲ့ Level က မတူပါဘူး။

ဘာကြောင့်လဲ?

ကြိုးစားမှု မလုံလောက်လို့ မဟုတ်ပါဘူး။

Plan မရှိလို့ပါ။

N2・N1 အတွက်

လိုအပ်တာက

“စာအများကြီးလုပ်ဖို့” တစ်ခုတည်းမဟုတ်ပါဘူး။

ဘယ်အချိန်မှာ ဘာလုပ်မလဲ။

ဘယ်အဆင့်အထိ ရောက်ရမလဲ။

ဘယ်အချိန်မှာ အားနည်းချက်ကို ပြင်မလဲ။

ဘယ်အချိန်မှာ Exam Practice စလုပ်မလဲ။

ဒီ Roadmap ရှိဖို့ အရေးကြီးပါတယ်။

🔥 MOSARKAY Japanese N2・N1 Course မှာ

စာသင်ပေးရုံတင် မဟုတ်ပါဘူး။

December JLPT အထိ

ဘာကို → ဘယ်အချိန်မှာ → ဘယ်အဆင့်အထိ

လုပ်ရမလဲဆိုတဲ့ Roadmap နဲ့

စနစ်တကျ လေ့ကျင့်ပေးသွားပါမယ်။

📩 December JLPT ကို

“ဒီတစ်ခါတော့ တကယ်အောင်ချင်တယ်”

ဆိုတဲ့သူများ

သတ်မှတ် လူဦးရေပြည့်ပြီး စာရင်းမပိတ်ခင်

N2 သို့မဟုတ် N1

အတန်းများ လာအပ်နိုင်ပါပြီ💜

MOSARKAY Japanese page

08/07/2026

🌸🍀December JLPT Target တန်းခွဲသစ်များ🍀🌸

🍀N3 Vocabulary Kanji Grammar : Sensei HsuWaiPhyo “Sutaki”
N3 Vocabulary Kanji Grammar အသေးစိတ်
https://m.facebook.com/story.php?story_fbid=1514304270709641&id=100063902471315

🍀N2 Vocabulary Kanji Grammar: Sensei “MOSARKAY”
N2 Vocabulary Kanji Grammar အသေးစိတ်
https://m.facebook.com/story.php?story_fbid=1515031167303618&id=100063902471315

🍀N1 Vocabulary Kanji Grammar: Sensei “MOSARKAY”
N1 Vocabulary Kanji Grammar အသေးစိတ်
https://m.facebook.com/story.php?story_fbid=1515030143970387&id=100063902471315

☝️N1 အတန်းကတော့ July JLPT စာမေးပွဲမတိုင်ခင်ကတည်းက ကြိုတင်လာအပ်ထားသူတွေနဲ့ မကြာခင် သတ်မှတ်လူဦးရေပြည့်တော့မှာမို့ စာရင်းလက်ခံတာလေး ပိတ်ပါတော့မယ်ရှင်။

☝️N2 အတန်းကို နောက်လမှ အပ်မယ် စဉ်းစားထားသူလေးများ!
N2 မှာ စာအရမ်းများပြီး အသုံးပြုပုံရှုပ်ထွေးတာတွေ ပါလာပြီမို့ လာမယ့်အပတ် အတန်း စရက်ကတည်းက
အတူတူ ကြိုတင်ပြင်ဆင်မှ December စာမေးပွဲ မီပါလိမ့်မယ်နော်❗️

❤️အတူတူ ကြိုးစားကြဦးစို့💪

🌸Chat box မှတဆင့် ဆက်သွယ်စုံစမ်းအပ်နှံနိုင်ပါပြီ။

👉📝ကျောင်းသားများရဲ့ ရင်တွင်းစကားသံများ *Review
🌻N2 Class
https://m.facebook.com/story.php?story_fbid=1494282389378496&id=100063902471315

🍒N1 Class
https://m.facebook.com/story.php?story_fbid=1490611453078923&id=100063902471315

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 11:45