Lucky Japanese Language Center

Lucky Japanese Language Center

Share

17/05/2025

N5,N4 လေ့လာသူတွေအမှားများကြတဲ့ じょし (2)လုံးရှိပါတယ် 😉
အဲ့တာကတော့ နေရာရဲ့နောက်မှာလိုက်တဲ့ (でနဲ့に ) ပဲဖြစ်ပါတယ်

(で)ကတော့ နောက်ကပါလာတဲ့ Verb(どうし)က လှုပ်ရှားမှုပါတယ်ဆိုရင် အသုံးပြုရတာပါ

ဥပမာ 食べます စားသည် ၊ 買いますဝယ်သည် စတဲ့ verbတွေဟာ ပြုမူချက်ပါတဲ့အတွက် သူတို့ရဲ့ရှေ့မှာ နေရာပါလာရင် で ကိုသုံးပေးရပါတယ်🫶

食堂 で ごはんを食べます。
ထမင်းစားဆောင် မှာ ထမင်းစားသည်။

(に)ကတော့ နောက်က Verb က လှုပ်ရှားမှုမပါ တစ်နည်းအားဖြင့်အရှိသဘောဆောင်တဲ့ verbတွေ နဲ့ အဝင်သဘောဆောင်တဲ့ verbတွေလိုက်ပါတယ်။

あります、いますကတော့ အဓိပ္ပာယ်ကိုက" ရှိသည်" ဖြစ်တာမလို့ ရှေ့က သေချာပေါက် に ပါ။

いれます、はいりますကတော့ အဝင်သဘောဆောင်ကြပါတယ်။

အရှိသဘောဆောင်တဲ့ Verbကတော့
置きますထားသည်၊止まりますရပ်တန့်သည်
စတာတွေဖြစ်ပါတယ်။ ထားလိုက်ရင် ရပ်လိုက်ရင် ပစ္စည်းက အဲ့နေရာမှာပဲရှိနေမှာမလို့ အရှိသဘောဆောင်တယ် ခေါ်တာပါရှင့်🫶

နောက်ထပ် (で)ရော (に) ရော သုံးလို့ရတာကတော့
すわりますထိုင်သည် ပဲဖြစ်ပါတယ်။ ဘလိုခွဲမလဲဆိုရင် အရှေ့က နေရာ ကိုအဓိက ပြောချင်ရင်(に)ဖြစ်ပါတယ်။ လှုပ်ရှားမှုကိုပြောချင်ရင်(で)သုံးပေးရပါတယ်။

N5ရဲ့ ဖတ်စာအုပ်မှာဆိုရင်
いす に すわります。ထိုင်ခုံမှာထိုင်သည်။
木の下に すわります。သစ်ပင်အောက်မှာထိုင်သည်။
ဆိုပြီး နေရာတွေကို အဓိက ပြောတဲ့အတွက် にသုံးပေးရပါတယ်။🫶

N4ရဲ့ဖတ်စာအုပ်ထဲမှာဆိုရင်
電車 で すわれました。
ရထားပေါ်မှာ ထိုင်နိုင်ခဲ့တယ်'ဆိုပြီးပြောထားပါတယ်။
ဘာလို့ でသုံးရလဲဆိုရင် ရထားတွေ bus တွေမှာ ထိုင်ရတာနဲ့ မတ်တပ်ရပ်ရတာ 2မျိုးရှိပါတယ်။ဒီမှာဆိုရင်
"ထိုင်ရတယ်"ဆိုတဲ့ လှုပ်ရှားမှုကို အဓိကပြောချင်လို့ပဲဖြစ်ပါတယ်ရှင်။🫶

✨✨စကားပြောမှာတော့အရေးမကြီးပေမယ့် စာမေးပွဲဖြေတဲ့အခါ သိထားဖို့လိုအပ်တာမလို့ မှတ်ထားစေချင်ပါတယ်။ ✨✨ဖတ်ပြီးတော့ တစ်ခုခု နားလည်သွားတယ်ဆို ဝမ်းသာမိပါတယ်ရှင်🫶🤍

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00