TODAY Book Store
15/07/2026
ရဲခေါင်ပြောက်ကျားရှာမှရှား ဝင်းဂိတ်အော့ဖ်ဘားမား
ပြုစုရေးသားသူ - ထွန်းသစ်
တန်ဖိုး - ၄၅,၀၀၀ ကျပ်
စာမျက်နှာ - ၄၀၀ +
- အများနှင့် မတူဘဲ တမူထူးကဲ၍ တမိုးအောက်မှာ
တယောက် ထွန်းပေါက်အောင်မြင်သူ ပါရမီရှင်
စစ်ရေးနည်းဗျုဟာသမားအဖြစ် သမိုင်းတွင်တဲ့—
ဗိုလ်ချုပ်ဝင်းဂိတ်ရဲ့ ဘဝအတ္ထုပ္ပတ္တိကိုအခြေပြု၍
ကိုယ်ပျောက်စစ်သည်များသဖွယ် ဂျပန်တပ်များ၏
နောက်တန်းကို ထိုးဖောက်၍ ချောက်ချားစေခဲ့သော
ချင်းဒစ်(ခြင်္သေ့) တပ်သားများရဲ့ တောကို ဖြတ်ကာ
တောင်ကိုကျော်၍ ချင်းတွင်းနဲ့ ဧရာဝတီမြစ်များကို
စုန်ဆန် ကူးခဲ့သော အကြမ်းပတမ်း စစ်ချီခရီးလမ်း
တလျှောက်မယ် ကြုံရ ဆုံရပုံ အဖုံဖုံကို စစ်သမိုင်း၊
ကိုယ်တွေ့မှတ်တမ်း စတဲ့ စာအုပ်အစောင်စောင်ကို
အကိုးအကား၍ ရေးသား ပြုစုထားသော စာအုပ်။
- ထူးချွန်သူပုဂ္ဂိုလ်တဦးရဲ့အတ္ထုပ္ပတ္တိလိုလည်းကောင်း၊ရှေးဖြစ်ဟောင်း စစ်သမိုင်းကျမ်းတစောင်တဖွဲ့ကဲ့သို့ လည်းကောင်း၊ တောတွင်းစွန့်စားခန်း ဖြစ်ရပ်မှန်များ စာအုပ်တအုပ်ကဲ့သို့ လည်းကောင်း….
မိမိတို့ အာရုံသန်ရာ ရှုထောင့်အထွေထွေက နေပြီး
ဖတ်လို့ ရနိုင်တဲ့ —
အချက်အလက်မှန်ကို အခြေတည်ထားသော်လည်း
ရသမြောက် တင်ပြပုံ ဆန်းသစ်သမို့ ဖတ်ရှုလို့ဖြင့်
မငြီးငွေ့နိုင်တဲ့— စာအုပ်။
_ဇော်ဂျီဖိုလ်ဝင်
စာအုပ်များကို TODAY Book Store ၏ Website Link ဖြစ်သည့်
https://todaybooks.com.mm/
ကတစ်ဆင့် ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ပြီး မှာယူနိုင်သည့်အပြင်
Viber https://invite.viber.com/...
Telegram Channel https://t.me/TODAYBOOKSTORE
တို့ကတစ်ဆင့်လည်း မှာယူနိုင်ပါသည်။
#တူဒေးစာအုပ်တိုက်
#ရဲခေါင်ပြောက်ကျားရှာမှရှားဝင်းဂိတ်အော့ဖ်ဘားမား
14/07/2026
အသည်းဦး
ရေးဖွဲ့သူ - မှူး
တန်ဖိုး - ၁၄,၀၀၀ ကျပ်
စာမျက်နှာ - ၂၀၄
“ဇာတ်လမ်းနည်းတဲ့စာမှာ ဇာတ်ကောင်ရဲ့စကားသံတွေကို တိုက်ရိုက်ကြားရတယ်။ မှူးဟာ စိတ်ထဲရှိတဲ့အတိုင်း သွန်ချပြီး ရေးတယ်လို့ ခံစားမိတယ်”
- သိစိတ်အလျဥ်ရေးနည်းပုံစံနဲ့ ပင်ကိုရေးဝတ္ထုတွေထွက်လာတဲ့ "မှူး" ရဲ့ တတိယမြောက်လုံးချင်း ...
အသည်းဦး တဲ့။
- သူ့ပထမဆုံးဝတ္ထု "ဇွန်ပန်းရုံဆီမပြန်ချင်ပါ" နဲ့ကတည်းက စာဖတ်သူတွေ သတိထားမိ၊ စိတ်ဝင်စားကြတဲ့ ကလောင်တစ်ချောင်း။
- အသည်းဦးမှာ မိန်းမတစ်ယောက်၊ ယောကျ်ားတစ်ယောက် ဒါပဲ အဓိကပါပါတယ်။ မှူးရဲ့ပုံစံ လူနည်းနည်း၊ အတွေးများများကို တတိယမြောက်စာအုပ်မှာလည်း ထပ်တွေ့ရတာပါပဲ။
- မိန်းမတစ်ယောက်ရဲ့ ကြံ့ခိုင်မှု နဲ့ လဲပြိုကျမှုမှာ တည်းတည်းလေး တားထားတဲ့ စည်းတွေ …
- ခြေတစ်လှမ်းလောက် ကျူးကျော်သူရှိတဲ့အခါ နှစ်ကာလတွေကို မရေတွက်နိုင်လောက်အောင်အထိ ကိုယ့်ကိုယ်ကိုယ် ကျပျောက်ခဲ့ရပုံတွေ ….
- နေရာတစ်ခုတည်းမှာ အစပြုပြီး ဒီနေရာတစ်ခုတည်းမှာပဲ အဆုံးသတ်ခဲ့ကြတယ်။ ကိုယ့်ကိုယ်ကိုယ် ရွေးမလား၊ ကိုယ့်ငယ်ဘဝစိတ်ဒဏ်ရာအတွက် ဖြေသိမ့်ရာကို ရွေးမလား။ အသည်းဦးမှာ ရှေ့စာအုပ်တွေနဲ့ မတူတဲ့ အဖြေတွေကို ပေးထားပါတယ်။
_ကံ့ကော်ဝတ်ရည်
စာအုပ်များကို TODAY Book Store ၏ Website Link ဖြစ်သည့်
https://todaybooks.com.mm/
ကတစ်ဆင့် ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ပြီး မှာယူနိုင်သည့်အပြင်
Viber https://invite.viber.com/...
Telegram Channel https://t.me/TODAYBOOKSTORE
တို့ကတစ်ဆင့်လည်း မှာယူနိုင်ပါသည်။
#တူဒေးစာအုပ်တိုက်
#အသည်းဦး
Click here to claim your Sponsored Listing.
Contact the business
Telephone
Website
Address
အမှတ် (H) ၊ ကန်ရိပ်မွန်အိမ်ရာ၊ လှိုင်မြင်းမိုရ်ကန်လမ်း၊ လှိုင်မြို့နယ်
Yangon
11051
Opening Hours
| Monday | 10:00 - 17:00 |
| Tuesday | 10:00 - 17:00 |
| Wednesday | 10:00 - 17:00 |
| Thursday | 10:00 - 17:00 |
| Friday | 10:00 - 17:00 |