TNW Soe Thu Ra
31/03/2025
ငလျင်ဖြစ်ပြီးနောက် နံရံမှာပေါ်လာတတ်တဲ့ အက်ကြောင်း (၄)မျိုး
ငလျင်ကြောင့် အိမ် ၊ Condo နံရံတွေမှာ ဒေါင်လိုက် ၊ အလျားလိုက် စသဖြင့် အပ်ကြောင်းတွေ ပေါ်လာတတ်ပြီး အချို့ အက်ကြောင်းများက အဆောက်အဦးအတွက် ကြီးမားသော ပြဿနာဖြစ်စေနိုင်ပါတယ်..။
(၁) ဒေါင်လိုက်အက်ကြောင်း (Vertical Cracks)
တွေ့ရတတ်တဲ့နေရာ → နံရံဆုံနေရာ၊ တံခါး/ပြတင်းပေါက်ဘေးတဝိုက်
ဘာကြောင့်ဖြစ်တာလဲ → နံရံလှုပ်ရှားမှု (သို့) အားပြောင်းလဲမှုကြောင့်
အန္တရာယ်အဆင့် → အနည်းငယ်စိုးရိမ်ရ (သာမန်အက်ကြောင်း)
(၂) အလျားလိုက်အက်ကြောင်း (Horizontal Cracks)
ဘာကြောင့်ဖြစ်တာလဲ → နံရံပစ္စည်းများ (ဥပမာ plywood) ပြုတ်ထွက်ခြင်း၊ အုတ်နှင့်အင်္ဂတေချိတ်ဆက်မှုအားနည်းခြင်း
အန္တရာယ်အဆင့် → အလယ်အလတ် (ပြန်ပြင်ရန် လိုအပ်နိုင်)
(၃) စောင်းအက်ကြောင်း (Diagonal/Shear Cracks)
ပုံစံအနေအထား → တစ်ဖက်ကျယ်၊ တစ်ဖက်ချွန်သော စောင်းအက်ကြောင်း
စီုးရိမ်ရနိုင်လား → နံရံပြိုကျမှုကို အလျင်အမြန်ဖြစ်စေနိုင်
အန္တရာယ်အဆင့် → အမြင့်ဆုံး (အရေးပေါ်ပြင်ဆင်ရန် လိုအပ်)
(၄) ကျယ်ပြန့်ရှည်လျားသောအက်ကြောင်း (Wide & Long Cracks)
ဘာကြောင့်ဖြစ်တာလဲ → အခြေစိုက်မြေပြိုခြင်း၊ အိမ်အောက်ခံမြေနိမ့်ကျခြင်း (သို့) အဆောက်အဦး ဒီဇိုင်းချို့ယွင်းခြင်း
အန္တရာယ်အဆင့် → အရေးကြီးတဲ့ ပြဿနာဖြစ်တာကြောင့် အင်ဂျင်နီယာနှင့် ချက်ချင်းစစ်ဆေးသင့်ပါတယ်။
ငလျင်ပြီးလို့ အိမ်ပေါပြန်တက်တဲ့အခါမှာ ချက်ချင်းစိတ်ချလက်ချမနေသေးဘဲ အပ်ကွဲကြောင်းတွေကို စစ်ဆေးကြဖို့ အကြံပေးချင်ပါတယ်ရှင်..။
25/03/2025
အိမ်၊ခြံ၊မြေ တွေဝယ်ပြီး မိမိတို့အခြေချနေထိုင်ဖို့မဟုတ်ဘဲ အကျိုးစီးပွားတစ်ခုအနေနဲ့ ရင်းနှီးမြှုပ်နှံကြမယ်ဆိုရင် အရေးကြီးတဲ့အချက်တွေနဲ့ ဆောင်ရန်ရှောင်ရန် အချက်တွေကို သိသလောက် ဗဟုသုတအနေနဲ့ မျှဝေပေးလိုက်ပါတယ်။
အိမ်၊ခြံ၊မြေမှာ အခုမှစပြီးရင်းနှီးမြှုပ်နှံကြမယ့် သူတွေအတွက်
➡ ကိုယ့်ရဲ့ Investment Goal ကိုအရင်ဆုံး ဆုံးဖြတ်ချက်ချပါ ။
🔸အမြတ် မြန်မြန်လိုချင်တာလား (Short-term Flip ?)
🔸ရေရှည်ရင်းနှီးမြှုပ်နှံထားမှာလား ? (Long-term investment ?)
🔸 မြေနေရာဝယ်ယူပြီး အိမ်ဆောက်ရောင်းမှာလား ? အကွက်ရိုက်ပြီး ပြန်ရောင်းမှာလား ? ( Land Speculation ?)
ရည်ရွယ်ချက် တစ်ခုချင်းစီပေါ်မူတည်ပြီး ရင်းနှီးမြှုပ်နှံရမယ့် ပုံစံက အနည်းငယ် ကွာခြားတက်ပါတယ် ။
➡ ဝယ်ယူရမယ့်မြေကွက်နေရာကို သေချာရွေးပါ ။
🔸Downtown Area လား ? ဖွံဖြိုးဆဲ နေရာတွေမှာလား ? မြို့သစ်တွေမှာလား ? ဆင်ခြေဖုံး နေရာတွေမှာလား ?
🔸လမ်းပန်းဆက်သွယ်ရေး ၊ လူနေထိုင်မှု ပုံစံ ၊ လမ်းအခြေအနေ ၊ ဈေး ၊ ကျောင်း ၊ ဆေးရုံ / ဆေးခန်း ၊ ရေရရှိမှု ?
🔸အနာဂတ်မှာ ဖွံဖြိုးတိုးတက်မှု ရှိနိုင်မလား ? (Future Infrastructure)
စတာတွေကို သေချာသုံးသပ်ဖို့ လိုပါတယ် ။ နေရာရွေးချယ်မှုက မြေတန်ဖိုး တက်မလား / ကျမလားကို ဆုံးဖြတ်နိုင်တဲ့ အဓိက Key ပါပဲ ။
➡ မိမိ သုံးမယ့် Budget နဲ့ တွက်ချက်ပါ ။
🔸 ဘယ်လောက် ရင်းနှီးမြှုပ်နှံနိုင်လဲ ။ (ရင်းနှီးမြှုပ်နှံခြင်းမှာ ပိုနေတဲ့ငွေကို ရင်းနှီးမြှုပ်နှံခြင်းက အကောင်းဆုံးပါပဲ ။ )
🔸ဘဏ်ချေးငွေ ယူပြီးဝယ်မှာလား ? ဘယ်နှစ်နှစ်အရစ်ကျနဲ့ ဝယ်မှာလဲ ? ဘဏ်တိုးက ဘယ်လောက်ပေးရမလဲ ? ROI နဲ့ကော ကိုက်ရဲ့လား ?
စတာတွေကို သေချာတွက်ချက်ဖို့ လိုပါတယ် ။
➡ Legal & Law အကြောင်း
🔸စာရွက်စာတမ်း ခိုင်မာမှန်ကန်မှု ရှိ / မရှိ ?
🔸အဆက်ဆက် ရောင်းချ / ဝယ်ယူထားတဲ့ စာချုပ်စာတမ်း ခိုင်မာမှန်ကန်မှု နဲ့
🔸ရောင်းချပေးသူများ စစ်မှန်သေချာမှန်ကန်မှုတို့ပဲ ဖြစ်ပါတယ် ။
(အခု အရေးကြီးတဲ့ အချက်တွေကို တိကျသေချာစွာ စီစစ်ဆောင်ရွက်နိုင်ဖို့အတွက် ဂုဏ်သိက္ခာရှိ နားလည်တက်ကျွမ်းသောအကျိုးဆောင်ကြီးများနှင့် ဂုဏ်သိက္ခာရှိ နားလည်တက်ကျွမ်းသော ရှေ့နေကြီးများရဲ့ အခန်းကဏ္ဍက အထူးအရေးကြီးပါတယ် ။ ဒါကြောင့် နားလည်တက်ကျွမ်းသူတွေကို သေချာရွေးချယ်သင့်ပါတယ် ။ စာရွက်စာတမ်းမှားယွင်းမှုတစ်ခုက ကိုယ့်ရဲ့ငွေကြေးဆုံးရှုံးမှုတွေ အများကြီး ရှိသွားနိုင်တဲ့ သာဓကတွေက ရှေ့မှာအများကြီးပါပဲ…)
➡ ဈေးနှုန်းနှင့် ဈေးကွက် အကြောင်း
🔸 ဝယ်ယူရမယ့် မြေနေရာနဲ့ လက်ရှိ Market ပေါက်ဈေးကို သေချာသုံးသပ်ပြီးမှ ဝယ်ယူရပါမယ် ။
🔸ဝယ်ယူရမယ့် မြေနေရာရဲ့ ပတ်ဝန်းကျင်မှာ အရောင်းဖွင့်ထားတဲ့ အိမ်ဈေးနှုန်းတွေကိုလည်း သိရှိဖို့ လိုပါတယ် ။ ( Compare Analysis)
🔸 ဈေးကွက်မှာ ရောင်းသူများနေလား ? ဝယ်သူများနေလား ? သိရှိဖို့လည်း လိုပါတယ် ။( Supply & Demand )
🔸 Project Area / စီမံကိန်းနေရာတွေကိုလည်း မျက်စိဖွင့် နားစွင့်ထားဖို့ လိုပါတယ် ။
➡ အမြတ် ရနိုင်မှု ရာခိုင်နှုန်း
🔸 နောက် ROI(Return of Investment) ကိုလည်း သိနေဖို့လိုပါတယ် ။ ဒါမှ နောက် ၂-၃ နှစ်အတွင်း ကိုယ်ဘယ်လောက် % ပြန်ရနိုင်မလဲ ခန့်မှန်းထားနိုင်ရင် မြေကြီးက ရွှေသီးလာမှာ အမှန်ပါပဲ ။
🔸 နောက်ပြီး လစဉ်ရနိုင်မယ့် Passive Income ကိုလည်း တွက်ချက်တက်ဖို့ လိုပါတယ် ။
🔸 အကယ်၍ ဈေးနှုန်းတက်မယ်ဆိုရင် ဘယ်နှစ်နှစ်အတွင်း ဘယ်လောက်တက်နိုင်မလဲ ? ခန့်မှန်းတွက်ချက်နိုင်ဖို့ လိုပါတယ် ။
🔸 နောက်ပြီး ကိုယ် Investment လုပ်တဲ့နေရာမှာ အရေးကြီးဆုံးက ဘယ်အချိန်ရပ်ရမလဲ သိဖို့ လိုပါတယ် ။ ( Break Point )
➡ ပြုပြင်ထိန်းသိမ်းမှုနဲ့ ပြန်လည်ပြင်ဆင်မှု (Maintenance & Renovation)
🔸 အိမ်၊ခြံ၊မြေ တစ်ခုကို ဝယ်ယူပြီးရုံနဲ့ မပြီးပါဘူး ။ ပြုပြင်ထိန်းသိမ်းဖို့လည်း လိုအပ်ပါတယ် ။( ဥပမာ…ရေပိုက် ၊ မီတာ ၊ မီးလိုင်း ၊ ရေမြောင်း ၊ တံခါး ၊ ခြံစည်းရိုး..စတာတွေကို သေချာလုပ်ဖို့ လိုပါတယ် )
🔸 တချို့အိမ်တွေကို ပြန်လည်ပြုပြင်ပြီးမှ ရောင်းမယ်ဆိုရင် အမြတ်ပိုရနိုင်ပါတယ် ။ (Renovation Investment )
🔸 ကိုယ်ဝယ်ယူထားတဲ့ မြေတွေ၊အိမ်တွေမှာ တစ်နှစ်ကို အနည်းဆုံးတစ်ကြိမ်တော့ ထိန်းသိမ်းမှု လုပ်သင့်ပါတယ် ။
🔸 ငှားရမ်းထားတဲ့ အိမ်တွေဆိုရင်တော့ Maintenance ကို မကြာခဏစစ်ဆေးဖို့လိုပါတယ် ။
ဝယ်ယူပြီးနောက် မြေကွက်ဆိုရင် ခြုံရှင်း ၊ မြေဖို့ ၊ ခြံစည်းရိုးခက် စတာတွေ လုပ်ဆောင်သင့်တယ် ၊ အိမ်ပါဆိုရင် အိမ်ကို အဆင်သင့်တက်နေလို့ ရတဲ့အထိ ပြုပြင်ပေးသင့်တယ်…ဒါမှဝယ်ယူမယ့်သူတွေအနေနဲ့ ကြည့်လိုက်တာနဲ့ "ဒါငါ့စိတ်ကူးထဲက အိမ်ကလေးပဲ"လို့ ထင်မြင်လာမှာ ဖြစ်ပါတယ် ။
➡ အထောက်အကူဖြစ်စေမယ့် အကြံပြုချက်များ ( Bonus)
🔸 နားလည်တက်ကျွမ်းပြီး ဗဟုသုတရှိတဲ့ အိမ်ခြံမြေဈေးကွက်အကြံပေး (Real Estate Consultant ) တစ်ဦးစီကနေ အကြံယူပါ ။
🔸 ဈေးကွက်ကို အမြဲလေ့လာပါ ။
🔸 မိမိသုံးမယ့် Budget နဲ့ အမြတ်ရနိုင်မယ့် ရာခိုင်နှုန်းတွေကို သေချာတွက်ချက်ပြီးမှ ရင်းနှီးမြှုပ်နှံမှုတစ်ခုကို လုပ်ပါ ။
ဒါကြောင့် အိမ်၊ခြံ၊မြေကို အခုမှစပြီးရင်းနှီးမြှုပ်နှံချင်တဲ့သူတွေအနေနဲ့ အခုထက်ပိုပြီး သိချင်တယ် ၊ နားလည်ချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ကို အခုပဲ ဆက်သွယ်လိုက်ပါ ။
ဖုန်းဆက်ပြီးတော့ပဲဖြစ်စေ ၊ (Online) Page Messenger,Viber,Whatsapp တို့ကနေလည်း ဆက်သွယ်ပြီး မိတ်ဆွေတို့သိချင်တာတွေကို အခမဲ့ မေးမြန်းလို့ရပါတယ် ။
အခုလို အိမ်၊ခြံ၊မြေ နဲ့ ပတ်သက်ပြီး ဗဟုသုတလေးတွေ သိချင်သေးတယ်ဆိုရင် Page လေးကို Like လုပ်သွားခဲ့ကြပါဦးနော် ။
📱 09 795 678 927
📱 09 796 578 936
📱 09 795 678 937
Location : အမှတ် (၆၂) ၊ သောက်တော်တွင်းရပ်ကွက်
ကျိုက်ခေါက်ဘုရားလမ်း ၊ သန်လျင် ။
#ဟုန်ရှင်း
21/03/2025
15/03/2025
ရင်းနှီးမြှုပ်နှံမှုလောကထဲ ဝင်မယ်ဆို သိထားသင့်တဲ့ အခြေခံအချက်များ
အသက် ၃၅ နှစ်အရွယ် လုပ်ငန်းရှင်တစ်ယောက်ဟာ သူ့ရဲ့စုဆောင်းငွေ သိန်း ၅၀၀ ကို မသေချာမရေရာတဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုမှာ ထည့်လိုက်မိပါတယ်။ နောက်ဆုံးတော့ တစ်ပြားမှ ပြန်မရခဲ့ပါဘူး။ ဒီလိုအဖြစ်မျိုး ခဏခဏ ကြားနေရပါတယ်။ ဒီနေ့ ကျွန်တော်တို့ လက်တွေ့ကျကျ ရင်းနှီးမြှုပ်နှံမှုလောကထဲ ဘယ်လိုအောင်မြင်အောင် လုပ်မလဲဆိုတာ ပြောပြပေးပါ့မယ်။ ရင်းနှီးမြှုပ်နှံမှုလောကမှာ နှစ် ၂၀ ကျော် အတွေ့အကြုံရှိပြီး ယနေ့ထိ အမြတ်အစွန်းတွေ ရနေဆဲဖြစ်တဲ့ ရင်းနှီးမြှုပ်နှံသူတွေရဲ့ အတွေ့အကြုံတွေကို စုစည်းတင်ပြပေးသွားမှာပါ
၁။ ရင်းနှီးမြှုပ်နှံမှုဆိုတာ ကိုယ့်ရဲ့ငွေကြေးကို တန်ဖိုးတက်လာအောင် ဒါမှမဟုတ် ဝင်ငွေပုံမှန်ရအောင် ကြိုးစားတာပါပဲ။
၂။ ရင်းနှီးမြှုပ်နှံမှုတွေထဲမှာ အိမ်ခြံမြေ (Real Estate)၊ ရှယ်ယာ (Stock)၊ ငွေကြေးခိုင်မာတဲ့ စီးပွားရေးလုပ်ငန်းများ (Business Investment)၊ ရွှေနဲ့ နိုင်ငံခြားငွေ (Gold & Forex) စတာတွေ ပါဝင်ပါတယ်။
၃။ အရင်းအနှီးကို တစ်နေရာတည်းမှာ အကုန်မထည့်သင့်ပါဘူး၊ အနည်းဆုံး နေရာ ၃-၄ ခုခွဲပြီး ရင်းနှီးမြှုပ်နှံသင့်ပါတယ် (Portfolio Diversification)။
၄။ ရင်းနှီးမြှုပ်နှံမယ့် နယ်ပယ်အကြောင်းကို သေချာလေ့လာဖို့လိုပါတယ်၊ နားမလည်တဲ့ နယ်ပယ်မှာ ရင်းနှီးမြှုပ်နှံခြင်းဟာ လောင်းကစားတာနဲ့ အတူတူပါပဲ။
၅။ သုံးစွဲဖို့လိုအပ်တဲ့ ငွေကို ရင်းနှီးမြှုပ်နှံခြင်း မပြုလုပ်သင့်ပါဘူး၊ ပိုလျှံငွေကိုပဲ ရင်းနှီးမြှုပ်နှံသင့်ပါတယ်။
၆။ ရင်းနှီးမြှုပ်နှံမှုတိုင်းမှာ အန္တရာယ်ရှိပါတယ်၊ အမြတ်များလေ အန္တရာယ်များလေ ဆိုတာကို နားလည်ထားရပါမယ် (High Risk, High Return)။
၇။ အတိုးနှုန်းမြင့်မြင့်ပေးမယ်ဆိုတဲ့ ကတိတွေကို သတိထားပါ၊ တရားဝင်မဟုတ်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ရှောင်ရှားပါ။
၈။ ရင်းနှီးမြှုပ်နှံမှု မစခင်မှာ အရေးပေါ်သုံးစွဲဖို့ ငွေကြေးကို သီးသန့်ထားရှိသင့်ပါတယ် (Emergency Fund)။
၉။ ရင်းနှီးမြှုပ်နှံမှုကနေ ရလာမယ့် အမြတ်ငွေကို တွက်ချက်တဲ့အခါ ငွေကြေးဖောင်းပွမှုနှုန်း (Inflation Rate) ကို ထည့်သွင်းစဉ်းစားရပါမယ်။
၁၀။ ကိုယ့်ရဲ့ အသက်အရွယ်၊ မိသားစုအခြေအနေ၊ ဘဏ္ဍာရေးပန်းတိုင်တွေပေါ် မူတည်ပြီး ရင်းနှီးမြှုပ်နှံမှု အစီအစဉ်ကို ရေးဆွဲသင့်ပါတယ်။
၁၁။ စဈေးနဲ့ ရောင်းဈေး ကွာခြားချက်ကို (Capital Gain) နဲ့ ပုံမှန်ဝင်ငွေ (Regular Income) ဆိုပြီး နှစ်မျိုးခွဲခြားနားလည်ထားရပါမယ်။
၁၂။ အချိန်ကာလပေါ်မူတည်ပြီး ရင်းနှီးမြှုပ်နှံမှုကို ရေတို (Short Term)၊ ရေလတ် (Mid Term)၊ ရေရှည် (Long Term) ဆိုပြီး သတ်မှတ်ထားရပါမယ်။
၁၃။ မြန်မာနိုင်ငံမှာ တရားဝင် ရင်းနှီးမြှုပ်နှံနိုင်တဲ့ နေရာတွေက ဘဏ်အပ်ငွေ၊ အိမ်ခြံမြေ၊ ရန်ကုန်စတော့အိတ်ချိန်း (YSX)၊ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီတွေမှာ ရင်းနှီးမြှုပ်နှံခြင်းတို့ ဖြစ်ပါတယ်။
၁၄။ ငွေကြေးစီမံခန့်ခွဲမှု မှတ်တမ်း (Financial Record) ကို စနစ်တကျထားရှိပြီး၊ လစဉ် စစ်ဆေးအကဲဖြတ်သင့်ပါတယ်။
၁၅။ အကြံပေးပုဂ္ဂိုလ်တွေ၊ ဘဏ္ဍာရေးအကြံပေးတွေနဲ့ တိုင်ပင်ဆွေးနွေးခြင်းဟာ ကောင်းမွန်တဲ့ အလေ့အထတစ်ခု ဖြစ်ပါတယ်။
အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီး နေရာကောင်းတွေ သိချင်တယ် ၊ အကြံဉာဏ်တွေ လိုတယ်ဆိုရင်တော့ ကျွန်တော်တို့ ဟုန်ရှင်း အိမ်ခြံမြေ ကုမ္မဏီကို အခုပဲဆက်သွယ်လိုက်ပါ။
☎️ ဆက်သွယ်ရန် : 09 795678927 | 09 795678936 |
09 795678937
🏡 ရုံးလိပ်စာ : အမှတ် (၆၂) ၊ ကျိုက်ခေါက်ဘုရားလမ်း ၊ သောက်တော်တွင်းရပ်ကွက် ၊ သန်လျင် ။
#အိမ်ခြံမြေ #ဟုန်ရှင်း
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
PinLon
Yangon
19/03/2025