GP-M9 Skm

GP-M9 Skm

Share

09/03/2026

လူတွေကတော့ မင်းကို သိပ်ရင့်ကျက်တယ်လို့ ထင်ကြမှာပေါ့။ ဒါပေမဲ့... စိတ်ညစ်စရာတစ်ခုခု ကြုံလာတိုင်း ထောင့်ကပ်ပြီး ကြိတ်ငိုတတ်တာကို ကိုယ်ပဲ သိခဲ့တာလေ။
အပြင်ပန်းမှာ ဂရုမစိုက်သလို နေတတ်ပေမဲ့ မင်းက သိပ်ပြီး ဝမ်းနည်းလွယ်မှန်း ကိုယ် နားလည်ထားပြီးသားပါ။ ဒါကြောင့်... ကိုယ် နာကျင်ရရင်တောင် မင်းဆီကိုတော့ ဒီဝေဒနာတွေ ကူးစက်မသွားစေချင်ဘူး။
မင်းရွေးချယ်လိုက်တဲ့ သူကရော... မင်းရဲ့ မာကျောတဲ့ မျက်နှာဖုံးအောက်က ကလေးဆန်တဲ့ စိတ်ထားလေးကို ကိုယ်ချစ်သလိုမျိုး ချစ်ပေးနိုင်ပါ့မလား... ဒါလေးတစ်ခုပဲ ကိုယ် စိတ်ပူတယ်။
ကိုယ့်အချစ်က မင်းအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရပါဘူး။ မင်းက ပျော်ရွှင်ဖို့ပဲ ထိုက်တန်တဲ့သူမို့ ကိုယ့်အချစ်နဲ့ ဝေးရာမှာ... မင်းစိတ်တိုင်းကျသာ ပျော်နေလိုက်ပါတော့

04/03/2026

မောင်သိရဲ့လား မမကမောင့်ကိုဘယ်လောက်ထိချစ်မှန်း အမှန်တော့လေမမကမောင့်ကိုပြောမပြတတ်အောင်ချစ်တာကလေး"ရ ဘယ်လိုလုပ်ရမတုန်းပဲ အရမ်းတွေချစ်မိနေပြီလို့ အချိန်ပြည့်မောင့်အကြောင်းပဲတွေး မိနေတာရယ် မမကိုပစ်မထားခဲ့ပါနဲ့နော် မောင်သာထားခဲ့ရင်မမရူးလောက်တယ် အရမ်းချစ်တယ်နော်ကလေး"

02/03/2026

တွေ့ဆုံမှု တွေက ပြဿနာ မဟုတ်ပဲ
မှတ်မိနေတာ တွေကပြဿနာပဲ ဖြစ်လိမ့်မယ် ။
ကိုယ့်ဆီကလူတစ်ယောက် ထွက်သွားတိုင်း ကိုယ်တစ်ယောက်တည်းပြန်ဖြစ်သွားတိုင်း အဲ့ဒီတုန်းက
အဖြစ်အပျက် အကြောင်းအရာတွေကအစ
ပြန်မှတ်မိနေတာဟာ ဆိုးတယ် ။ မလိုချင်ပဲ
ရလိုက်တဲ့ trauma ပဲ။ ကိုယ် အမြဲပြန်ပြန်ပြီး
မှတ်မိနေတယ် ။ ထပ်ပြီးမမှတ်မိချင်တော့တဲ့လူတွေနဲ့
အဲ့ဒီအကြောင်းအရာ အဖြစ်အပျက်တွေကိုလေ။

- ခက်နှောင်

26/02/2026

အဲ့နေ့က သူ့မျက်ဝန်းတွေကို သေချာလေးငေးကြည့်ခဲ့ရတဲ့နေ့ကပေါ့ ကော့စင်းနေတဲ့မျက်တောင်ရှည်နဲ့ အညိုရောင်မျက်ဆံလေးနဲ့ ကောင်လေးကိုပေါ့ သူရဲ့ဆွဲဆောင်မှုရှိတဲ့ မျက်ခုံးလေးရယ် ဆေးလိပ်တွေသောက်နေပေမယ့်လည်းပန်းရောင်သန်းနေတဲ့ ပန်းဆီရောင်နှုတ်ခမ်းလေးရယ် ကိုယ့်ထက် အရပ်ခုနှစ်လက်မလောက် ပိုမြင့်ပြီး အသားဖြူဖြူလေးနဲ့ကောင်လေးကို သေချာလေးငေးကြည့်ခဲ့ရတဲ့ အချိန်ကပေါ့ ကိုယ်မတွေးမိခဲ့တာက တစ်နေ့အဲ့လူကိုလက်လွှတ်ရလိမ့်မယ်လို့ပေါ့ ကံအကြောင်းမလှခဲ့တော့ အချိန်တန် မခွဲခွာချင်လည်း ခွဲခွာရတာပဲနော် ။
ဒီစာကိုရေးတယ်ဆိုတာကလည်း မင်းကိုပြန်လိုချင်လို့ရယ်တော့မဟုတ်ပါဘူး မင်းလဲမင်းဘဝနဲ့မင်း နေသားကျနေပြီလို့ ကိုယ်သတင်းကြားမိပါတယ် ခုလက်ရှိသူကိုမင်းက သိပ်ချစ်တာလို့လဲ သတင်းသဲ့သဲ့ ကြားမိပါသေးတယ် အဆင်ပြေပြေရှိနေတယ်လို့သိရတော့ ကိုယ်ပြုံးမိလိုက်သေးတယ်
ဒီတိုင်းလေး တစ်ချိန်က ကိုယ်ပိုင်ဆိုင်ခဲ့ဖူးတဲ့တစ်စိမ်းကို သတိရမိယုံတင်ပါ...
သူငယ်ချင်းတွေနဲ့ဆုံတော့ မင်းအကြောင်းအမှတ်မထင်ပြောမိသေးတယ် ငါသူ့ကိုမုန်းတယ်လို့လေ သူငယ်ချင်းတစ်ယောက်က ထပြောတယ်သိလား နငိမုန်းနေတာမဟုတ်ဘူးတဲ့လေ နင်ခွင့်လွှတ်ဖို့ကြိုးစားရင်း သူ့ကိုစိတ်နာနေတာတဲ့
အင်း ဟုတ်မှာပါ ငါအတင်းမေ့ပစ်ဖို့ကြိုးစားရင်း မင်းကိုခွင့်လွှတ်ဖို့ကြိုးစားရင်း စိတ်နာသွားတာဟုတ်မှာပါနော်...

Want your business to be the top-listed Advertising & Marketing Company in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon