So Glow

So Glow

Share

21/03/2026
14/03/2026

🫶Healthy Tips🫶

ဆေးလိပ်၊ အရက်၊ ဘီယာ အစရှိတာတွေကြိုက်
တတ်တဲ့ ကိုကို မမ၊ ညီမလေး မောင်လေးတွေရှိမှာပေါ့နော်။ Night Life တွေ Hangout ကြိုက်တဲ့သူတွေဆိုရင် အနဲဆုံး တစ်ခုမဟုတ် တစ်ခုတော့ သောက်
ဖြစ်ကြမှာပေါ့။ ဆေးလိပ်၊ အရက်၊ ဘီယာ ကြိုက်တဲ့သူပဲ ဖြစ်ဖြစ်၊ မသောက်တဲ့သူပဲဖြစ်ဖြစ် မိမိမျက်နှာ အသားအရေ အလှအပကိုတော့ ဖြစ်ချင်ရာဖြစ်ဆိုပြီး ပြစ်ထားတဲ့သူ မရှိသလောက်ပါပဲနော် အထူးသဖြင့် အမျိုးသမီးတွေမှာပေါ့။

အဲ့ဒီတော့ ဆေးလိပ်၊ အရက်၊ ဘီယာ သောက်ခြင်းက ကျန်းမာရေးကို ထိခိုက်စေရုံတင်မဟုတ်ပဲ မျက်နှာနဲ့အသားအရေကို သိသိသာသာ ဘယ်လိုအိုမင်းရင့်ရော်စေလဲဆိုတာ Health Tips အနေနဲ့ ဖော်ပြပေးလိုက်ပါတယ်နော်။ ဘယ်လောက်ကောင်းတဲ့ Skincare တွေပဲသုံးသုံး ဆေးလိပ်နဲ့အရက်ကို ပမာဏတစ်ခုထက်ပိုပြီးသုံးစွဲနေမယ်ဆိုရင် အသားအရေနဲ့လှပမှုအတွက် ထိရောက်မှုရှိမှာ မဟုတ်ပါဘူးနော်။

ကျန်းမာတဲ့ခန္ဓာကိုယ်နဲ့လှပချောမွတ်တဲ့ မျက်နှာအသားအရေကိုပိုင်ဆိုင်ကြပါစေ 🫶😍

🚬 ဆေးလိပ်သောက်ခြင်းက အသားအရေကို ဘယ်လိုပျက်စီးစေသလဲ?

ဆေးလိပ်မှာပါတဲ့ နီကိုတင်း (Ni****ne) နဲ့ ဓာတုပစ္စည်းတွေဟာ သွေးကြောတွေကို ကျဉ်းစေပြီး အသားအရေဆီကို အောက်ဆီဂျင်နဲ့ အာဟာရဓာတ် ရောက်ရှိမှုကို ပိတ်ပင်လိုက်ပါတယ်။

• အရေပြားတွန့်ခြင်း (Premature Aging): ဆေးလိပ်သောက်သူတွေရဲ့ နှုတ်ခမ်းဘေးနဲ့ မျက်လုံးထောင့်တွေမှာ အရေပြားတွန့်တာတွေ အရွယ်မတိုင်ခင် စောစောစီးစီး ဖြစ်လာတတ်ပါတယ်။

• အသားအရောင် မှိုင်းညို့ခြင်း: အသားအရေဟာ ကြည်လင်မှုမရှိဘဲ ဖြူဖျော့ဖျော့ ဒါမှမဟုတ် မီးခိုးရောင်သန်းတဲ့ အသွင်အပြင် ဖြစ်သွားတတ်ပါတယ်။

• အနာကျက်နှေးခြင်း: ဝက်ခြံဖု ဒါမှမဟုတ် ထိခိုက်ရှနာတွေဖြစ်ရင် အမာရွတ်ကျန်လွယ်ပြီး အနာကျက်ဖို့ အချိန်အကြာကြီး ပေးရတတ်ပါတယ်။

🍷🥃🍺အရက်သောက်ခြင်းက အသားအရေကို ဘယ်လိုထိခိုက်သလဲ?

အရက်ဟာ ခန္ဓာကိုယ်ထဲက ရေဓာတ်ကို ခမ်းခြောက်စေတဲ့ (Dehydration) အဓိက တရားခံဖြစ်ပါတယ်။

• မျက်နှာဖောင်းအစ်ခြင်း (Puffiness): အရက်သောက်ပြီး နောက်တစ်နေ့မှာ မျက်အိတ်ဖောင်းတာနဲ့ မျက်နှာတစ်ခုလုံး ဖောင်းအစ်နေတာမျိုး ခံစားရတတ်ပါတယ်။

• နီမြန်းခြင်း (Redness): အရက်ဟာ မျက်နှာပေါ်က သွေးကြောမျှင်လေးတွေကို ကျယ်စေတဲ့အတွက် ပါးနဲ့ နှာခေါင်းတစ်ဝိုက်မှာ အမြဲတမ်း နီမြန်းနေတတ်ပါတယ်။

• ဝက်ခြံနှင့် အဆီဖုများ: အရက်မှာပါတဲ့ သကြားဓာတ်က အသားအရေကို ရောင်ရမ်းစေပြီး ဝက်ခြံထွက်နှုန်းကို မြင့်တက်စေပါတယ်။

အမျိုးသားနှင့်အမျိုးသမီးများအပေါ်သက်ရောက်မှု

အမျိုးသားများ 🤦‍♂️

⚠️အသားကြမ်းလာပြီး ချွေးပေါက်တွေ ကျယ်လာတတ်ပါတယ်။

⚠️Testosterone ကို ထိခိုက်စေလို့ အသားအရေ လျော့တွဲလာနိုင်ပါတယ်။

⚠️မျက်လုံးအောက် ကွင်းညိုတာနဲ့ မွဲခြောက်တာ ပိုဖြစ်တတ်ပါတယ်။

အမျိုးသမီးများ 🤦‍♀️

⚠️အသားအရေ ခြောက်သွေ့ပြီး ပါးရေတွန့်တာ ပိုသိသာပါတယ်။

⚠️Estrogen လျော့နည်းစေပြီး အရေပြားရဲ့ တင်းရင်းမှု (Elasticity) လျော့ကျစေပါတယ်။

⚠️နှုတ်ခမ်းတဝိုက် အရေးအကြောင်းတွေနဲ့ အသားအရောင် မညီညာတာ ပိုဖြစ်လွယ်ပါတယ်။

NO SMOKING, NO ALCOHOL = HEALTHY GLOWSKIN

Photos from So Glow's post 07/01/2023

Floor Mat လေးတွေပြန်ရပါပြီ😇

Japan 🇯🇵 ကာကီ စက္ကူနဲ့ထုတ်လုပ်ထားတဲ့ အရည်အသွေးမြင့် ကားအတွင်းခန်းခြေနင်း ‘Automotive Floor Mat’

AUTOMOTIVE Floor Mat လေးတွေကိုအသုံးပြုခြင်းဖြင့် 💦🧼ရာဘာခြေနင်းတွေကိုမကြာခဏရေဆေးစရာမလိုတော့ဘူးပေါ့ အဲ့ဒီတော့ကားထဲမှာစိုစွတ်ထိုင်းမှိုင်းစပိုနဲပြီးအနံ့အသက်ပိုကောင်းတာပေါ့❄️

တော်ရုံသဲတွေ၊ဖုန်တွေဆို စာရွက်လေးကိုအပြင်ထုတ်ခါပြီးပြန်ထည့်သုံးလို့ရတယ်နော်♻️အညစ်အကြေးနဲ့အမှိုက်သရိုက်တွေပေပွစွန်းထင်းရင်လဲစာရွက်လေးနဲ့ရောလုံးချေပြီးအလွယ်တစ်ကူစွန့်ပစ်🚮🗑အသစ်ခင်းလိုက်ရုံပဲ🆕

✅ကိုယ်ပိုင်ကားပိုင်ရှင်တွေ
✅ ကားဝယ်ရောင်းအကျိုးဆောင်တွေ
✅ ကားအရောင်းပြခန်းတွေ
✅ ကား SPA နဲ့ ရေဆေးခုံတွေ အတွက်အထူးပဲသင့်တော်ပါတယ်။

စျေးနှုန်း

၁ရွက် ၁၆၀ကျပ်
အနဲဆုံးအရွက်ရေ(၁၀၀)တစ်ပါကင်မှစတင်ရောင်းချပေးပါသည်။

မြန်မာနိုင်ငံအနှံ့သို့ပို့ဆောင်ပေးပါသည်။🚍🚏

မှတ်ချက်။ ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ပြုလုပ်လိုသူများအတွက် အနဲဆုံး အရွက်ရေ ၁၀၀၀ မှစ၍ပြုလုပ်ပေးပါတယ်။

ဝယ်ယူအားပေးကြတဲ့လူကြီးမင်းများအားလုံး ကျေးဇူးပါရှင့်🙏

Want your business to be the top-listed Beauty Salon in Yagon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yagon