Ko Ko Naing

Ko Ko Naing

Share

Photos from Ko Ko Naing's post 06/12/2023

မျိုးဖောက် ကျောက်တစ်လုံးကို ဗဟုသုတဖြစ်
မျှဝေတာပါ။ ရောင်းမှား ဝယ်မှားဖြစ်တတ်ကြလို့ပါ။

ရှိသင့်တဲ့ ဝိတ်လည်း မရှိပါဘူး၊ ၄ပုံ၁ပုံလောက်
ဝိတ်ပေါ့နေပါတယ်။ ဒီအတုံးက ၁ပိဿာလောက်
ရှိရမှာဖြစ်ပေမယ့် ၆၀/၇၀သားလောက်ပဲရှိတာပါ။

ပလွန်လို သိသိသာသာကြီးလည်း မပေါ့နေပါဘူး။
တချို့ကလည်း တောင်ဆန်တယ်၊ မော်တိမ်းတယ်
လို့ ခေါ်ကြပါတယ်။

ဒီကျောက်က နမ့်မချီပါ ယမ်းကြမ်းပါတယ်။
ချော်ပါး ပါတယ်။ အပြင်မှာ ကွမ်းသွေးပြချက်
လေးတွေပါပြီး အထဲမှာ ပါးပါး ဝင်ပါတယ်။
ပန်းပေါက်လေးတွေလည်း ပါ ပါသေးတယ်

တစ်ပုံခြင်းအသေးစိတ် ရေးပြ ထားပါတယ်
ရောင်းမှား ဝယ်မှား ဖြတ်မှား သတိပြုရှောင်ကြည်
နိုင်ကြပါစေဗျာ။

#ပညာသင်များအတွက်ဗဟုသုတအလျို့ငှါ☘️☘️☘️

Photos from Ko Ko Naing's post 21/09/2023

ကျောက်စိမ်းရဲ့ မန်း

ကျောက်စိမ်းအရိုင်းတုံးအပေါ်တွင် ကြိုးကဲ့သို့လည်းကောင်း သစ်ပွေးများကဲ့သို့လည်းကောင်း တီအစက်လေးများကဲ့သို့လည်းကောင်း အဖုအထစ်လေးများကဲ့သို့လည်းကောင်း ပါရှိသော သင်္ကေတလေးများကို မန်းဟုခေါ်သည်။ အရည်မှာဟောက် အသားမှာမောက် ဟု စကားပုံရှိသည်။ ဟောက်နေသည်မန်း(မန်းပိပြားသည်)အရည်ဝင်ပြီး၊ မောက်နေသော နေရာမှာအသားကောင်းတတ်သည်။မန်းကိုကျောက်အပေါ်ပါဝင်တည်ရှိမှုအရ ကျောက်ရည်ဝင်နိင်မှုအနည်းအများကိုတွက်ဆနိင်သည်။ တချို့မန်းသည် အခွံပေးတွင်ခပ်ပါးပါးတည်ရှိပြီး ၊ တချို့မန်းခပ်ထူထူရှိသောအခုံးလေးများဖြစ်သည်။

မန်း(၂)မျိုးရှိသည် ၎င်းတို့မှာ (၁)အရည်မန်း (၂)အသားမန်းတို့ဖြစ်သည်

အရည်မန်း
ပြင်ဆင်
အရည်မန်းသည် ကျောက်စိမ်းအရည်အသားကောင်းမှုကိုပြသည်။ အရည်မန်းသည် မန်းနေရာပေါ်တွင်အရည်အစက်အပြောက်လေးများ(တီရှင်၊တီသေအစက်)ဖြစ်လည်းကောင်း အရည်မန်းအဖြစ်လည်းကောင်းတွေရသည်။ အရည်မန်းများမှာ

မန်းဖြူ( ဗျိုင်းချေးမန်း)
ပြင်ဆင်
ဖယောင်းချပ်အဖြူ ဗျိုင်းချေးကဲ့သို့ကပ်နေတတ်ပြီး တီပေါက်လေးများပါပါကအရေဝင်တတ်သည် ။

မန်းဝါ
ပြင်ဆင်
ငှက်ပျောရွက်အဝါရောင်ကဲ့သို့ဖြစ်ပြီး မန်း၊ပန်း၊မန်းကြိုးအဖြစ်တွေ့ရတတ်ပြီး ကျောက်ဆီကျောက်သားကောင်းသည်။

မန်းနီ (ကွမ်းသွေးမန်း)
ပြင်ဆင်
ကျောက်ပေါ်တွင်ကွမ်းသွေးကဲ့သို့အကွက် (သို့မဟုတ်)အစက်အပြောက်ဖြင့်တည်ရှိပြီး မှော်ဝမ်းကျောက်များတွင်တွေ့ရလျင် ကျောက်မျိုးကောင်းသည်။ ကွမ်းသွေးပြောက်မဝင်တတ်ပါ၊ နမ့်ချီကျောက်ပေါ်တွင်တွေရပါကအသားပျက်သည် ကွမ်းသွေးဝင်သည်။

ခြစားမန်း
ပြင်ဆင်
တတုံးလုံး ခြစားထားသကဲ့သို့ ဖြစ်ပြီး စင်စင်၊အကျွတ်၊အသားစန်း၊ရေခဲသား တို့တွေ့ရတတ်သည်။ကျောက်မျိးရင့်သည်။ တချို့ကျောက်များတွင်ခြစားပေါက်အဖြစ် ၁ခု ၂ခုပါပြီး ပန်းဝင်တတ်သည်။

ကြက်ဆိတ်မန်း
ပြင်ဆင်
မြေမှန်အခွံများတွင် ကြက်ဆိတ်ထားသကဲ့သို့ ျနုတ်သီးရာကဲ့သို့တွေ့ရတတ်ပြီး မှောဆီစာနှ့်တချို့မြေမှန်များပေါ်တွင်တွေ့ရတတ်သည်။ အရည်ပန်းဝင်သည် ကျောက်မျိုးရင့်သည်။ တချို့ပညာသင်များသည် ကြက်ဆိတ်မာန်းနှင် အခွံတုကိုမှားတတ်ကြသည် ။တလုံးလုံးကြက်ဆိတ်မန်းပါသောကျောက်မရှိပါ၊ စိတ်တူရာဖြစ်ပြီး အခွံကြွနေပါက ယမ်းပျောက်နေပါက အခွံတုဖြစ်သည်။

မန်းမန်ပေါက်
ပြင်ဆင်
အပ်ပေါက်ရာလေးများကဲ့သို့ဖြစ်ပြီးယမ်းခေါင်းလေးများမဲနေပါက အရေအသားကောင်းတတ်သည် ။

အသားမန်း
ပြင်ဆင်
အသားမန်းမှာ မန်းနေရာကိုတိုက်လျင်အရည်မတွေ့ရပဲ အသားကိုသာတွေ့ရသည်။

ကောက်ရော့မန်း
ပြင်ဆင်
အခွံပေါ်တွင်ကပ်နေသည့်ပုံစံရှိသောမန်းဖြစ်သည် ကျောက်၏မျက်နာပြင်တဖက်သို့မဟုတ် ထောင့်စွန်တခုတွင်ကပ်နေတတ်သည်။အရည်မဝင်နိင်ပါ။

စည်ပိတ်မန်း
ပြင်ဆင်
စည်တော်ကြီးတွင် သားရေပျားမှာ မျက်နာချင်းဆိုင်ဘက်တွင်ကပ်ထားသလို ကျောက်တွင် အရည်မန်းမှာ မျက်နာချင်ဆိုင်၂ဘက်တွင်ကပ်နေသောမန်းဖြစ်သည်။အရည်ဝင်နိင်သည်။

ဓါးဆို့ထိုးမန်း
ပြင်ဆင်
အားလူးသီးမီးဖုတ်ရန်ဓားဆို့ဖြင့်ထုတ်ချင်းဖောက်ထိုးထားသကဲ့သို့ ကျောက်အထိုင်အောက်ဘက်နှင် ကျောက်၏ကျောပေါ်တွင်ရှိသောမန်းတို့မှာတဖြောင့်ထဲရှိသည် အရည်ဝင်သည်။

ကျားကိုက်မန်း
ပြင်ဆင်
ကျောက်၏မျက်နာပြင်အပေါ်အောက်တွင် ကျားကိုက်လျင်သွားရာထင်သကဲ့သို့ တည်ရှိနေသောမန်းဖြစ်သည်။အရည်ဝင်နိင်သည် ။

ကြိုး
ပြင်ဆင်
ကျောက်ပေါ်တွင် ကြိုးစလေး ကဲ့သို့ဖြစ်နေသောမန်းဖြစ်သည် တိုက်ဖောက်(ကွမ်)ရန်အကောင်းဆုံးဖြစ်ပြီး အရည်ဝင်နိင်ခြေနည်းသည်။

ကြိုးပါတ်
ပြင်ဆင်
ကျောက်တွင်ကြိုးလုံးလေးဖြင့်ပါတ်ထားသကဲ့သို့ဖြစ်သည် မန်းပိပြာက ရာနုန်းပြည့်အရည်ဝင်သည်။

ကြိုးငုတ်
ပြင်ဆင်
ကြိုးပါတ်မန်းပါသောလည်း ကြိုးမှာပေါ်လိုကပျောက်လိုက်ဖြစ်သည် အရည်ဝင်နိင်သည်။ဗျက်သေးတတ်သည်(ကြိုးမျှင်တတ်သည်)။

မန်းတုံး
ပြင်ဆင်
တတုံးလုံးအရည်ခဲဖြစ်သည်။အကာမျိုးတွင်ပိုတွေ့ရတတ်သည်။

မန်းကာ
ပြင်ဆင်
မန်းတုံးပေါ်မှ တိုက်ချွတ်ပါက အကာခံနေလျှင် အောင်ကျောက်ဖြစ်သည်အသားဆန်းမည်

ကွန်ချာမန်း
ပြင်ဆင်
အသိနဲပါတယ် တကယ်လေ့လာဆဲ ကျောက်လုပ်နေသူတွေတောင်မသိသောမန်းပါဗျ ကွန်ချာမန်းက ဖြတ်လိုက်လျှင်ကျားပီးပန်းဆန်ပါတယ် ။
ူရင်း

Photos from Ko Ko Naing's post 19/09/2023

အသားဆန်းအကြောင်း
————————————-
ယနေ့စျေးကွက်မှာ အသားဆန်းကိုအသားဝါရင်စျေးသိပ်မရတာတွေ့ရပါတယ်ဗျ
အသားဆန်းမှာ အသားဖြူချင်သလောက်ဖြူ ညို့ချင်သလောက်ညို့ မဲချင်သလောက်မဲစျေးကောင်းရပေမယ့် အသားခံဝါရင်စျေးက ကျနော်လေ့လာတွေ့ကြုံမိသလောက် ၂ဆ၁ဆကွာပါတယ်ဗျ သည်ထက်ဆိုးရင်ဝယ်လက်တွေလည်းအကြိုက်နည်းပါတယ်ဗျ
သည်နေရာမှာအရေးကြီးတာ အသားဆန်းရိုက်ဖဲ့ဆိုရင်စလေ့လာသူတွေမဝယ်တာကောင်းပါတယ် သာမန်ခါးသန်အသားလောက်မှာ ကာလာထိုးလို့ရိုက်ဖဲ့ထားရင်မဲသလိုအနေအထား ဖြစ်နေပါတယ် တစ်ခါတစ်လေ ချွမ်ပြာဖျော့ဖျော့ရိုက်ဖဲ့ဆိုလည်းသတိထားစေချင်ပါတယ် စိတ်ထဲမှာအသားကညို့တာလားချွမ်ကညို့တာလား ဝေခွဲရခက်တဲ့အနေထားလေးတွေမြင်တွေ့ရပါတယ်ဗျ
နည်းနည်းမှော်နဲ့အထာနပ်သူတွေတော့ အသားဆန်း အသားခံဝါပီဆို ကျောက်ကိုဟောင်းအောင် ဝလုခေါ် ဂျီးတက်အောင်ထားပီး ရောင်းကြပါတယ် ဒါမှကျောက်ကဟောင်းလို့ လက်ကအကိုင်များပီးလက်ဆီတက်သလို ဖြစ်နေလို့ကျောက်ကဟောင်းလို့ဝါသလိုလို ဖြစ်နေရင် ကျနော့မိတ်ဆွေတွေသတိပြုပါ
သည်မှာတစ်ချက်ထူးခြားတာတစ်ခုပေါ့
ဆာဘိမှာ အကာခံသောကျောက် က လတ်ဆတ်ရင်ဖြစ်ဖြစ် လက်ဆီတက်ရင်ဖြစ်ဖြစ်ခေါင်းရလွယ်ပေမယ့်
ဆာဘိခွံဝါ အခေါက်မျိုးတွေဆိုရင်အတော်မှန်းဆရခက်ပါတယ် လုံးဝ လုံးစွပ်ခေါင်းကျောက်ဆိုရင်ပေါ့
ကျနော့မိတ်ဆွေများအသိပညာလေးတစ်ခုရကျေနပ်ပါပီဗျ
ကျနော့ထက်ဝါရင့်ဆရာများဖြည့်စွက် ရေးသားပေးကြပါဗျ
လေးစားစွာဖြင့်။
Jade

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


Thingunkyun
Yangon