Guide for High School graduated
15/11/2021
တက္ကသိုလ်၀င်တန်းစာမေးပွဲ ဖြေဆိုရန် ကိစ္စနှင့်စပ်လျဉ်း၍ မိဘပြည်သူ၊ ကျောင်းသူ၊ကျောင်းသားများသို့ အသိပေး သတင်းထုတ်ပြန်ခြင်း
• အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေး၀န်ကြီးဌာနသည် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လိုလားတောင့်တနေသည့် ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးစနစ် တည်ဆောက်ရန် ခိုင်မာစွာ သန္နိဋ္ဌာန် ချမှတ်ထားပြီး ဖြစ်သည့်အလျောက် ကြားကာလအတွင်း ပညာရည်ဆန်းစစ်မှု စာမေးပွဲစနစ်များကိုလည်း ဖက်ဒရယ်ပညာရေး သဘောတရားများ၊ နိုင်ငံတကာစံနှုန်းများနှင့်အညီ အများပြည်သူ နစ်နာမှုမရှိစေရေးကို အထူးဦးစားပေး၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
• သင်ရိုးညွှန်းတမ်းစနစ် ပြောင်းလဲရေးတွင် ဆောင်ရွက်ရန် ကျန်ရှိနေသည့် တက္ကသိုလ်၀င်တန်း၌ တက်ရောက်နေဆဲ ကျောင်းသူ၊ကျောင်းသားများ အတွက် ပညာရေး အရည်အသွေးရှိကာ အများပြည်သူ လက်ခံနိုင်သော ဆန်းစစ်ဖြေဆိုမှုစာမေးပွဲတစ်ခု ကျင်းပပြုလုပ်ပေးနိုင်ရန် သက်ဆိုင်ရာ ပညာရှင်များ၊ နည်းပညာရှင်များနှင့် တိုင်ပင် ဆွေးနွေးလျက်ရှိပါသည်။
• ထို စာမေးပွဲကို တက္ကသိုလ်၀င်တန်းကျောင်းသူ၊ကျောင်းသားအားလုံး လက်လှမ်းမီ ပါ၀င်ဖြေဆို နိုင်မည့် အစီအစဉ် ဖြစ်စေရန် သက်ဆိုင်ရာ ကျောင်းသားအဖွဲ့အစည်းများ/သမဂ္ဂများ၊ ပညာရေးအဖွဲ့ အစည်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ မြို့နယ်ပညာရေးဘုတ်အဖွဲ့များ၊ တက္ကသိုလ်ကောင်စီများ၊ ဆရာ သမဂ္ဂများ၊ ပြည်တွင်းပြည်ပ ပညာရှင်များ၊ နည်းပညာရှင်များ၊ အဖွဲ့အစည်းများနှင့် တိုင်ပင်ဆွေးနွေးကာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
• လက်ရှိအချိန်တွင် ကျောင်းသူ၊ကျောင်းသားများ၊ မိဘပြည်သူများ အနေဖြင့် မိမိဆန္ဒမပါ၀င်ပဲ တက္ကသိုလ်၀င်တန်း စာမေးပွဲဖြေဆိုရန် စစ်ကောင်စီ၏ ဖိအားပေး ခြိမ်းခြောက်ခံရ ခြင်းများ၊ ယခုနှစ် စာမေးပွဲဖြေဆိုရန် အမည်စာရင်း မတင်သွင်းလျှင် နောက်နှစ်များတွင် ဖြေဆိုခွင့်မပြုဟူသော အာဏာရှင် ဆန်သည့် ဖိအားပေးမှုများသည် အနာဂတ်လူငယ်များအား ပညာရည်နိမ့်ပါးအောင် လုပ်ဆောင်နေခြင်း ဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနသည် အားလုံးပါဝင်နိုင်မည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲစနစ်ကို အများဆန္ဒနှင့်အညီ ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ပါသဖြင့် အဆိုပါ မတရား ဖိအားပေး ခြိမ်းခြောက်မှုများကို စိုးရိမ်ပူပန်ရန် မလိုအပ်ပါ။
• ပြည်တွင်းပြည်ပ နိုင်ငံတကာမှလုံးဝအသိအမှတ်မပြုသော တရားမ၀င် စစ်ကောင်စီ၏ ပညာရေးလုပ်ဆောင်မှုများအားလုံးသည် အလိုအလျောက် တရားမ၀င်ကြောင်း ကြေညာထားပြီးဖြစ်သဖြင့် စစ်ကောင်စီမှ ခိုင်းစေကျင်းပသည့် တက္ကသိုလ်၀င်တန်း စာမေးပွဲရလဒ်များကိုလည်း ဖက်ဒရယ်စနစ်ဖြင့် အကောင်အထည်ဖော်သွားမည့် အဆင့်မြင့်ပညာ တက္ကသိုလ်/ကောလိပ်/ သိပ္ပံများက အသိအမှတ်ပြု လက်ခံမည် မဟုတ်ပါကြောင်း အသိပေး သတင်းထုတ်ပြန်အပ်ပါသည်။
ပညာရေး၀န်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
20/10/2021
ယနေ့မှာ ကျရောက်တဲ့ သီတင်းကျွတ်လပြည့်နေ့ အခါသမယမှာ မြန်မာပြည်သူပြည်သားများနှင့်တကွ ဝေနေယျသတ္တဝါအားလုံး စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပြီး ကောင်းမွန်သောနေ့ရက်လေးဖြစ်ပါစေလို့ Guide for High School graduated family မှ ဆုမွန်ကောင်း တောင်းအပ်လိုက်ပါတယ်။🙏
09/10/2021
Knock knock!👀
🙋🏻♀️Hello GHSGer လေးတို့ရေ...ဒီနေ့မှာတော့ GHSGကနေ ညီငယ်၊ ညီမငယ်လေးတို့ အတွက်သတင်းကောင်းလေးတစ်ခုသယ်ဆောင်လာပါတယ်💌
💁🏻♀️အဲ့တာကတော့ AYO Myanmar's Virtual Youth Camp (100% free camp)လေးပဲဖြစ်ပါတယ်။
ဒီCampလေးထဲမှာတော့ -
☘️Scholarship preparation and sharing session , University life and culture.
☘️Importance of digital skill for students.
☘️Branding yourself as a Multipotentialite.
☘️ How to learn English effectively.
☘️ Research introduction, Research skill for University students.
စတဲ့ စိတ်ဝင်စားဖွယ် အကြောင်းအရာများစွာကိုလူငယ်တွေအတွက် impact ဖြစ်စေရန်ရည်ရွယ်ပြီးအတွေ့အကြုံရှိကျွမ်းကျင် speakerတွေကနေ sharingလုပ်ပေးသွားမှာပဲဖြစ်ပါတယ်။
ဒါပြင့်ဒီcampလေးထဲမှာGHSG ကလည်းcollab အနေနဲ့လက်တွဲပါဝင်သွားမှာဖြစ်လို့ မောင်လေးညီမလေးတို့ GHSGက ကိုကိုတို့ မမတို့နဲ့လည်းဆုံတွေ့ရမှာပါနော်😉
Programလေးရဲ့အသေးစိတ်နဲ့ Formကိုတော့ အောက်ကlinkမှာဝင်ရောက်ကြည့်ရှုပြီး Register လုပ်နိုင်ပါတယ်နော်။
https://www.facebook.com/142444775966783/posts/1881803665364210/
Deadlineကတော့13.10.2021ဖြစ်တာကြောင့် 100%free campလေးမှာပါဝင်ဖို့အတွက် Form လေးမြန်မြန်ဖြည့်ဖို့မမေ့ကြပါနဲ့နော်🙆🏻♀️ See u all💗
23/09/2021
အဆုံးသတ်တိုက်ပွဲ
နောင်အနာဂါတ် တိုင်းပြည်အတွက်
ရောင်နီဟာ လင်းလက်လို့နေပြီးပဲ.....
10M project လေးပါ ပါဝင်ပေးကြပါအုံး❤
https://youtu.be/fkTXRtqUZZo
https://youtu.be/8aFFZxr1SqQ
https://youtu.be/l1hsSRRLUIg
https://youtu.be/DwsDarsQ2u0
https://youtu.be/n9Qk3OcO2_4
Original Link
https://m.facebook.com/story.php?story_fbid=145721141099551&id=100355732302759
Click here to claim your Sponsored Listing.
Category
Contact the school
Website
Address
Yangon