Lins Pyae Htet - International Medical Service

Lins Pyae Htet - International Medical Service

Share

07/10/2022

👨‍⚕️ ကျောက်ကပ်ရောဂါ ဖြစ်နိုင်တဲ့
📑 "လက္ခဏာ ၁၀" ခု

🩺 ပုံမှန်ထက် ပိုမိုပင်ပန်းနွမ်းနယ်ခြင်း၊ အားနည်းလွယ်ခြင်း၊ အာရုံစူးစိုက်ရန်ခက်ခဲခြင်း
🔰 ကျောက်ကပ်ရဲ့လုပ်ဆောင်နိုင်စွမ်း ကျဆင်းလာတာနှင့်အမျှ သွေးအတွင်းမှာလဲ အဆိပ်အတောက်များနှင့်အညစ်ကြေးများ ပိုမိုစုပုံလာစေပါတယ်။
🔰 ထိုစုပုံလာခြင်းသည် လူကို ပင်ပန်းနွမ်းနယ်စေပြီး အာရုံစူးစိုက်ရန် ခက်ဲခလာစေပါတော့တယ်။
🔰 ဘေးထွက်ဆိုးကျိုးထဲမှ တစ်ခု အပါအဝင်ဖြစ်သော Anemia လို့ခေါ်တဲ့ သွေးအားနည်းခြင်း ကြောင့်လဲ အားနည်းခြင်း မောပန်းခြင်းတို့ကိုဖြစ်ပေါ်စေပါတယ်။

🩺 ကောင်းကောင်း အိပ်မပျော်ခြင်း
👆 အပေါ်မှာ ဖေါ်ပြခဲ့သလို ကျောက်ကပ်အလုပ်ကောင်းကောင်း မလုပ်နိုင်တဲ့အခါ သွေးတွင်းမှာရှိတဲ့ အဆိပ်အတောက်များဟာ ဆီး မှတဆင့် ခန္ဓာကိုယ်မှထွက်ခွာမည့်အစား သွေးထဲမှာဘဲ ဆက်လက်ရှိနေပါတယ်။
🔰 ထိုအဆိပ်အတောက်များသည် လူကို ကောင်းကောင်း အိပ်မပျော်ခြင်းဖြစ်စေပါတယ်။
🔰 နာတာရှည်ကျောက်ကပ်ရောဂါ သည် အဝလွန်ခြင်းနှင့်တွဲဖြစ်လေ့ရှိပြီး အိပ်မပျော်ခြင်းသည် အဝလွန်ပြီး ကျောက်ကပ်ရောဂါဖြစ်နေတဲ့လူတွေမှာ ပိုအဖြစ်များပါတယ်။

🩺 အသားရည်ခြောက်ကပ်ခြင်း၊ ယားယံခြင်း
🔰 ကျန်းမာနေတဲ့ကျောက်ကပ်တစ်ခုရဲ့ အဓိကလုပ်ဆောင်နိုင်စွမ်းတွေကိုပြောပြဆိုရင်တော့အများကြီးပါဘဲ။
🔰 ခန္ဓာကိုယ်မှအညစ်ကြေးများကိုဖယ်ရှားပေးခြင်း သွေးနီဥ(ဆဲလ်)တွေကိုဖန်တီးပေးရန်အကူညီပေးခြင်း အရိုးများကို သန်မာစေပြီးတော့ သွေးတွင်းရှိ သတ္တုဓာတ် ပမာဏကို မှန်ကန်စွာထိန်းသိမ်းပေးခြင်း စသဖြင့်ပေါ့။
🔰 အသားရည်ခြောက်ခြင်းနှင့် ယားယံခြင်းတို့ခံစားရခြင်းသည် ကျောက်ကပ်ပျက်စီးလာပြီး သွေးထဲမှာ သတ္တုဓာတ်နဲ့ အာဟာရမျှတအောင် မထိန်းနိုင်တော့သည်ဟု ပြသမည့် ရောဂါလက္ခဏာတစ်ခုဖြစ်နေနိုင်ပါသည်။

🩺 ပုံမှန်ထက်ပိုပြီး ဆီးသွားခြင်း
🔰 ကျောက်ကပ်မှာရှိတဲ့ အညစ်အကြေးကိုစစ်ပေးတဲ့ဇကာလေးတွေပျက်စီးသွားတဲ့အခါ ဆီးသွားချင်စိတ်ကို တိုးလာစေနိုင်ပါတယ်။
🔰 အထူးသဖြင့် ညဘက်တွေမှာ မကြာခဏ ဆီးသွားရန်လိုအပ်သည်ဟု ခံစားရတာမျိုးကိုပြောတာပါ။ တစ်ခါတစ်ရံမှာတော့ ဆီးခဏခဏသွားချင်တာဟာ ဆီးပိုးဝင်ခြင်း (သို့) အမျိုးသားများတွင်ဖြစ်တတ်တဲ့ ဆီးကျိတ်ရောင်ခြင်းကြောင့်လည်းဖြစ်နိုင်ပါတယ်။

🩺 ဆီးထဲမှာသွေးပါခြင်း
🔰 ကျန်းမာနေတဲ့ကျောက်ကပ်ဟာ ယေဘူယျအားဖြင့် သွေးအတွင်းမှာရှိတဲ့အညစ်ကြေးများကိုစစ်ထုတ်ပေးပြီးတော့ ဆီးဖြစ်စေပါတယ်၊ သွေးဆဲလ်များကိုလည်း ခန္ဓာကိုယ်အတွင်းမှာဘဲရှိစေပါတယ်။ ကျောက်ကပ်မှာရှိတဲ့အညစ်တွေကိုစစ်ထုတ်ပေးနေတဲ့ ဇကာလေးတွေပျက်စီးလာပြီဆိုရင် သွေးဆဲလ်လေးတွေဟာ ဆီးထဲသို့ပါလာပါတော့တယ်။
🔰 ဆီးထဲသွေးပါလာပြီဆိုရင်တော့ ကျောက်ကပ်ရောဂါအပါအဝင် အကျိတ်နှင့်ဆီကျောက်တည်ခြင်း ဖြစ်နိုင်သည်ဟုပြသနေတဲ့ လက္ခဏာ ဖြစ်နေနိုင်ပါတယ်။

🩺 ဆီးသွားတဲ့အခါအမြှုပ်များသာမန်ထက်ပိုများနေခြင်း
🔰 ဆီးသွားတဲ့အခါ ရေခဏခဏဆွဲချမှပြောင်တဲ့အထိ အမြှုပ်တွေများနေတယ် ကြက်ဥမွှေတဲ့အခါထွက်လာတဲ့အမြှုပ်တွေမျိုးဖြစ်နေတယ် ဆိုရင်တော့ (Albumin)လို့ခေါ်တဲ့ ပရိုတင်းတွေဆီးထဲပါလာခြင်းကြောင့်ဖြစ်ပါတယ်။

🩺 မျက်လုံးတစ်ဝိုက်ရောင်ရမ်းခြင်း
🔰 ဆီးထဲမှာ ပရိုတင်းပါလာတယ်ဆိုထဲက ကျောက်ကပ်ဇကာစတင်ပျက်စီးလာပြီဆိုတာကိုပြတဲ့ လက္ခဏာဖြစ်ပါတယ်။ မျက်လုံးတစ်ဝိုက်ရောင်းရမ်းလာတာဟာ ပရိုတင်းတွေ ခန္ဓာကိုယ်အတွင်းမှာရှိနေရမည့်အစား ကျောက်ကပ်ဇကာပျက်စီးခြင်းကြောင့် ဆီးထဲသို့အမြောက်အများပါလာခြင်းကြောင့်ဖြစ်ပါတယ်။

🩺 ခြေထောက်ဖေါရောင်ခြင်း
🔰 ကျောက်ကပ်ရဲ့လုပ်ဆောင်နိုင်စွမ်း ကျဆင်းလာတာနှင့်အမျှ ခန္ဓာကိုယ်က Sodium ဆိုဒီယမ် ဓါတ်ကို ပမာဏကိုလိုအပ်တာထက်ပိုပြီးထိန်းသိမ်းထားပါတယ်။ နောက်ဆက်တွဲအနေဖြင့် ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များရဲ့ပြင်ပမှာရှိသော အရည်ပမာဏများလာပါတယ်။(ခြေဖဝါး၊ ခြေကျင်းဝတ်တဝိုက်မှာ ဖေါရောင်ခြင်းဖြစ်စေပါတယ်)

🩺 ခံတွင်းပျက်ခြင်း
🔰 ခံတွင်းပျက်တိုင်းတော့ ကျောက်ကပ်ရောဂါဖြစ်နေပြီလို့ဆိုလိုခြင်းမဟုတ်ပါ။ ကျောက်ကပ်အလုပ်ကောင်းကောင်းမလုပ်နိုင်တော့တဲ့အခါ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အဆိပ်အတောက်တွေကိုကောင်းကောင်းမစွန့်ပြစ်နိုင်တော့ဘဲ စုပုံလာပြီး ခံတွင်းပျက်တာ အစားစားချင်စိတ်မရှိတာ ဖြစ်စေပါတယ်။

🩺 မကြာခဏကြွက်တက်ခြင်း
🔰 ကျောက်ကပ်မကောင်းတော့ရင် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ သတ္တုဓါတ်တွေကိုလည်းထိန်းမထားနိုင်တော့ဘဲ (Electrolyte Imbalance)ဖြစ်ပြီးတော့ မကြာခဏ ကြွက်တက်ခြင်း၊မူးဝေခြင်း၊ နှလုံးခုံမမှန်ခြင်း၊စိတ်ရှုပ်ခြင်း တို့ကိုဖြစ်ပေါ်စေပါတယ်။
🔰 Electrolyte ဆိုတာကျွန်တော်တို့ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ သွေး၊ဆီး၊တစ်ရှူး၊အရည်များမှာပျော်ဝင်နေတဲ့ သတ္တုဓါတ်ကိုဆိုလိုပါတယ်။ ခန္ဓာကိုယ်ရဲ့ရေဓါတ်ကိုမျှတစေပါတယ်။

👨‍⚕️လူကြီးမင်းတို့ နိုင်ငံရပ်ခြားမှာ စိတ်အေးချမ်းစွာဖြင့် သက်သောင့်သက်သာ ဆေးကုသမှုခံယူနိုင်ရန်အတွက် အစစအရာရာ အဆင်ပြေချောမွေ့အောင် လင်းပြည့်ထက် ကုမ္မဏီမှ အကောင်းဆုံး စီစဉ်ဆောင်ရွက်ပေးနေပါတယ်ရှင့် ⭐️
👨‍⚕️ ကျန်းမာရေးနယ်ပယ်မှာ အတွေ့အကြုံရှိတဲ့ ပညာရှင်များနှင့် လူကြီးမင်းတို့ရဲ့ ကျန်းမာရေးအခက်အခဲများကို သေချာစွာ တိုင်ပင်ဆွေးနွေးချင်လိုပါက လင်းပြည့်ထက်ကို လှမ်းလာဖို့ ဖိတ်ခေါ်ပါတယ်ရှင့် 🙏

🌟 Lins Pyae Htet - International Medical Service
🏣Yangon Office
Hot Line: 099 6430 1774
Address: အမှတ် (၅၃၂)၊ တတိယထပ်၊ အင်းဝလမ်း၊ တောင်ဥက္ကလာ (၆)ရပ်ကွက်၊ ရန်ကုန်မြို့။
Hot Line: 099 7039 0766
Address: စွယ်တော် အထူးကုဆေးရုံ - အမှတ် ၄၅၂၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း (ယာဉ်ဝင်းဟောင်းလမ်း)၊ ဥဿာမြို့သစ်၊ ပဲခူးမြို့။
Messenger: m.me/LinsPyaeHtetInternationalMedicalService

, , , , ,

26/09/2022

စွယ်တော် အထူးကုဆေးရုံနှင့် လင်းပြည့်ထက် (Lins Pyae Htet - International Medical Service) တို့လက်တွဲပြီး ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ ဆေးရုံကြီးများတွင် ဆေးကုသမှု ခံယူနိုင်ရန်အတွက် အကောင်းဆုံး ဝန်ဆောင်မှုပေးနေပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင့် 🙏

ကျန်းမာရေးနယ်ပယ်မှာ နှစ်ပေါင်းများစွာအတွေ့အကြုံရှိသောပညာရှင်များကိုယ်တိုင် လူကြီးမင်းတို့၏ ကျန်းမာရေးအခက်အခဲများကို တိုက်ရိုက် တိုင်ပင်ဆွေးနွေးပေးလျှက်ရှိပါတယ်။

လင်းပြည့်ထက်ရဲ့ Before, During & After Service များကြောင့် လူကြီးမင်းတို့ ခံစားနေရတဲ့ရောဂါဝေဒနာများကို အထိရောက်ဆုံး ကုသမှုခံယူနိုင်တဲ့အပြင် လူကြီးမင်းတို့ အချိန်မကုန်၊ ကုန်ကျစရိတ်သက်သာပြီး သက်သောင့်သက်သာဖြစ်စေရန် အကောင်းဆုံးဖြစ်အောင် ဝန်ဆောင်မှုပေးနေတယ် 👍

🌟 Before, During & After Service ဆိုတာဘာလဲ?
👨‍⚕️ Before Service:
လူကြီးမင်းတို့ နိုင်ငံရပ်ခြားသို့ မသွားခင် ကျန်းမာရေးအခြေအနေများကို စနစ်တကျ အခမဲ့ ဆွေးနွေးပေးပြီး လိုအပ်ပါက လူကြီးမင်းတို့​၏ ဆေးမှတ်တမ်းများကို ထိုင်းနိုင်ငံရှိ အထူးကုဆရာဝန်ကြီးများထံသို့ ပေးပို့ပြီး ရောဂါအခြေအနေ၊ ဆေးကုသမှုအခြေအနေနှင့် ကုန်ကျစရိတ်ခန့်မှန်းခြေများကို စနစ်တကျတွက်ချက်၍ အကောင်းဆုံး တိုင်ပင်ဆွေးနွေးပေးနေပါသည်။ အကယ်၍ ပြည်ပမှာ ဆေးကုသမှုခံယူရန်လိုအပ်ပါက လူကြီးမင်းတို့ရောဂါကုသမှုအတွက် သင့်လျှော်မည့် ဆေးရုံနှင့် အထူးကုဆရာဝန်များကို ရွေးချယ်ကုသနိုင်ရန်အတွက်လည်း အထူးအကြံပေးဆောင်ရွက်ပေးပါတယ်။

👨‍⚕️ During Service: 🏥
လူကြီးမင်းတို့ ပြည်ပထွက်ခွါရန် ဗီစာ၊ လေယာဉ်လက်မှတ်စသည်တို့ကို စီစဉ်ပေးတဲ့အပြင် ဆေးကုသစဉ် ပြည်ပမှာနေထိုင်ရန်အတွက်လည်း စီစဉ်ပေးပါတယ်။ ပြည်ပကိုရောက်ရင်လည်း လေဆိပ်အထိကြိုပေးပြီး သက်ဆိုင်ရာဆေးရုံသို့ ပို့ဆောင်ပေးပါတယ်။ ဆရာဝန်ကြီးများနှင့် တိုင်ပင်ဆွေးနွေးရာတွင် အခက်အခဲမဖြစ်စေရန် ဘာသာပြန်များကို ထားရှိပေးပါတယ်။ ပြည်ပမှာ ဆေးကုသမှုခံယူနေစဉ်အတွင်း လူကြီးမင်းတို့ရဲ့ အခက်အခဲများနှင့် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးပါတယ်။

👨‍⚕️ After Service:
ပြည်ပမှဆေးကုသမှုခံယူပြီး မြန်မာနိုင်ငံသို့ပြန်ရောက်ပြီး နောက်တစ်ကြိမ်(Follow Up) ကျန်းမာရေးပြန်လည်စစ်ဆေးမှုများနှင့် ရောဂါအခြေအနေများကိုလည်း တိုင်ပင်ဆွေးနွေးပေးပါတယ်။ ပြည်ပသို့ လူကိုယ်တိုင်ပြသရန် မလိုအပ်ပါက ပြည်ပမှအထူးကုဆရာဝန်ကြီးများနှင့် တိုက်ရိုက် Online မှတဆင့်ပြသပေးခြင်းကိုလည်း ဝန်ဆောင်မှုပေးထားပါတယ်။ လိုအပ်သောဆေးဝါးများကိုလည်း ပြည်ပဆေးရုံကြီးများမှ မှာယူပေးပါတယ်ရှင့် 👍
🌟 သတင်းကောင်းအနေဖြင့် ဒီနှစ်အတွင်း ဝိဖဝတီ ဆေးရုံ(Vibhavadi International Hospital)မှ Medical Package များအတွက် 30% Discount ရှိပါတယ်ရှင့် 🥰

👨‍⚕️လူကြီးမင်းတို့ နိုင်ငံရပ်ခြားမှာ စိတ်အေးချမ်းစွာဖြင့် သက်သောင့်သက်သာ ဆေးကုသမှုခံယူနိုင်ရန်အတွက် အစစအရာရာ အဆင်ပြေချောမွေ့အောင် လင်းပြည့်ထက် ကုမ္မဏီမှ အကောင်းဆုံး စီစဉ်ဆောင်ရွက်ပေးနေပါတယ်ရှင့် ⭐️

👨‍⚕️ ကျန်းမာရေးနယ်ပယ်မှာ အတွေ့အကြုံရှိတဲ့ ပညာရှင်များနှင့် လူကြီးမင်းတို့ရဲ့ ကျန်းမာရေးအခက်အခဲများကို သေချာစွာ တိုင်ပင်ဆွေးနွေးချင်လိုပါက လင်းပြည့်ထက်ကို လှမ်းလာဖို့ ဖိတ်ခေါ်ပါတယ်ရှင့် 🙏

🌟 Lins Pyae Htet - International Medical Service
🏣Yangon Office
Hot Line: 099 6430 1774
Address: အမှတ် (၅၃၂)၊ တတိယထပ်၊ အင်းဝလမ်း၊ တောင်ဥက္ကလာ (၆)ရပ်ကွက်၊ ရန်ကုန်မြို့။

🏣 Bago Office (Swaltaw Specialist Hospital - စွယ်တော် အထူးကုဆေးရုံ)
Hot Line: 099 7039 0766
Address: စွယ်တော် အထူးကုဆေးရုံ - အမှတ် ၄၅၂၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း (ယာဉ်ဝင်းဟောင်းလမ်း)၊ ဥဿာမြို့သစ်၊ ပဲခူးမြို့။

Messenger: m.me/LinsPyaeHtetInternationalMedicalService

, , , , ,

26/07/2022

ကူးစက်မြန်သော Omicron မျိုးကွဲသစ် BA.4, BA.5 နှင့် ကာကွယ်ဆေးအကြောင်း

ယခုအခါ Covid-19 ရဲ့ Omicron မျိုးကွဲသစ် BA.4 နှင့် BA.5 ဟာ ယခင်ထက် ကူးစက်မှုနှုန်း မြင့်မားပါတယ်။ BA.4 နှင့် BA.5ကို ၂၀၂၂ ဇန်နဝါရီလနှင့် ဖေဖေါ်ဝါရီလမှာ တောင်အာဖရိကတွင် စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။

🌟 Virus မျိုးကွဲအသစ်တွေ ဘာကြောင့် ဖြစ်လာရတာလဲ?
Virus ပွားတဲ့အခါ မူလမျိုးရိုးဗီဇကိုကူးပြီး အကောင်သစ်ဖြစ်လာပါတယ်။ Virus ပွားတာ အလွန်မြန်တဲ့အတွက် Copy ကူးတဲ့နေရာမှာ မူလမျိုးရိုးဗီဇကနေ ဖြစ်လာတဲ့ Virus ဟာ အနည်းငယ် ကွဲပြားသွားပါတယ်။

🌟 Omicron BA.4-BA.5 ရဲ့ ကူးစက်ခံရပါက
🦠 အဖျားတက်ခြင်း
🦠 ပင်ပန်းနွမ်းနယ်ခြင်း
🦠 ခေါင်းကိုက်ခြင်း
🦠 လည်ချောင်းနာခြင်း
🦠 ချောင်းဆိုးခြင်း
🦠ကိုယ်လက်ကိုက်ခဲခြင်း
🦠 အနံ့၊ အရသာပျောက်ခြင်း
🦠 နှာစေး၊ နှာရည်ယိုခြင်း
🦠 ပျို့အန်ခြင်း
🦠 ၀မ်းသွားခြင်း
🦠 ရောဂါပြင်းထန်ပါက အသက်ရှူကျပ်ခြင်းနှင့် မောခြင်း စတာတွေဖြစ်တတ်ပါတယ်။ နေထိုင်မှုပုံစံ၊ ကိုယ်ခံအား၊ ရောဂါအခံနှင့် လက်ရှိသောက်သုံးနေသောဆေးဝါး စတဲ့အချက်များပေါ်မူတည်ပြီး တစ်ဦးနှင့်တစ်ဦး ရောဂါကူးစက်ခံရမှုအခြေအနေ ကွာခြားတတ်ပါတယ်။

🌟 Covid-19 ကာကွယ်ဆေးထိုးပြီးရင် ကာကွယ်နိုင်မလား?
လေ့လာတွေ့ရှိချက်များအရ ကာကွယ်ဆေးထိုးပြီးသောသူများကိုလည်း ရောဂါကူးစက်နိုင်ပါတယ်။ ဒါပေမယ့်ကာကွယ်ဆေး (၂)ကြိမ်နှင့်အထက် ထိုးပြီးခဲ့ရင် ရောဂါပြင်းထန်မှုနှုန်းကို လျော့နည်းစေနိုင်တယ်လို့ ဆိုပါတယ်။

Booster Dose ထိုးထားရုံနဲ့လည်း အမြဲကာကွယ်မှု မပေးနိုင်ပါ။ Booster ထိုးပြီး 6 လကြာရင် Antibodies တွေက တဖြည်းဖြည်း လျော့နည်းလာလို့ အားဖြည့် Booster ကိုလည်း ဆရာဝန်များနှင့်တိိုင်ပင်ပြီး ထိုးသင့်ပါတယ်။

🌟 Covid-19 ကို အတူတကွ ဘယ်လိုခုခံကာကွယ်ကြမလဲ?
ကူးစက်ရာဂါ ကာကွယ်ဖို့ လူတိုင်းမှာ တာဝန်ရှိသလို ကိုယ့်ပတ်ဝန်းကျင်က လူတွေကိုလည်း အချင်းချင်း ဂရုစိုက်သတိပေးသင့်ပါတယ်။
✳️ ကိုယ်ခံအားကောင်းအောင် နေပါ။
✳️ အချိန်မှန် အိပ်ပါ။ စားပါ။
✳️ မိမိနှင့် သင့်တော်သော လေ့ကျင့်ခန်းတစ်ခု ပုံမှန်လုပ်ပေးပါ
✳️ မလိုအပ်ပဲ လူအများနှင့် ထိတွေ့ခြင်းကို ရှောင်ပါ
✳️ အပြင်ထွက်တိုင်း Mask စနစ်တကျ တပ်ပါ
✳️ ပြင်ပမှ အရာဝတ္တုများကို ထိတွေ့ပြီးတိုင်း လက်ကို စနစ်တကျ ဆေးပါ
✳️ ကာကွယ်ဆေးကိုလည်း စနစ်တကျထိုးပါ။

အကယ်၍ Covid-19 ကူးစက်ခံရပါကလည်း မပေါ့ဆဘဲ ထိရောက်တဲ့ကုသမှုကို အမြန်ဆုံး ခံယူသင့်ပါတယ်။
လူသားအပေါင်း ဘေးဘယာကင်းကွာပြီး ကပ်ဘေးများမှ အောင်မြင်စွာ အတူတူ ကျော်ဖြတ်နိုင်ပါစေလို့ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ် 🙏🙏🙏

👨‍⚕️လူကြီးမင်းတို့ နိုင်ငံရပ်ခြားမှာ စိတ်အေးချမ်းစွာဖြင့် သက်သောင့်သက်သာ ဆေးကုသမှုခံယူနိုင်ရန်အတွက် အစစအရာရာ အဆင်ပြေချောမွေ့အောင် လင်းပြည့်ထက် ကုမ္မဏီမှ အကောင်းဆုံး စီစဉ်ဆောင်ရွက်ပေးနေပါတယ်ရှင့် ⭐️
👨‍⚕️ ကျန်းမာရေးနယ်ပယ်မှာ အတွေ့အကြုံရှိတဲ့ ပညာရှင်များနှင့် လူကြီးမင်းတို့ရဲ့ ကျန်းမာရေးအခက်အခဲများကို သေချာစွာ တိုင်ပင်ဆွေးနွေးချင်လိုပါက လင်းပြည့်ထက်ကို လှမ်းလာဖို့ ဖိတ်ခေါ်ပါတယ်ရှင့် 🙏
Lins Pyae Htet - International Medical Service
Hot Line: 099 6430 1774
Address: အမှတ် (၅၃၂)၊ တတိယထပ်၊ အင်းဝလမ်း၊ တောင်ဥက္ကလာ (၆)ရပ်ကွက်၊ ရန်ကုန်မြို့။
Messenger: m.me/LinsPyaeHtetInternationalMedicalService
, , ,

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


No. 532, 3rd Floor, Innwa Street, South Okkalapa 6 Ward
Yangon
11091

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00