Spade Insurance Solutions

Spade Insurance Solutions

Share

Photos from Spade Insurance Solutions's post 24/08/2024

August လ တတိယပတ်မှာ အာမခံ ထားပေးခဲ့တဲ့ ကားတွေ ဖြစ်ပါတယ်ခင်ဗျာ 🤙
Insurance Solutions

19/07/2024

" 𝟏𝟗 𝐉𝐔𝐋𝐘 မမေ့နိုင် "

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးသွားသော အာဇာနည်ခေါင်းဆောင်ကြီးများအား ရိုသေလေးစားစွာ အလေးပြုပါသည်။
19.07.2024 ရက်နေ့တွင်ကျရောက်သော 7⃣7️⃣ နှစ်မြောက် "အာဇာနည်နေ့" ကို ဂုဏ်ပြု ကြိုဆိုအပ်ပါသည်။

#အာဇာနည်နေ့ '_Day
Insurance Solutions

18/07/2024

☔မိုးရာသီနှင့် ယာဥ်မ​တော်တဆမှုအန္တရာယ်☔

ယခုလို မိုးရာသီ ကာလအတွင်း ယာဥ်ထိခိုက်မှု (accident) အများဆုံးဟာ အောက်ပါအချက်များကြောင့်ဖြစ်တတ်ပါတယ် ။ အားလုံးပဲသတိထား ဆင်ခြင်ခြင်းဖြင့် ဘေးအန္တရာယ်များ ကို ကာကွယ်နိုင်ကြစေရန် ဝေမျှပေးလိုက်ပါတယ်ခင်ဗျ။

၁။ မိုးဖွဲဖွဲရွာလျှင် အရှိန်လျော့မောင်း၍ အထူးဂရုစိုက်ပါ⬇

(ဘာကြောင့်လဲဆိုတော့ မိုးသည်းလျှင်တော့ ယာဥ့်မောင်းတွေက သတိထားအရှိန်လျော့ မောင်းကြသော်လည်း မိုးဖွဲဖွဲရွာ လျှင် လမ်းကစိုစွတ်ပြီး ယာဥ်မောင်းသူများကလဲ အရှိန်ဖြင့်သာမောင်းနှင်တတ်သောကြောင့် ယာဥ်မတော်တဆမှု များ ပိုဖြစ်ပြီး ပျက်စီးမှုလဲပိုများနိုင်ပါတယ်)

၂။ မိုးရာသီတွင် အလင်းရောင်နည်းပါး၍ ထင်ထင်ရှားရှားမမြင်ရခြင်း⬇

(ရာသီဥတုကြောင့် မိုးအုံ့ခြင်း ၊ မိုးမှောင်ကျခြင်း အခြေအနေများ ကြောင့်​ အန္တရာယ်ဖြစ်ပေါ်လာချိန်တွင် ယာဥ်မောင်းနှင်သူများဟာ အလျှင်အ​​မြန်တုံ့ပြန်နိုင်စွမ်း နည်းပါနိုင်ပါတယ်)

၃။ လမ်းအသုံးပြုသူများ၏ ပေါ့ဆမှုများ⬇

(အထူးသဖြင့်မိုးစတင်ရွာချိန်တွင် လမ်းအသုံးပြုသူများဟာ အလျင်လိုစွာ လမ်းဖြတ်ကူးတတ်ကြပါတယ်)

၄။ မော်တော်ယာဥ်ကြံ့ခိုင်မှုမရှိခြင်း⬇

(ကားကြံ့ခိုင်မှုဟာ ဘယ်အချိန်ဘယ်ရာသီမဆိုအမြဲလိုအပ်တဲ့အရာတစ်ခုပါ ။ အထူးသဖြင့်မိုးရာသီတွင် မှန်ဝေဘာ ၊ ဘရိတ်နဲ့ တာယာ ကောင်းမွန်မှု ရှိရန်အထူးလိုအပ်ပါတယ်။

၅။ မော်တော်ယာဥ်အရှိန်မြင့်စွာမောင်းနှင်ခြင်း⬇

(မိုးရွာနေချိန် မြို့တွင်း လမ်း နဲ့ အမြန်လမ်းတို့တွင် သတ်မှတ်ကီလိုအတိုင်းမဟုတ်ဘဲ လျော့၍သာမောင်းနှင်သင့်ပါတယ် ။ ယာဥ်မောင်းနှင်သူနဲ့ ယာဥ်၏တုန့်ပြန်မှုများနှေးကွေးနိုင်ခြင်းကြောင့်ဖြစ်ပါတယ်)

အဆိုပါအချက်များကို သတိထားခြင်းဖြင့် ယာဥ်မတော်တဆမှုအန္တရာယ်များကို ကာကွယ်ကြပါစို့။

Insurance Solutions
Insurance Agent
Service - 09 446655625

07/07/2024

June လ ရဲ့ ယာဉ်မတော်တဆထိခိုက်မှု ဖြစ်စဉ်များနှင့် Solutions များ

➡ 6Q/**** ယာဥ်ဟာ ရပ်နားထားစဥ် သစ်ကိုင်းကျိုးကျပြီး ရှေ့လေကာမှန်ထိခိုက်ပျက်စီးခဲ့ပါတယ်💔သက်ဆိုင်ရာအာမခံ ကုမ္ပဏီ GGIနှင့်ချိတ်ဆက်၍ ပြင်ဆင်ရန်အမြန်ဆုံးဆောင်ရွက်ပေးခဲ့ပါတယ်👏

➡ 3I/3958/**** ယာဥ်ဟာ ရပ်နားထားစဥ် သရက်သီး​ကြွေ ကျပြီး ရှေ့လေကာမှန်ထိခိုက်ပျက်စီးခဲ့ပါတယ်💔သက်ဆိုင်ရာအာမခံ ကုမ္ပဏီ GGIနှင့်ချိတ်ဆက်၍ ပြင်ဆင်ရန်အမြန်ဆုံးဆောင်ရွက်ပေးခဲ့ပါတယ်👏

➡2K/****ယာဥ်ဟာနောက်ဆုတ်၍ပါကင်ထိုးစဥ် အနောက်တွင်ရှိသော ဓာတ်တိုင်နှင့်တိုက်မိပြီး နောက်ဘန်ဘာ နောက်ဖုံးများ ပျက်စီးခဲ့ပါတယ် 💔သက်ဆိုင်ရာအာမခံကုမ္ပဏီ GGIနှင့်ချိတ်ဆက်၍ ပြင်ဆင်ရန် အမြန်ဆုံးဆောင်ရွက်ပေးခဲ့ပါတယ် 👏

➡2F/****ယာဥ်ဟာ နောက်ဆုတ်၍ပါကင်ထိုးစဥ် ဘေးတွင်ရပ်ထားသော ကားအားပွတ်တိုက်မိခဲ့ပါတယ်💔သက်ဆိုင်ရာအာမခံကုမ္ပဏီ FNIနှင့်ချိတ်ဆက်၍ ပြင်ဆင်ရန်အမြန်ဆုံးဆောင်ရွက်ပေးခဲ့ပါတယ်👏

➡4I/****ယာဥ်ဟာ ရွှေဂုံတိုင်လမ်းမပေါ်တွင်မောင်းနှင်နေစဥ် ရုတ်တရက်ဖြတ်ပြေးလာသောခွေးအားတိုက်မိပြီး ရှေ့ဘန်ဘာထိခိုက်ပျက်စီးခဲ့ပါတယ် 💔သက်ဆိုင်ရာအာမခံကုမ္ပဏီ FNIနှင့်ချိတ်ဆက်၍ ပြင်ဆင်ရန်အမြန်ဆုံးဆောင်ရွက်ပေးခဲ့ပါတယ် 👏

2J/****ယာဥ်ဟာ နောက်ဆုတ်၍ပါကင်ထိုးစဥ်ဘေးတွင်ရပ်ထားသော ဘောက်ကား၏ခြေနင်းခုံနှင့်တိုက်မိပြီး နောက်ဘယ်မီးခွက် ထိခိုက်ပျက်စီးခဲ့ပါတယ်💔သက်ဆိုင်ရာအာမခံ ကုမ္ပဏီ GGIနှင့်ချိတ်ဆက်၍ ပြင်ဆင်ရန်အမြန်ဆုံးဆောင်ရွက်ပေးခဲ့ပါတယ် 👏


Insurance Solutions

Want your business to be the top-listed Finance Company in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No. (6/7) 2 Storey Building, Myanmar Port Authority (SAD) , Lower Kyee Myint Daing Road, Ahlone Township, Yangon. Yangon
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00