Moti Link Training School

Moti Link Training School

Share

17/04/2024

🎉 နှစ်သစ်မင်္ဂလာဆုတောင်း 🙏🏻
မြန်မာနှစ်သစ်ကူး အခါသမယမှာ ဘေးဘရာကင်းကွာ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေကြောင်း Moti Link Training School မှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ် 🙏🏻


📌 Campus တည်နေရာ - Level 26, Office Tower 3, Times City Complex, Kyuntaw Street, Kamayut Township, Yangon.
☎ Contact No: +959 254 279 264, +959 250 676 439, +959 788 120 317
📧 Email: [email protected]

09/02/2024

💯 အခိုင်မာဆုံး Career လမ်းကြောင်းကို Food & Beverage Industry ကတစ်ဆင့် လျှောက်လှမ်းချင်ပါသလား?

ဒါဆိုရင်တော့ MOTi LiNK Training School က ဖွင့်လှစ်သွားမယ့် F&B Service Operation သင်တန်းက သင့်အတွက် အကောင်းဆုံးရွေးချယ်မှုပါပဲ။ 🤩

🔹 အခြေခံပညာအထက်တန်းအဆင့်နဲ့ အထက်တန်းအောင်မြင်ပြီး Waiter/Waitress အဖြစ်နဲ့ ပြည်ပနိုင်ငံများတွင် သွားရောက် အလုပ်လုပ်ကိုင်လိုသူများ
🔹 ပြည်တွင်းရှိ နိုင်ငံတကာအဆင့်မီဟိုတယ်များ၊ စားသောက်ဆိုင်ကြီးများတွင် အလုပ်လုပ်ကိုင်လိုသူများ
🔹 ဝန်ဆောင်မှု (Service) ပေးရခြင်း၊ Customer Service ပေးရခြင်းကို စိတ်ပါဝင်စားသူများ
🔹 တိုးတက်ပြောင်းလဲနေသော ခေတ်နဲ့အညီ လိုက်ပါပြောင်းလဲပြီး လေ့လာသင်ယူခြင်းဖြင့် မိမိရဲ့ Career ကို အဆင့်မြှင့်တင်လိုသူများ တက်ရောက်သင့်တဲ့ သင်တန်းတစ်ခုဖြစ်ပါတယ်။

✅ MOTi LiNK Training School ဟာဆိုရင် F&B Group of Companies ကြီးတစ်ခုရဲ့ လုပ်ငန်းခွဲတစ်ခုဖြစ်ပြီး ၎င်း Group တွင် နိုင်ငံတကာအဆင့်မီ စားသောက်ဆိုင်ကြီးများရှိသဖြင့် နံနက်ပိုင်းတွင် စာသင်ခန်းအတွင်း Theory ပိုင်း၊ စာတွေ့ပိုင်း သင်ယူလေ့လာစေပြီး ညနေပိုင်းတွင် Company မှ ပိုင်ဆိုင်သော နိုင်ငံတကာအဆင့်မီဆိုင်ကြီးများဖြစ်သည့် (Hotpot, Seafood, BBQ, Coffee, Beer Garden and Bar) များတွင် အလုပ်ခွင်အတွင်း လက်တွေ့သင်ကြားပေးသည့်ပုံစံ (Apprenticeship) ဖြင့် သင်ကြားပို့ချပေးသွားမှာဖြစ်ပါတယ်။

✅ ဒါကြောင့် စာသင်ခန်းအတွင်းမှာပဲ Theory သီးသန့်သင်ကြားပေးခြင်း၊ သင်တန်းပြီးမှ Internship ပုံစံ လုပ်ကိုင်ရခြင်းတို့ထက် ပိုမိုထိရောက်ပြီး ကျွမ်းကျင်တတ်မြောက်မှုအတွက် အာမခံနိုင်တဲ့ သင်တန်းတစ်ခုအဖြစ် အပြည့်အဝယုံကြည်စိတ်ချရပါတယ်။

✅ သင်တန်းပြီးဆုံးသွားတဲ့အခါမှာလည်း Career လမ်းကြောင်းအတွက် အထောက်အပံ့ကောင်းဖြစ်စေနိုင်မယ့် အသိအမှတ်ပြု Certificate ကို ပေးအပ်ချီးမြှင့်သွားမှာဖြစ်ပြီး ထူးချွန်သင်တန်းသားများအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းများကို တစ်ပါတည်းစီစဉ်ပေးထားပါတယ်။

✅ MOTi LiNK Training School ရဲ့ Food & Beverage Service Operation သင်တန်းကိုတော့ မတ်လ (၄) ရက်နေ့မှာ စတင်ဖွင့်လှစ်သွားမှာဖြစ်ပြီး အစောဆုံးလာရောက်အပ်နှံမယ့်သူတွေအတွက်လည်း Early Bird Promotion များကို စီစဉ်ပေးထားတာကြောင့် အမြန်ဆုံးလာရောက်အပ်နှံလိုက်တော့နော်။

သင်တန်းအကြောင်းကို အသေးစိတ်သိရှိလိုပါက ဆက်သွယ်ရန် -
📌 Campus တည်နေရာ - Level 26, Office Tower 3, Times City Complex, Kyuntaw Street, Kamayut Township, Yangon.
☎ Contact No: +959 254 279 264, +959 250 676 439, +959 788 120 317
📧 Email: [email protected]

04/02/2024

✅ MOTi LiNK Training School ကို ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့ ဖွင့်လှစ်ခဲ့တာလဲ?
✅ သင်တန်းသားတွေအတွက် Theory ပိုင်းအပြင် လက်တွေ့လုပ်ငန်းခွင် အတွေ့အကြုံတွေပါ ရရှိသွားဖို့ ဘယ်လိုမျိုး ပြင်ဆင်ပေးထားလဲ?

✅ F&B Industry မှာ ယုံကြည်ချက်အပြည့်နဲ့ လျှောက်လှမ်းလိုသူတိုင်းအတွက် ရည်ရွယ်ဖွင့်လှစ်ထားတဲ့ ဒီ Training School အကြောင်းကို အခု ဗီဒီယိုလေးမှာ MOTi LiNK Training School ရဲ့ အကြီးအကဲ U Aung Banyar ကိုယ်တိုင်က ရှင်းပြပေးထားပါတယ်နော်။

သင်တန်းအကြောင်းကို အသေးစိတ်သိရှိလိုပါက ဆက်သွယ်ရန် -
📌 Campus တည်နေရာ - Level 26, Office Tower 3, Times City Complex, Kyuntaw Street, Kamayut Township, Yangon.
☎ Contact No: +959 254 279 264, +959 250 676 439, +959 788 120 317
📧 Email: [email protected]

23/01/2024

F&B Industry ဟာဆိုရင် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးလည်ပတ်မှုအတွက် အရေးပါတဲ့အခန်းကဏ္ဍမှာ ရှိနေပြီး ဒီ Industry မှာ ကျင်လည်နေတဲ့ အမြင့်ဆုံး Rank မှသည် အငယ်ဆုံးဝန်ထမ်းများအထိ မတူညီတဲ့ ခံစားခွင့်၊ အကျိုးကျေးဇူးများလည်းရှိနေပါတယ်။

✅ အလုပ်အကိုင် အခွင့်အလမ်းပေါများခြင်း။
မိမိနေထိုင်ရာ ပြည်တွင်းမှာသာမက နိုင်ငံတကာမှာပါ F&B နဲ့ ပတ်သက်တဲ့ အလုပ်အကိုင်ခေါ်ယူမှုများက မြင့်တက်နေဆဲဖြစ်ပါတယ်။ အဲ့ဒါကြောင့် ကိုယ်တိုင်သာ အမှန်တကယ် တတ်ကျွမ်းနားလည်ထားမယ်ဆိုရင် F&B Industry မှာ ကိုယ်နဲ့ ကိုက်ညီတဲ့ ရာထူးနေရာတစ်ခုကို သေချာပေါက် ရရှိနိုင်မှာပါ။

✅ မတူညီတဲ့ ဓလေ့ထုံးတမ်းများကို လေ့လာနိုင်ခြင်း။
အစားအသောက်တစ်မျိုး၊ စားသောက်ဆိုင်တစ်ဆိုင်ရဲ့ အခြေခံဓလေ့ထုံးတမ်းများက မတူညီတဲ့ ခံစားချက်နဲ့ ကျွမ်းကျင်မှု၊ ဗဟုသုတများကို ပေးစွမ်းနိုင်ပါတယ်။ အချို့ကတော့ မိမိအားသန်ရာ European, Asian အစရှိသဖြင့် သီးသန့်ပိုင်နိုင်ရာ နယ်ပယ်တစ်ခုရှိသလို အချို့ကလည်း မတူညီတဲ့ ဓလေ့ထုံးတမ်းများ၊ အသုံးအနှုန်းများကို ကျွမ်းကျင်ပိုင်နိုင်ခြင်းကြောင့် နေရာမရွေး အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေကို ပိုင်ဆိုင်နိုင်ကြပါတယ်။

✅ အစားအသောက်များရဲ့ အရေးပါမှု၊ အာဟာရများအကြောင်းကို သိရှိနားလည်ခြင်း။
မိမိတာဝန်ယူလုပ်ကိုင်ရာ နေရာဌာနအပေါ် မူတည်ပြီး အစားအသောက်တစ်မျိုးချင်းစီရဲ့ အရေးပါပုံ၊ အာဟာရဓာတ် ဖြည့်ဝပုံတို့ကို စနစ်တကျ သင်ယူလေ့လာနိုင်မှာဖြစ်ပါတယ်။ ဒါက မိမိလုပ်ကိုင်နေတဲ့ဆိုင်ရဲ့ အစားအသောက်များရဲ့ သန့်ရှင်းသပ်ရပ်မှုအပြင် ကိုယ်တိုင် ပြင်ဆင်စားသောက်ရတဲ့အခါမျိုးမှာလည်း အစားအသောက်များ ပြင်ဆင်ချက်ပြုတ်ပုံ၊ ခင်းကျင်းပုံတို့နဲ့ ပတ်သက်တဲ့ အကောင်းဆုံးသော အတွေ့အကြုံများကို ရရှိပိုင်ဆိုင်နိုင်မှာလည်း ဖြစ်ပါတယ်။

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Level 26, Office Tower 3, Times City Complex, Kamayut Tsp
Yangon
11041