Thet Mon - Content Strategist

Thet Mon - Content Strategist

Share

07/01/2026

It’s me!

ဟုတ်ကဲ့၊ သက်မွန်လဲ ဇန်နဝါရီလ မကုန်ခင်ထဲက ချထားခဲ့တဲ့ goals တွေ၊ ဖြစ်ချင်တာတွေ ချရေးတဲ့အခါ ကိုယ်လုပ်မယ်ဆိုတာတွေ အကုန်လုံးနဲ့ အံဝင်ခွင်ကျ မဖြစ်တာ၊ စိတ်ထဲက တစ်ခုခုမှားနေတာမျိုး ခံစားရပြီး အလုပ်မဖြစ်တော့တာတွေ နှစ်နဲ့ချီပြီး ကြုံခဲ့ဖူးပါတယ်။ အထူးသဖြင့် solo digital Creator တွေနဲ့ women coaches တွေအတွက်ဆိုရင် ဒီလိုခံစားရတာက ပိုပြီးတော့ များနိုင်တယ်ဆိုတာ သက်မွန်နားလည်ပါတယ်။

ဒီနှစ်မှာတော့ self-reflection ကို ပိုပြီး deep လုပ်ဖြစ်တယ်။ ကိုယ့်ရဲ့ well-being နဲ့ ကိုယ့်ရဲ့ business growth က ဘယ်လိုမှ ခွဲခြားလို့မရဘူးဆိုတာ ပိုပြီးတော့ နားလည်လာခဲ့တယ်။

2026 က Fire Horse မြင်းနှစ်ဆိုတဲ့အတိုင်း အရာအားလုံးက လျင်လျင်မြန်မြန်နဲ့ ပြီးဆုံးသွားနိုင်မယ့်နှစ်ဖြစ်တယ်လို့ ကြားရတော့ ပထမဆုံးအနေနဲ့ reflect လုပ်မိတာက

‘ငါ့အတွက် negative pattern လိုဖြစ်နေတာတွေလဲ အမြန်ဆုံးပြီးဆုံးဖို့အတွက် ပြင်သင့်တာပြင်ဖို့ အချိန်ရောက်ပြီ’

လို့ပဲ ခံယူထားလိုက်တယ်။ ဒါက ကိုယ့်ရဲ့ content creation workflow တွေ၊ backend systems တွေမှာရော၊ ကိုယ့်ရဲ့ personal boundaries တွေမှာပါ သက်ဆိုင်ပါတယ်။

အရင်တုန်းကဆို ဒီအဆင့်မှာတင် ဟိုမရောက်ဒီမရောက်
comfort zone မှာနေခဲ့ပေမယ့် အခုတော့ shift ဖြစ်လာတာ ကိုယ့်ဘာသာ သတိပြုမိတယ်။ Overwhelm ကနေ flow ကို ရောက်ဖို့ဆိုရင် ဒီလို shift တွေက အရေးကြီးပါတယ်။

Ok, ဒီမြင်းနှစ်ရဲ့ theme နဲ့ ကိုယ့်ကိုယ်ကိုယ် ချိန်ထိုးစဉ်းစားကြည့်ပြီး ‘ငါက ဘယ်လိုမြင်းဖြစ်ချင်တာလဲ?’ ဆိုတဲ့ မေးခွန်းကို ကိုယ့်ဘာသာ ပြန်မေးခဲ့တယ်။

လွတ်လပ်ချင်တယ်ဆိုပြီး freedom ဆိုတဲ့ နာမည်လှလှလေးတပ်ပြီး ဦးတည်ချက်မရှိ၊ ရောက်ချင်တာရောက်ဆိုပြီး ပျော်ပျော်ကြီးလွှတ်ပြေး၊
brake မရှိ၊ ပန်းတိုင်မရှိ၊ သက်တောင့်သက်သာဖြစ်တဲ့ နေသားကျနေတဲ့ Comfort zone ဆိုတဲ့ ကွင်းထဲ ပတ်ပြေးပြီး မောရင်ရပ်လိုက်၊ သွားလိုက် လုပ်နေမယ့် မြင်းတစ်ကောင် မဖြစ်ချင်တော့ပါဘူး။

ဒါဟာ sustainable မဖြစ်ဘူးဆိုတာ သက်မွန်သိခဲ့ပြီ။

ဒါဆို ဘာဖြစ်ချင်လဲ?

သက်မွန်အတွက်တော့ 2026 က Action တွေများများလုပ်ပြီး တည်ငြိမ်မှုရှိရှိနဲ့ လုပ်ရမယ့်၊ လုပ်သင့်တဲ့၊ တာဝန်ယူရမယ့် အလုပ်တွေကိုပဲ ဉာဏ်ရှိရှိ၊ ပြတ်ပြတ်သားသား ရွေးချယ်ပြီး ပြီးဆုံးတဲ့အထိ လုပ်ကိုင်ဖို့ကိုပဲ focus ထားတဲ့ နှစ်တစ်နှစ်ပါ။

ဒါဟာ ‘simplify to amplify’ ရဲ့ အနှစ်သာရပါပဲ။ ကိုယ့်ရဲ့ well-being ကို မထိခိုက်စေဘဲ impact ရှိတဲ့ content တွေ ဖန်တီးဖို့ပါ။

သက်မွန်သဘောကျတာက Buckingham နန်းတော်က King’s Guard တွေစီးတဲ့ မြင်းတွေလိုပါပဲ။

သူတို့ကို ကြည့်လိုက်ရင် လူတွေက Value တစ်ခုထားပြီး ဆက်ဆံကြတယ်။

ဒီမြင်းကြီးတွေလိုပဲ 2026 ကိုလဲ ဖြတ်သန်းဖို့ intention ချထားပါတယ်။ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိပြီး
ကိုယ့် Value ကိုယ်သိတဲ့သူ၊ သွားချင်တဲ့ လမ်းကြောင်းကို ရှင်းရှင်းလင်းလင်းသိသူတွေကို လူတွေက Respect တစ်ခုထားပြီး စည်းမကျော်ဘဲ ဆက်ဆံတတ်ကြတာ အသေအချာပဲ မဟုတ်လား။ ဒါဟာ community building ရဲ့ အခြေခံအုတ်မြစ်တစ်ခုလဲ ဖြစ်ပါတယ်။

သင့်ရဲ့ content, သင့်ရဲ့ calm. သင့်ရဲ့ well-being က သင့်ရဲ့ greatest asset ပါ။

သင်ရော 2026 မှာ ဘယ်လိုဖြတ်သန်းဖို့ ဆုံးဖြတ်ထားပါသလဲ?

သင့်ရဲ့ intention တွေကို comment မှာ မျှဝေပေးခဲ့ပါဦးနော်။

Your Content Strategist,
Thet Mon

04/12/2024

Best Version in 2025 Series
(Part 1)

Dear Creators,

Regret (နောင်တ) ဆိုတဲ့ ခံစားချက်က
တော်တော်ခံရခက်တယ်ဆိုတာ
ကိုယ်တိုင်ခံစားဖူးလို့ သိပါတယ်။

အခုလို ဒီဇင်ဘာလမှာ Goal setting တွေ
အရင်ချဖို့ထက် 2025မှာ လုံးဝမလုပ်တော့မယ့်
အလုပ်တွေကို အရင်စဉ်းစားပြီး ဆုံးဖြတ်ချက်ချခြင်းက
Goals တွေချတဲ့အခါ အများကြီး
မြန်ဆန်လွယ်ကူစေပါတယ်။

သက်မွန်ကိုယ်တိုင်လဲ ဒီ(၅)ချက်ကို
အရင်နှစ်တွေကလို ထပ်မလုပ်ဖို့ ဆုံးဖြတ်ထားပါတယ်။

သင်ရော နောင်တကင်းတဲ့ 2025 ဖြစ်ဖို့
ဘာတွေလုပ်မယ်ဆုံးဖြတ်ထားလဲ?

PS. နောက်နေ့တွေမှာလဲ Best Version in 2025 Series အကြောင်းဆက်ပြောပြသွားမှာဆိုတော့
Like & Follow me NOW🤎

Let’s grow together in 2025. 😎

Your Content Strategist,
Thet Mon

29/11/2024

I've just reached 900 followers! Thank you for continuing support. I could never have made it without each and every one of you. 🙏🤗🎉

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Category

Address


Yangon

Opening Hours

Monday 09:00 - 16:00
Tuesday 09:00 - 16:00
Wednesday 09:00 - 16:00
Thursday 09:00 - 16:00
Friday 09:00 - 16:00