Shwe Noe
02/01/2021
ဟိုးရှေးခေတ်တွေက စားတဲ့ အစားအသောက်တွေဆို အရမ်းကိုရိုးရှင်းလှပါတယ်။ အိမ်တွေမှာ မီးဖိုချောင်ဆိုရယ်လို့ သီးသန့်မထားဘဲ အိမ်ရှေ့ (မြေဝိုင်းရှေ့) မှာပဲ မီးဖို ဖိုပြီး ကင်ကြ၊ ပြုတ်ကြ ပြီး စားသောက်ကြပါတယ်။
AD 1,100 ကနေ 1,400 ကြားကနေ စပြီး ယနေ့ခေတ်အထိ အာရပ်နိုင်ငံ (အရှေ့အလယ်ပိုင်း - Algeria, Libya, Mauritania, Morocco, Tunisia မှစပြီး Iraq, Syria, Bahrain, Qatar, UAE နိုင်ငံတွေအထိ) တွေမှာ ရှိတဲ့အစားအသောက်တချို့ကိုလေ့လာကြည့်ကြရအောင် 👀
အဓိကအားဖြင့် flat white bread 🫓 ကို sauce နဲ့ ချက်ထားတဲ့ ငါး🐟 (သို့မဟုတ်) အသား 🥩တွေကို အသီးအရွက်ပြုတ် နဲ့ စားကြပါတယ်။ 20 th century လောက်ရောက်မှ Carbonated drinks နဲ့ fruit juices တွေကိုစတင်သောက်သုံးလာကြတာဖြစ်ပြီး labneh 🥛လို့ခေါ်တဲ့ buttermilk yogurt (ဒိန်ချဉ်အကျဲ) ကိုသာ drink အဖြစ်အဲ့တုန်းက သောက်သုံးခဲ့ကြပါတယ်။
Sauce ဆိုတဲ့နေရာမှာ အဓိကအားဖြင့် နှစ်မျိုးရှိပါတယ်။
ပထမတစ်မျိုးက မြူရွက်၊ ကရဝေးရွက်၊ စမုန်ဖြူ၊ ရှိန်းခိုမှုန့်၊ ပွေးကိုင်းရွက် တွေကို mustard sauce (မုန်ညှင်းစေ့ကိုအခြေခံပြီးပြုလုပ်ထားတဲ့ sauceတမျိုး) နဲ့ရောထားတဲ့sauce ပါ။
နောက်တစ်မျိုးကတော့ ရှာလကာရည်စိမ်ထားတဲ့စပျစ်သီးခြောက်နဲ့ကြက်သွန်ဖြူရယ်၊ သစ်ကြားသီးရယ်၊ မုန်ညင်းစေ့ရယ်၊ ရှာလကာရည် နဲ့ နာနတ်ပွင့် တွေကိုရောပြီး ပြုလုပ်ထားတဲ့ sauce ပါ။
သူတို့လူမျိုးတွေဟာ မနက်စာကို light meal အဖြစ်
Coffee ☕️ နဲ့ croissant 🥐 ရယ် ကို သူတို့အရမ်းကြိုက်တဲ့ labneh နဲ့ cream နဲ့ တွဲဖက်စားသုံးကြပါတယ်။
Lunch 🥙 အနေနဲ့ heavy meal ကို အများစုကနေ့လည် ၁:၃၀ ကနေ ၂:၃၀ အတွင်း စားသုံးပါတယ်။
Humus , Tabouleh, Almonds, Levash, Sliced cucumber 🥒 , Fetacheese🥠, Flat white bread, marinated လုပ်ထားတဲ့ artichoke, Cherry 🍅 tomatoes, သံလွင်သီး (တခါတလေ ခရမ်းသီးကင်) တွေကို လင်ဗန်းပြားကြီး ထဲမှာထည့်ပြီး ထမင်းဖြူရယ်၊ ငါးကင်ရယ် (ဘေးမှာsauce လေးထားပြီး)
မိသားစုဝိုင်းဖွဲ့စားသောက်တတ်ကြပါတယ်။ အခုခေတ်မှာတော့ အလုပ်ကိုယ်စီလုပ်နေကြလေတော့ နေ့လည်ဆို မိသားစုထမင်းဝိုင်းက လူမစုံတတ်ကြတော့ဘူးရယ် 😢......... ဪ..မေ့လို့. အဲ့အစာတွေပါဝင်တဲ့လင်ဗန်းပြားကြီးကိုတော့ Mezze Platter လို့ခေါ်ပါတယ်။
နောက်တစ်ခုမိတ်ဆက်ပေးချင်တာကတော့ Bedouin platter (သို့) Bedouin food ပါ။ သူကလည်း sharak (အရမ်းပါးတဲ့bread)ပေါ်မှာ Maglubeh (ထမင်းရယ်၊ အာလူးရယ်၊ ကြက်သားရယ်၊ ငရုတ်ကောင်းနည်းနည်းရယ် နဲ့ချက်ထားတဲ့ဒန်ပေါက်လိုမျိုး) ကို ဖြန့်ခင်းပြီး သူငယ်ချင်း၊ မိသားစုတွေနဲ့ ဝိုင်းဖွဲ့စားသောက်ကြခြင်းပါ။ နှစ်ပေါင်းများစွာတုန်းက သဲကန္တာရထဲမှာ လှည့်လည်နေထိုင်ကြသူ ကို Bedouin people လို့ခေါ်ပါတယ်။
ယနေ့ခေတ်ထိတိုင် သူတို့လူမျိုးတွေအတွက် Dinner ဆိုတာ lightest meal ပါပဲ။ တစ်နေ့တာလုံးအလုပ်ပြီးပြီဆိုရင် သူငယ်ချင်း (သို့) လုပ်ဖော်ကိုင်ဖက်တွေကို dinner နဲ့ပိုပြီး ဧည့်ခံတတ်ကြပါတယ်။
ကဲ.... ဒါလေးကတော့ Bedouin people တွေရဲ့ culture တွေထဲက meal culture နဲ့ပက်သက်ပြိး ဝေမျှပေးခြင်းပါ ☺️။
နောက်နေ့မှာ Arabic Sweets အကြောင်းလေးတွေဝေမျှပေးသွားဦးပါမယ် 🍯🍮
Shwe Noe Foodie Team
09 775384970
23/12/2020
ပဲခူး ကမမအတွက် အော်ဒါလေးပို့ပေးလိုက်ပါပြီ 🚛
ကျန်းမာရေးနဲ့ညီညွတ်တဲ့ အိမ်ချက်လက်ရာသန့်သန့်လေး နှင့်အတူ ပြည့်စုံတဲ့ ထမင်းဝိုင်းလေး ဖြစ်ပါစေရှင့် 👩🍳🥰
- မရမ်းပြားငါးပိဆီကြော်
- ကြက်ပေါင်သီးငါးပိထောင်း
- ကြက်မရမ်းပြားမွန်ချက်
- ငါးဖယ်စပ်ကြော်
We are always in the mood for food.
Shwe Noe Foodie Team
09775384970
05/12/2020
📣 Shwe Noe Foodie မှ စားသုံးသူမိတ်ဆွေသူငယ်ချင်းတွေအတွက် Menu လေးတွေကို ဒီလိုစီစဉ်ထားပါတယ်နော်
အင်္ဂါ
👩🍳ငါးသရက်သီးဆီပြန် (ကကတစ် / ငါးကြင်း)
5,000 kyats/ 4,000 kyats
👩🍳ကြက်ပေါင်သီး/ မရမ်းပြားငါးပိထောင်း
1,500 kyats
👩🍳ကြက်ပေါင်သီး/ မရမ်းပြား ငါးပိဆီကြော်
2,500 kyats
👩🍳ငါးဖယ်ကြော်
3,000 kyats
ကြာသပတေး
👩🍳မျှစ်ငါးပေါင်းထုပ်ယောင် (ပုစွန်/ ငါးကြင်း)
3,000 kyats
👩🍳မော်လမြိုင်သင်္ကြန်ကြော်
3,000 kyats
👩🍳ခရမ်းသီးအစာသိပ်နှပ်
2,500 kyats
စနေ
👩🍳ငါးခြောက်အလှူနှပ်ချက်
4,000 kyats
👩🍳ကြက်မရမ်းပြားမွန်ချက်
5,000 kyats
👩🍳ငါးငါးပိချက် (ငါးကြင်း)
3,000 kyats
👩🍳 Sat’s special ?????
တနင်္ဂနွေ
👩🍳ငါးနှပ်မွန်ချက်
2,000 kyats
👩🍳မုန်လာဥပိုးတီ
2,000 kyats
👩🍳မော်လမြိုင်ထမင်းသုတ်
2,500 kyats
ကျန်းမာရေးနဲ့သန့်ရှင်းမှုကို အဓိကထားတာကြောင့် ပဲဆီသန့် နဲ့ အကောင်းဆုံး ပြည်တွင်းကုန်ကြမ်းတွေကိုသာ သုံးစွဲထားပါတယ်။ စားသုံးသူမိတ်ဆွေတွေကို လတ်လတ်ဆတ်ဆတ်စားသုံးစေချင်တာကြောင့် အသား၊ ငါး များကို ကြိုတင်ဝယ်ယူထားပြီး အေးခဲထားခြင်းမျိုးမပြုလုပ်ပါရှင်။
👎 ဓာတုဆေးဝါး (သို့) တာရှည်ခံပစ္စည်းများ လုံးဝ (လုံးဝ) မသုံးစွဲထားပါ👎
09 775384970 (or) chat box သို့ ၂ ရက်ကြိုတင်ပြီးအော်ဒါမှာယူနိုင်ပါတယ်ရှင်။
‘We are always in the mood for food’
Shwe Noe Foodie Team
Click here to claim your Sponsored Listing.
Category
Website
Address
Zabutheingi Street
Yangon