English with Coco
02/05/2026
Visit TikTok to discover videos! Watch, follow, and discover more trending content.
02/05/2026
ကဲ ဒီနေ့တော့ Happy Birthday အစားသူငယ်ချင်းတွေကို ဘယ်လိုလေး wish လုပ်ပေးလို့ရမလဲ ကြည့်ကြရအောင်။
🩷1. Have a great birthday!
(ပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေ။ )
🩷2. Wishing you a wonderful birthday!
(လှပတဲ့ မွေးနေ့လေး ဖြစ်ပါစေလို့ ဆုတောင်းပါတယ်။)
🩷3. Hope you have an amazing birthday!
(အံဩစရာကောင်းတဲ့ မွေးနေ့လေးဖြစ်ပါစေ။ )
🩷4. Enjoy your special day!
(မင်းရဲ့ နေ့ထူးနေ့မြတ်လေးမှာ ပျော်ရွှင်ပါစေ။)
🩷5. Hope your birthday is full of smiles!
(မင်းမွေးနေ့လေးမှာ အပြုံးတွေ ဝေဆာပါစေ။)
🩷6. Many happy returns of the day!
(နောင်နှစ်များစွာတိုင် ပျော်ရွှင်ဖွယ် မွေးနေ့တွေ ဖြစ်ပါစေ။)
🎈အသံလေးထွက်ပြီး တစ်ကြောင်း ၅ခါစီ ရွတ်ကြည့်နော်။ ခုဆို သူငယ်ချင်း ၆ယောက်လောက် မွေးနေ့တွေ ဆက်တိုက်လာပါစေ။ ကိုယ်က မွေးနေ့ဆုတောင်းတွေ တစ်မျိုးစီမထပ်အောင် ပေးလို့ရပြီပေါ့။ ပျော်စရာကြီးနော်။ 🤗
ချစ်တဲ့
Teacher Coco
🌟ဒီလို အကျိုးရှိတာလေးတွေ ပေါ့ပေါ့ပါးပါး အဆင်သင့်လေ့လာချင်တယ်ဆိုရင် "Like and Follow" English with Coco for easy English Learning.
Bye for now. See you later.
(Copy ယူခွင့်မပြုပါရှင်။ Credit ဖြင့်share နိုင်ပါတယ်ရှင့်။ )
23/03/2026
Hello!
I'm back.
Full time Job မှာ အားသွန်ခွန်စိုက် ကြိုးစားနေတုန်း ကိုယ့်ကို ယုံကြည်ပြီး ပေးခဲ့တဲ့ တာဝန်တွေနောက် တကောက်ကောက်လိုက်ရင်း နဲ့
ကိုယ်အစပျိုးခဲ့တဲ့ ဒီ Educational Page လေးပေါ် မရောက်ခဲ့တာ အတော်ကြာပြီပေါ့။
အရင်က တင်ခဲ့ဖူးတဲ့ ဒီခရီးလေးအစက ကိုယ့်ရဲ့ တက်ကြွမှုတွေကို videoလေးတွေက တဆင့် ပြန်မြင်ရတာ အားရစရာလေး။
အဲ့တုန်းက မနက်ပိုင်း ကျောင်းအလုပ်ရယ် Training ရယ် တွဲလျက်။
ညနေပိုင်း online စာသင်တယ်။ ပညာဒါနရော Fees နဲ့ရော သင်ရတဲ့ အတန်းတွေပေါ့။
ကျောင်းက သင်ပေးတာအပြင် လောဘကြီးစွာနဲ့ အပြင် Teacher Training သင်တန်းတက်တယ်
Webinars တွေ Join တယ်။
ညဘက်တွေ ကိုယ့်ကိုယ်ကို E skills ပိုရအောင် one on one English Practice အတန်းတက်တယ်။ မှတ်မိပါသေးတယ် ။ Native English Teacherနဲ့ သင်ချင်လို့ ငွေသွင်းပြီးကာမှ လိမ်သွားတာလေးတွေလည်း ကြုံရသေးတယ်။
အခု ပြန်တွေးကာမှ ဘယ်လိုတွေတောင် လုပ်နိုင်ခဲ့တာပါလိမ့်။
လုပ်နိုင်ခဲ့သောလေး။ (ကိုယ့်ကိုယ်ကို ပြန်အားပေးသည်🤭😁)
အခု လုပ်ငန်းခွင်ထဲ ၆နှစ်ဝန်းကျင် ရှိလာတော့ ပိုပြီးရင့်ကျက်လာခဲ့တယ် ပြောရမလား။
အရင့်အရင်က ရေခဲတုံးကြီး မိမိ
မိဘတွေနဲ့ စကားပြောရတာများလို့ စကားပြောရတာတောင် ကြိုက်လာပြီ
ကလေးလေးတွေနဲ့ အတူတူရှိခဲ့ရတာကြာလာတော့ အလွယ်တကူ ပြုံးတတ်လာသလို
လူစိမ်းတွေနဲ့ ပေါင်းသင်းဆက်ဆံရတာ ကြောက်မနေတော့ဘူး
အမြင်ကျယ်လာတယ်ပဲ ပြောရမယ် ထင်တယ်။
တနေ့ပြီးတနေ့ ကုန်ဆုံးခဲ့တဲ့ ရက်တွေက အကျိုးမဲ့ မဟုတ်ခဲ့ဘူးပဲ။ (MOTi လေး တစ်ဖြတ်🤗
)
တစ်ခုပဲ။ အလုပ်ဇောနဲ့ ထမင်းမေ့ဟင်းမေ့ နေ့ရော ညမရှောင် လုပ်တတ်တာေလး ကေတာ့ ဆိုးတယ်။ အဲေတာ့ ကျန်းမာရေးက စကားပြောနေပြီဆိုတော့
Work Life Balance ညီဖို့ စတင်ကြိုးစားနေရပြီပေါ့လေ။
အခုကစပြီး page လေးကို အသက်ပြန်သွင်းပါတော့မယ်နော်။
ချစ်သော Page Follower လေးတွေက ခုထိ ရှိနေသေးလို့ ကျေးဇူးအထူးတင်ရပါတယ်။
အားလုံးပဲ ကျန်းမာရွှင်လန်းပါစေ။
အစစအရာရာ အဆင်ပြေကြပါစေ။
ကောင်းသောနေ့လေးတွေ ပိုင်ဆိုင်ကြပါစေ။
Did you say Spiderman? 🕷🕸😝
01/03/2022
‼️မီတဲ့လကပဲ ဆက်တက်ချင်လည်း ရပါတယ် ။‼️
✅လွတ်သွားတဲ့ unit 2ခုအတွက် အချိန်အစားထိုးစီစဥ်ပေးနိုင်ပါတယ်လို့။ 🥰🤗
😍နွေရာသီဆိုတော့ အချိန်တွေ ပိုထွက်လာပြီလေ။
Let's learn and grow together!
🤗🌱☘🤗
♦️ဘာသာစကားတစ်ခုသင်ယူလေ့လာရတယ်ဆိုတာ အချိန်တစ်ခုလိုပါတယ်။
စိတ်ရှည်ရသလို စိတ်အားထက်သန်ရပါတယ်။ နားလည် သဘောပေါက်ပြီး communicative wayအဖြစ် အသုံးချဖို့ဆိုရင် အနည်းဆုံး ၆လလောက်တော့ လေ့ကျင့်သင်ယူရပါတယ်။
♦️လက်တွေ့အသုံးမချမချင်း ဘာသာစကားက ကိုယ့်ဟာ မဖြစ်လာပါဘူး။
ပြောတတ်ချင်လား ပြောကိုပြောနေရမယ်။ ရေးတတ်ချင်လား ရေးနေရမယ်။
အဲ့အတွက် ပတ်၀န်းကျင် တစ်ခုကို ကိုယ်တိုင်တည်ဆောက်ဖို့ လိုသလို ကိုယ့်ရဲ့ ဇွဲနဲ့ လုံ့လကလည်း ကိုယ့်ကို အဆုံးအဖြတ်ပေးမှာဖြစ်ပါတယ်။
♦️တကယ်ဖြစ်ချင်ပြီဆို နည်းလမ်းပေါင်းစုံနဲ့ ချဥ်းကပ်ဖို့ ဦးနှောက်က အလုပ်လုပ်ပါလိမ့်မယ်။
output (result) တွေထုတ်နိုင်ဖို့ input တွေကို ဘယ်လို လေ့လာမလဲ/ မှတ်သားရမလဲ နည်းလမ်းတွေ ထွက်လာပါလိမ့်မယ်။
♦️အဓိကက ကိုယ့်မိခင် ဘာသာစကားမဟုတ်တာကြောင့် ကိုယ်တတ်မြောက်လိုတဲ့ ဘာသာစကားကို များများထိတွေ့ပေးဖို့ လိုပါတယ်။
♦️အခုကနေ 6လတိတိ sat / sunနေ့တိုင်း ဆုံနိုင်မယ့် နေရာလေး တစ်ခု စီစဥ်ထားပါတယ်။
♦️အတူဆုံကြမယ်။ လေ့လာကြမယ်။ လေ့ကျင့်ကြမယ်။ Game တွေဆော့မယ်။ ဘာသာစကားလေ့လာရတာ ဘယ်လို ပျော်ဖို့ကောင်းလဲဆိုတာ မြည်းစမ်းကြမယ်နော်။
♦️Feesယူရတာ အားနာလို့ ပထမ(၂)လကို FOCပေးထားပါတယ်။ 😍
♦️၆လလေ့ကျင့်ပြီးရင် international speaking clubတွေမှာ joinပြီး ဆက်လက်လေ့ကျင့်ကြမှာ ဖြစ်ပါတယ်။ 🤗
English for beginners class will be starting at 7- 8pm on Sat ( 22.1.22).
If you are interested in it, please contact me via cb or 09977755716.
🤗Eng four skillsကို အခြေခံကစပြီး လေ့ကျင့်ပေးမယ့် online class စဖွင့်ပါပြီနော်။
♦️ဘယ်သူတွေ တက်သင့်သလဲ♦️
✅သူများပြောတာ နားလည်တယ်။ ပြန်တော့ မပြောတတ်ဘူး ဆိုသူများ ။
✅ဖတ်တာတော့ နားလည်ပါတယ်။ စာရေးခိုင်းရင် idea က ထွက်မလာဘူး ဆိုသူများ။
✅ pronunciation မှန်မှန်ကန်ကန် ပြောတတ်ချင်သူများ။
✅တွန်းအားလေးနဲ့မှ စာလုပ်ချင်သူများ။
♦️Requirements♦️
*6လအနည်းဆုံး သင်တန်းတက်နိုင်ဖို့ လိုပါတယ်။
*Zoom appကို ကိုယ်စာသင်မယ့် device ထဲ install လုပ်ဖို့လိုပါတယ်။
*Eng ဘာသာစကားကို တတ်ကို တတ်မှ ဖြစ်မယ်ဆိုတဲ့စိတ်အားထက်သန်မှု ရှိရပါမယ်။
Starting Date
:Jan 22
Duration
:6months
Day
:Sat and Sun
Time
:7 to 8pm
Teaching Materials
Headway student's book and workbook
✅လစဥ် သင်တန်းကြေး ၂၀၀၀၀ သာလျှင် ကျပါမည်။
‼️Free of charges for January and February ‼️ 🤗🤗
♦️Instructor information♦️
Mrs.Thae Phyu
BA (Eng)
Dip in Eng (YUFL)
Dip in Tourism Studies and Management
❓If you have any questions for the class, you can contact me via cb or 09977755716.
Work for English.
Later English will work for you.
♦️အတူလေ့လာဖို့ စိတ်၀င်စားရင် registration Form ဖြည့်လို့ရအောင် link ချပေးထားပါတယ်။
https://forms.gle/nKzLqULMgz7Cg9PG8
Let's see in our class.
😍🤗🤗🤗🤗
🧡အချိန်ပေးပြီး ဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်။🥰
01/03/2022
The ...thing he ever said about me
☘The best thing someone has ever said to me is that I was sweet.
😬The worst thing my aunty has ever said to me is that I was eccentric like a grandma.
🌻The best advice I have ever received is that I should keep going without thinking too much about the past.
🌱The best advice I have ever given to someone is not to say "impossible", but to say "I'm possible".
Photo credit
Click here to claim your Sponsored Listing.
Category
Telephone
Address
Yangon