Snakebite Emergency Cases and Identification
19/12/2023
💉🐍 မြွေဆိပ်ဖြေဆေး (Antivenom)🐍💉
မြွေဆိပ်ဖြေဆေးမှာ Monovalent, Polyvalent နဲ့ လူသိနည်းတဲ့ Monovalent labeled ဆိုတဲ့ အမျိုးအစားတွေရှိပါတယ်။ Monovalent က မျိုးစိတ် ၁ ခုတည်းအတွက် ရည်ရွယ်ပြီး ထုတ်ထားတာ ဖြစ်ပါတယ်။ Polyvalent ကတော့ မြွေမျိုးစိတ် ၂ ခုနဲ့ အထက်အတွက် ပေါင်းပြီး ထုတ်ထားတဲ့ မြွေဆိပ်ဖြေဆေးပါ။ ဥပမာ - မြွေဟောက်အဆိပ်နဲ့ မြွေပွေးအဆိပ်ကို ပေါင်းထုတ်လို့ ရလာတဲ့ မြွေဆိပ်ဖြေဆေးကို မြွေဟောက်ကိုက်လူနာတွေအတွက် သုံးလို့ရသလို မြွေပွေးကိုက်လူနာတွေအတွက်လည်း သုံးလို့ရပါတယ်။ အဲ့ဒီမြွေဆိပ်ဖြေဆေးကို Polyvalent လို့ ခေါ်ပါတယ်။ နောက်တခုက Monovalent labeled ပါ။ သူက မြွေမျိုးစိတ်တခုအတွက် နာမည်တပ်ပြီး ထုတ်ထားပေမဲ့ အဆိပ်က မြွေမျိုးစိတ်တခုတည်းမဟုတ်ပဲ တခြားမြွေမျိုးစိတ်ရဲ့ အဆိပ်တွေပါ၀င်ပါတယ်။ မြန်မာနိုင်ငံမှာ မြွေဟောက် (Naja kaouthia) နဲ့ မြွေပွေး (Daboia siamensis) မြွေဆိပ်ဖြေဆေး ၂ မျိုးရှိပါတယ်။ ၂ မျိုးလုံးက Monovalent ပါ။
🐎🐑 မြွေဆိပ်ဖြေဆေးကို ဘယ်လိုထုတ်လုပ်လဲ 🐑🐎
ပထမဆုံး အရည်အသွေးကောင်းမွန်တဲ့ မြွေဆိပ်ကိုရဖို့အတွက် ကျန်းမာတဲ့ မြွေတွေဆီကနေ အဆိပ်ကို ထုတ်ယူပါတယ်။ အဲ့ဒီအဆိပ်တွေကို မြင်းတွေရဲ့ ခန္ဓာကိုယ်ထဲကို အချိန်ဇယားနဲ့ အဆိပ်ပမာဏတဖြေးဖြေးတိုးပြီး ထိုးသွင်းပေးပါတယ်။ မြင်းတွေရဲ့ ခန္ဓာကိုယ်ထဲမှာ မြွေဆိပ်ကို တိုက်ထုတ်တဲ့ antibodies တွေရှိလာတဲ့အခါ မြင်းတွေရဲ့ သွေးကို ပုံမှန်ဖောက်ယူပြီး သွေးထဲက antibodies ကို စစ်ထုတ်ပါတယ်။ အဲ့ဒီနောက် ဓာတ်ခွဲခန်းမှာ အဆင့်ဆင့်ခွဲခြားသန့်စင်ပြီး ဆေးရုံတွေမှာ သုံးတဲ့ မြွေဆိပ်ဖြေဆေးကို ရရှိပါတယ်။
📌မြွေဆိပ်ဖြေဆေးက ဘယ်လိုအလုပ်လုပ်လဲ📌
မြွေဆိပ်ဖြေဆေးက antibodies ဖြစ်တဲ့အတွက် မြွေဆိပ်ထဲမှာရှိတဲ့ Antigens တွေကို တိုက်ခိုက်ပြီး လူရဲ့ခန္ဓာကိုယ်က ဆဲလ်တွေကို ထပ်ဖျက်စီးလို့မရအောင် တားပါတယ်။ မြွေဆိပ်ဖြေဆေးက မြွေဆိပ်ကိုပဲ သီးသန့်တိုက်ခိုက်တာဖြစ်တဲ့အတွက် မြွေဆိပ်ကြောင့်ဖြစ်တဲ့ ဆဲလ်ပျက်စီးခြင်းကို ပြန်လည်မပြုပြင်ပေးနိုင်ပါဘူး။ ဥပမာ - မြွေပွေးကိုက်လို့ ကျောက်ကပ်ပျက်စီးနေပြီဆိုရင် မြွေဆိပ်ဖြေဆေးထိုးလိုက်လို့ ဖြေဆေးကြောင့် ကျောက်ကပ်က ပြန်ကောင်းလာမှာမဟုတ်ပါဘူး။ အဆိပ်ဖြေဆေးက ကျောက်ကပ်ကို ပိုမဆိုးအောင်သွားအောင် တိုက်ခိုက်နေတဲ့ အဆိပ်တွေကိုပဲ တားပေးတာပါ။
မြွေဆိပ်ဖြေဆေးထိုးရင် ထိုးရမယ့်ဆေးပမာဏ ပြည့်အောင်ထိုးပေးရပါတယ် (ဥပမာ - မြွေပွေးဆိုရင် ၈ လုံးအရင် စထိုးရပြီ လူနာ မသက်သာ (သို့) ပိုဆိုးမှ ဆရာ၀န်က ဆုံးဖြတ်ချက်ချပြီး နောက်ထပ် ၈ လုံးထပ်ထိုးပေးပါတယ်)။ တောဘက်တွေမှာ လူနာတွေကို မြွေဆိပ်ဖြေဆေးကို ဆေးပမာန ပြည့်အောင် မထိုးပေးပဲ ပိုက်ဆံတွေ အများကြီးတောင်းတဲ့ ဒေါက်တာရမ်းကုတွေရှိတာမို့ သတိထားဖို့လိုပါတယ်။ မြန်မာနိုင်ငံမှာက မြွေကိုက်လူနာတွေအတွက်ကို မြွေဆိပ်ဖြေဆေးကုန်ကျစရိတ်ကို အစိုးရက ပေးပါတယ်။
မြွေဆိပ်ဖြေဆေးထိုးတိုင်း လူနာအတွက် ရှော့ဖြစ်နိုင်တဲ့ အခြေအနေ ပိုတိုးလာတဲ့အတွက် မြွေဆိပ်ဖြေဆေးထိုးရန်ကို ဆရာဝန်တွေက သေချာစောင့်ကြည့်ပြီးမှ ထိုးပေးပါတယ်။ တချို့လူနာတွေက အစိုးရိမ်လွန်ပြီး မြွေမျိုးစိတ် မသေချာ (သို့) ရောဂါလက္ခဏာ မပြခင်ကို မြွေဆိပ်ဖြေဆေး ထိုးချင်ကြပါတယ်။ ဒါကြောင့် ဆေးရုံမှာချက်ချင်း မထိုးပေးတဲ့အကြောင်းအရင်းက မြွေဆိပ်ကြောင့် အန္တရာယ်မဖြစ်ပဲ မြွေဆိပ်ဖြေဆေးကြောင့် အသက်အန္တရာယ်ရှိနိုင်တဲ့အတွက်ဖြစ်ပါတယ်။ 🐍
Photos - BPI
SEC admin team 🚑 🐍
Snakebite Emergency Cases and Identification (Myanmar)
Wildlife of Myanmar
‼မြွေအန္တရာယ်ကို ကာကွယ်ဖို့အတွက် ညဖက်အိပ်ရင် ဘာလို့ ခြင်ထောင်နဲ့ အိပ်သင့်တာလဲ ‼
မြွေအန္တရာယ်ကို ကာကွယ်ဖို့ လုပ်ဆောင်ရန်တွေထဲမှာ ခြင်ထောင်နဲ့ အိပ်ဖို့ကို SEC admin team က အမြဲ သတိတရနဲ့ မှာပါတယ်။ 🐍
ဒီအဖြစ်အပျက်က လွန်ခဲ့တဲ့ တပတ်လောက်က ဘင်္ဂလားဒေ့ရှ်မှာ ဖြစ်သွားတာပါ။ ဘာသာရေးကျောင်းတခုရဲ့ အဆောင်က အခန်းထဲကို သံကွင်းစွပ်မျိုးစိတ်မြွေဝင်လာပြီး အိပ်နေတဲ့ ကျောင်းဆရာတွေအနားရောက်လာတဲ့အခါ ကျောင်းဆရာ နှစ်ယောက်ရဲ့ အိပ်ပျော်ရင်း ရုတ်တရက် လှုပ်ရှားမှုတွေကြောင့် မြွေက လန့်ပြီး ပေါ.က်လိုက်တာဖြစ်ပါတယ်။
အဆိပ်ပြင်းမြွေဖြစ်တဲ့အပြင် လိုအပ်တဲ့ ဆေးကုသမှုကို အမြန်ဆုံးမခံယူနိုင်ခဲ့တဲ့အတွက် အပေါက်ခံရတဲ့ ကျောင်းဆရာ နှစ်ဦးလုံး အသက်ဆုံးရှုံးခဲ့ရပါတယ်။
သံကွင်းစွပ်မျိုးစိတ်ဖြစ်တဲ့ အဆိပ်ပြင်းမြွေတွေက အဆိပ်က အာရုံကြောစနစ်ကို အဓိကထားတိုက်ခိုက်တဲ့အမျိုးအစား(Neurotoxic)ဖြစ်ပြီး ညဖက်မှာ အစာရှာလှုပ်ရှားကြတဲ့မြွေတွေဖြစ်ပြီး မြန်မာမှာ သူတို့နဲ့ ပတ်သတ်တဲ့ မြွေဆိပ်ဖြေဆေးမရှိသေးပါဘူး။ ဒါကြောင့် Ventilator(အသက်ရှူရန် အထောက်အကူပြုတဲ့စက်) ရှိတဲ့ဆေးရုံကို အမြန်ဆုံးသွားဖို့ အရေးကြီးပါတယ်။
‼ ဒါကြောင့် ညဖက်တွေဆိုရင် ခြင်ထောင်ထောင်ပြီး ခြင်ထောင်ကို ဖျာ (သို့) မွှေ့ယာအောက်မှာ သေချာဖိအိပ်ကြဖို့ အလေးအနက် တိုက်တွန်းလိုက်ပါတယ်။ 🚑🐍
မြွေကိုက်ခြင်းနှင့်ပတ်သတ်သည့် ဗဟုသုတများ ဆေးပညာဆိုင်ရာ မေးခွန်းများအတွက် Snakebite Emergency Cases (မြန်မာ) ကို Join ထားလို့ရပါတယ်။
Video credit - Ulrich Kuch
Original Link - https://www.linkedin.com/posts/ulrichkuch_cctv-school-bangladesh-activity-7096224026162802688-WWJW?utm_source=share&utm_medium=member_android&fbclid=IwAR3KcHix6hflPar1iErQPwH2qltCHYOXYPovbOggglZRJukUrEo_M9dddis
SEC Team 🚑
12/05/2023
မှန်ကန်တဲ့ မြွေကိုက်ရှေးဦးသူနာပြုနည်း 🚑
၁။ မြွေကိုက်ခံရသည့် ဒဏ်ရာကို သန့်ရှင်းသော အဝတ်ဖြင့် ခပ်ဖွဖွသုတ်ပါ။ (ဒဏ်ရာကို အားဖြင့်ဖိပွတ်ခြင်းမပြုရ)
၂။ လက်သုံးလုံးပတ်လည်အရွယ်ရှိ သန့်ရှင်းသော အဝတ် (သို့) ပတ်တီးကို ခေါက်၍ မြွေကိုက်ဒဏ်ရာပေါ်တွင်တင်ပါ။ လက်ဖမိုး၊ လက်ချောင်း (သို့) ခြေဖမိုး၊ ခြေချောင်းများတွင် မြွေကိုက်ခံရပါက အဝတ်ကိုခေါက်၍ သင့်လျော်ရာ အရွယ်ပြုလုပ်၍ ဒဏ်ရာပေါ်တင်ပါ။
၃။ အဝတ်ခေါက်၏ အပေါ်တွင် ပတ်တီး (သို့) အဝတ်စဖြင့် **တင်းသည်ဆိုရုံမျှ** ချည်နှောင်ပါ။
၄။ ပတ်တီးစီးနှောင်ထားသော ခြေ၊လက်အား မလှုပ်ရှားနိုင်အောင် ခြေဆစ်၊လက်ဆစ်တို့အပေါ်၌ ဝါးခြမ်း (သို့) တုတ်ရှည်ရှည် တချောင်းဖြင့်ကပ်၍ ကြိုး (သို့) အဝတ်စဖြင့် စည်းပါ။
၅။ လူနာကို လှုပ်ရှားမှုမပြုလုပ်စေပဲ နီးစပ်ရာ ဆေးရုံ၊ဆေးခန်းသို့ အမြန်ဆုံး ပို့ဆောင်ပါ။
၆။ ဖြစ်နိုင်ပါက မြွေသေ (သို့) မြွေ၏ ဦးခေါင်း၊ အမြီး၊ ဝမ်းဗိုက်၊ ကျောတို့အား ဓာတ်ပုံရိုက်၍ ဆေးခန်းသို့ ယူလာပါ။ (ကိုက်သောမြွေအမျိုးအစားကို သိရှိပါက မှန်ကန်တိကျသောက် မြွေဆိပ်ဖြေဆေးကို ထိုးနိုင်ရန် အထောက်အကူပြုပါမည်။)
ပိုရှင်းရန်အတွက် ပုံမှာကြည့်ပါ။
*လုံးဝ တင်းတင်းကြပ်ကြပ် ကြပ်မစည်းရပါ*
Photo Credit to MOH
မြွေကိုက်ခြင်းနှင့်ပတ်သတ်သည့်ဗဟုသုတများအတွက် Snakebite Emergency Cases (မြန်မာ) ဂရုကို join ထားလို့ရပါတယ်။
SEC Team 🚑🐍
Click here to claim your Sponsored Listing.
Category
Address
Yangon