SEC - Smart Engineering Center

SEC - Smart Engineering Center

Share

07/03/2023

ကျွန်တော့်ရဲ့ Smart Engineering Center နဲ့
တီချယ် Daw Yu Yu Htun ရဲ့
DYYH Engineering Training Center တို့
ပူးပေါင်းပြီး

✅ SEC ရဲ့ သင်တန်းသားဟောင်းတွေရော
✅ တီချယ့်ရဲ့ သင်တန်းသားဟောင်းတွေရော
✅ လူငယ်အင်ဂျင်နီယာတွေရော....

အားလုံးအတွက်
အကျိုးရှိ အဆင်ပြေစေမယ့် အစီအစဥ်လေးတစ်ခု
စီစဥ်ထားပါတယ် ခင်ဗျ။

အစီအစဥ်လေးကို
သိပ်မကြာခင် ကြေငြာပေးမှာမို့

အားလုံးပဲ စောင့်မျှော်ပေးကြပါဦးနော်။

#အင်ဂျင်နီယာတိုင်းအတွက်SMART

Photos from SEC - Smart Engineering Center's post 29/09/2022

SEC Page လေးအား
Like & Follow ပြုလုပ်ထားသူတွေကို
ကျေးဇူးတုန့်ပြန်တဲ့ အနေနဲ့

အင်ဂျင်နီယာ နည်းပညာစာအုပ်များ
မဲဖောက်ပေးတဲ့ အစီအစဥ်လေး 😍😁

ကံထူးသူတွေကို စာအုပ်များအားလုံး
ပို့ပေးပြီး ဖြစ်ပါတယ် ခင်ဗျာ 😍😍😍

နောက်များမှာလည်း အခုလိုအစီအစဥ်လေးတွေ
ရှိတာမို့ page လေးကို like & follow လေး
လုပ်ထားပေးကြပါဦး 😁

(မြန်မာ အင်ဂျင်နီယာလောက
ဆထက်ထမ်းပိုး ဖွံ့ဖြိုးတိုးတက်ပါစေ။)

22/09/2022

Construction လုပ်ငန်းခွင်တစ်ခုမှာ
daily report ရေးသားခြင်းနဲ့ work diary
ရေးသားခြင်းက အရမ်းကို အရေးကြီးပါတယ်။

Daily report ရေးသားခြင်း အားဖြင့်
ကိုယ့်လုပ်ငန်းခွင်မှာ ဘယ်လို အကျိုးကျေးဇူးတွေ
ရနိုင်လဲဆိုရင်

◻ လုပ်ငန်းရဲ့ တိုးတက်ပြီးစီးမှုကို အချိန်နဲ့အမျှ
စီစစ် အကဲဖြတ်နိုင်ခြင်း

◻ လုပ်ငန်းခွင်ရဲ့ ကြိုတင်စီစဥ်စရာရှိသော
ကိစ္စရပ်များကို ကြိုတင် plan ချနိုင်ခြင်း

◻ လုပ်ငန်းပြီးစီးမည့် အချိန်အား ကြိုတင်ခန့်မှန်း
တွက်ချက်နိုင်ခြင်း

◻ စစ်ဆေးလုပ်ဆောင်ရမည့်အပိုင်းများ
ဂရုစိုက်ရမည့်အရာများအား ကြိုတင်သတိထားနိုင်ခြင်း

◻ လုပ်ငန်းခွင်အား သေချာစနစ်တကျ စီမံခန့်ခွဲနိုင်ရန် လိုအပ်သော ဒေတာများ ရရှိနိုင်ခြင်း

စတဲ့ အကျိုးကျေးဇူးတွေအပြင် လုပ်ငန်းနဲ့
ပတ်သက်ဆက်စပ်တဲ့ အခြားအကျိုးကျေးဇူး
တွေလည်း များစွာ ရရှိနိုင်ပါတယ်။

daily report ဆိုတာကတော့
လုပ်ငန်းခွင်တစ်ခုရဲ့ နေ့စဥ်လုပ်ငန်းဆောင်ရွက်မှု
တွေကို မှတ်သားထားတဲ့ နေ့စဥ်မှတ်တမ်းကို
ဆိုလိုတာပါ။

ပြည့်စုံကောင်းမွန်သော daily report တစ်စောင်
ဖြစ်ဖို့အတွက် ဘယ်လိုအချက်တွေ ပါရမလဲဆိုရင်

🔸 ထိုနေ့ရဲ့ ရာသီဥတု အခြေအနေ
🔸 လုပ်ငန်းဆောင်ရွက် ပြီးစီးမှု
(ဧရိယာ၊ ထုထည်၊ အရေအတွက်)
🔸 လုပ်သား အင်အား
🔸 ပစ္စည်း ကုန်ကျမှု
🔸 လုပ်ငန်းစတင်ချိန်၊ ပြီးဆုံးချိန်
🔸 လုပ်ငန်းခွင် အတွင်း ထူးခြားဖြစ်စဥ်
🔸 ပစ္စည်း လက်ကျန်
🔸 မနက်ဖြန်အတွက် လျာထားအစီအစဥ်

စတဲ့ အချက်တွေကတော့ အခြေခံအနေနဲ့ မဖြစ်မနေ
ပါဝင်ရမှာ ဖြစ်ပြီး ကျန်တဲ့ အချက်တွေကတော့
လုပ်ငန်းလုပ်ဆောင်တဲ့ အဖွဲ့အစည်းရဲ့ လိုအပ်ချက်
တွေနဲ့အညီ သူတို့တောင်းဆိုတဲ့အတိုင်း
လိုက်လျောညီထွေ ထည့်ပေးရမှာ ဖြစ်ပါတယ်။

Work Diary ဆိုတာကတော့
ကိုယ်တာဝန်ယူထားတဲ့ လုပ်ငန်းခွင်တစ်ခုနဲ့
ပတ်သက်ပြီး လုပ်ငန်းကာလအတွင်းမှာပဲ ဖြစ်ဖြစ်
လုပ်ငန်းပြီးဆုံးသွားတဲ့ အချိန်မှာပဲ ဖြစ်ဖြစ်

လိုအပ်တဲ့ ဒေတာ မှတ်တမ်းတွေ
ပြန်လည် ရယူလိုတဲ့အခါ
လုပ်ငန်းခွင် အစအဆုံး တစ်ခုလုံးရဲ့
ဖြစ်စဥ် အကျဥ်းချုပ်ကို မှတ်သားထားလိုတဲ့အခါ
အသုံးပြုကြပါတယ်။

work diary မှာ ဘယ်လိုအချက်တွေ ပါသလဲဆိုရင်

🔸 လုပ်ငန်းစတင်သည့်နေ့
လုပ်ငန်း ရပ်နားသည့်နေ့
လုပ်ငန်း ပြီးဆုံးသည့်နေ့

🔸 လုပ်ငန်းခွင်အတွင်း ထူးခြားဖြစ်စဥ်များ

🔸 ငွေပေးငွေယူ မှတ်တမ်းများ

🔸 လုပ်ငန်းတစ်ခုလုံးရဲ့ အရေးကြီးသော နေ့စွဲများ
(ပန္ဒက်ရိုက်သည့်နေ့၊ slab လောင်းသည့်နေ့၊
အမိုးမိုးသည့်နေ့၊ ဆေးစသုတ်သည့်နေ့ စသဖြင့်)

🔸 ဧည့်သည်တော် မှတ်တမ်းများ၊
အရေးကြီးပုဂ္ဂိုလ်များနှင့် တွေ့ဆုံမှုများ

🔸 သက်ဆိုင်ရာ အဖွဲ့အစည်း လူပုဂ္ဂိုလ်များ၏
ညွန်ကြားချက်များ၊ တောင်းဆိုမှုများ

စတဲ့ အချက်တွေ အပြင်
လုပ်ငန်းနဲ့ ပတ်သက်တဲ့ အခြားအရေးကြီး
အချက်အလက် တစ်ချို့လည်း ပါဝင်ပါတယ်။

တကယ်တော့ daily report ရေးသားခြင်းနဲ့
work diary ရေးသားခြင်းဆိုတာ

လုပ်ငန်းခွင်မှာ ငွေကုန်ကြေးကျ မများပဲ
လုပ်ဆောင်ရတာလည်း အရမ်းမပင်ပန်းပဲ
လုပ်ငန်းအတွက်တော့ အင်မတန်မှ အကျိုးများ
အသုံးဝင်တဲ့ လုပ်ငန်းစဥ်တစ်ခုပဲ ဖြစ်ပါတယ်။

Site Engineer တွေအနေနဲ့ daily report ရေးဖို့
ကိုယ့်ကို တာဝန် မပေးထားရင်တောင်

မိမိဘာသာ လုပ်ငန်းခွင်နဲ့ သက်ဆိုင်တဲ့
daily report တွေ work diary တွေ
မှတ်သားထားမယ် ဆိုရင်

အဆိုပါအရာတွေဟာ ကိုယ်နောက်ပိုင်း
ဖြတ်သန်းရမယ့် ကိုယ့်ရဲ့ carrier life အတွက်
အရမ်းကို အကျိုးများ အထောက်အကူပြုမှာပဲ
ဖြစ်ပါတယ်။

ဥပမာ လုပ်ငန်းတစ်ခုအတွက်
လုပ်သားအင်အားနဲ့ ပစ္စည်းစာရင်းကို
yellow book မလိုပဲ အတိအကျနီးပါး
ခန့်မှန်း တွက်ချက်နိုင်ရုံသာ မက
လုပ်ငန်း လုပ်ဆောင်ရမယ့် ကြာချိန်တွေကိုလည်း
အခြားသူတွေထက် ပိုမိုတိကျစွာ ခန့်မှန်းနိုင်မှာ
ဖြစ်ပါတယ်။

နောက်ပြီး လုပ်ငန်းခွင်ကို စနစ်တကျဖြစ်အောင်
စီမံအုပ်ချုပ်တာတွေ အလေအလွင့်မဖြစ်အောင်
ထိန်းသိမ်းတာတွေအတွက်လည်း daily report က
အချက်အလက်တွေက များစွာ အထောက်အကူ
ပြုစေနိုင်တဲ့အပြင်

လုပ်ငန်းကြီးတစ်ခုလုံးရဲ့ အရှုံး အမြတ်ကိုတောင်
daily report နဲ့ work diary ကို ကြည့်ပြီး
သုံးသပ် ဆင်ခြင်နိုင်မှာပဲ ဖြစ်ပါတယ်။

(မြန်မာ အင်ဂျင်နီယာလောက
ဆထက်ထမ်းပိုး ဖွံ့ဖြိုးတိုးတက်ပါစေ)

Want your business to be the top-listed Equipment Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon