Zanila Audio

Zanila Audio

Share

20/03/2026

Sansui ချစ်သူတွေအတွက် ရုပ်ထွက်သေသပ်လှပတဲ့ Sansui AU-α307 Integrated Amplifier
Japan Local Used အစစ်ဖြစ်ပြီး အမည်းရောင်ကိုယ်ထည်နဲ့ ခပ်မိုက်မိုက် Design လေးမို့ အမြင်မှာတင် တော်တော်လေးကို သေသပ်လှပတဲ့ ကောင်လေးပါ။

📌 ချိတ်ဆက်အသုံးပြုနိုင်မယ့် အပိုင်းများ (Connectivity)
* Speaker A နဲ့ B ဆိုပြီး (၂) စုံ ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။
* Input တွေအနေနဲ့ Phono (Turntable ချိတ်ရန်), CD, Line, Tuner နဲ့ Tape 1, 2 အစုံအလင် ပါဝင်တဲ့အတွက် Source မျိုးစုံနဲ့ အဆင်ပြေပြေ တွဲဖက်အသုံးပြုနိုင်ပါတယ်။
📌 ပါဝါပိုင်းဆိုင်ရာ သိမှတ်ဖွယ်ရာ (Power Details)
* Power Consumption (မီတာစားနှုန်း): စက်ရဲ့ နောက်ကျောမှာ ရေးထားတဲ့ 170W ဆိုတာ ဒီ Amplifier ကြီး အလုပ်လုပ်ဖို့အတွက် စားသုံးတဲ့ လျှပ်စစ်အား (Power Consumption) ကို ဆိုလိုတာပါ။
* Power Output (အသံထွက်အား): အဲ့ဒီ 170W ဟာ Speaker ဆီကို ပို့ပေးတဲ့ အသံထွက်အား (Power Output) မဟုတ်ပါဘူး။ ဒါပေမယ့် ဒီကောင်လေးရဲ့ Output က အိမ်သုံးအတွက်ဆိုရင်တော့ ရင်ဘတ်ထဲစိမ့်နေအောင်ကို အေးဆေးလုံလောက်တဲ့ အသံထွက်အားကို ပေးစွမ်းနိုင်ပါတယ်။
* (သတိပြုရန် - Japan Local Used (100V) ဖြစ်တဲ့အတွက် 220V To 100V Step-down [ထရန်စဖော်မာ] ခံပြီးမှ အသုံးပြုပေးဖို့ လိုအပ်ပါမယ်ခင်ဗျာ။)
📌 အခြေအနေ (Condition)
ပုံမှာမြင်ရတဲ့အတိုင်း အလုံးသန့်၊ အတွင်းအပြင် Error ကင်းပြီး အလုပ်လုပ်ဆောင်မှု အားလုံး ပုံမှန်ပါပဲ။

✅အသံ အရည်အသွေးနှင့် လုပ်ဆောင်ချက်များကို အောက် ရှိ Video Link တွင် စစ်ဆေးကြည့်ရှုရန်။
✅Youtube link တွင်လည်းကြည့်ရှုနိုင်ပါသည်။
https://youtu.be/jKSTzou314s?si=HHr_AyOlQu-TXRtB

ဈေးနှုန်းနဲ့ အသေးစိတ် ထပ်မံသိရှိလိုပါက Zanila Audio ရဲ့ Messenger (Chat Box) ကနေတဆင့် အချိန်မရွေး လာရောက်ဆက်သွယ် မေးမြန်းနိုင်ပါတယ်ခင်ဗျာ။
နောက်ထပ် အရောင်းတင်သော post များ၊ စပီကာ Testing video များကြည့်ရှုရန် နှင့် Audio လေ့လာစရာများကို ဖတ်ရှုနိုင်ရန်အတွက် Zanila Audio page နဲ့ post ကိုလဲ like and share လုပ်ပေးကြပါအုံး။

🚘 ပါကင်ထုပ်ခနှင့်ကားဂိတ်ပို့ပေးသည်။ 10000ကျပ်

Zanila Audio
09 975 561234
လာရောက် စမ်းသပ် နားဆင် ရန်အတွက် မီးပျက်မှာ စိတ် ပူစရာမလိုပါခင်ဗျာ။ inverter ရှိပါတယ်ခင်ဗျာ။ မလာခင် ကြိုတင် ဖုံးဆက်ပေးပါခင်ဗျာ။ အပြင်သွားတာနဲ့ ကြုံနေမှာစိုးလို့ပါခင်ဗျာ။

တည်နေရာ မြေပုံ ကြည့်ရူရန် အောက်ရှိအပြာရောင် စာတန်း ကိုနှိပ်ပြီးကြည့်ရူနိုင်ပါသည်။
https://maps.app.goo.gl/kmiwBRTHDk88uxqS6

🎀🎀🎀 ဝယ်ယူလိုသူများ အနေဖြင့် Zanila Audio
🏬🏬 အမှတ်(811/A)၊ ဇဋိလ(၃)လမ်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့၊
ရတနာဈေး နှင့် (14) (15) လမ်းဆုံ ကြား။
ရတနာဈေးမှတ်တိုင်
အောင်ရတနာမှတ်တိုင်
☎️☎️ 09 975561234 ၊ 09 964161202
သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
💝💝💝 ပျော်ရွှင်ဖွယ်နေ့လေးဖြစ်ပါစေ.....

မလာခင် ဖုံးကြိုဆက်ပေးပါခင်ဗျာ။
09-97556 1234

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Zanila Audio
Yangon
11701,11702