Thamine Junction Football Geeks
23/05/2022
League winner နဲ့ runner up brother တို့ Congratulations ပါ။ Prize money လာထုတ်လို့
ရပြီနော်။ သိတဲ့လူရှိရင် mention ခေါ်ပေးကြပါအုံးဗျ။ ကျနော့် page က နောက်ပိုင်း inactive ဖြစ်သွားလို့ sorry ပါ နောက်နှစ်တော့ Fantasy Premier League Myanmar page မှာပဲ Admin ဆက်လုပ်ဖြစ်ဖို့များပါတယ်။ ကျနော့် အသင်း အနေနဲ့တော့ ဒီ ရာသီမှာ Top 125k နဲ့ ရာသီသိမ်းလိုက်ပါတယ်။ ကျနော်တို့ league မှာ အပျော်၀င်ဆော့ပေးတဲ့လူတွေအားလုံးကိုလဲ ကျေးဇူးပါဗျ။ See you next season, guys!
30/10/2021
ဒီတစ်ပတ်အတွက် pick တွေကိုလဲ deadline မတိုင်ခင်လေးတင်ပေးလိုက်ပါတယ်။
အရင်အပတ်အတွက် review လုပ်ရမယ်ဆိုရင်တော့ Vardy အနေနဲ့ ပထမပိုင်းအပြီးမှာ Daka နဲ့လဲလိုက်ရတာကြောင့် blank သွားပါတယ်။ ဒါပေမဲ့ အရေးအကြီးဆုံးဖြစ်တဲ့ captain Salah က အမှတ်တွေယူပေးသွားတာကြောင့် အဆင်ပြေတဲ့ weekend တစ်ခုဖြစ်ကြမယ်လို့မျှော်လင့်ပါတယ်။ Daka အနေနဲ့ လဲ လူးစား၀င်သာဖြစ်ပြီး Haul မရတာကြောင့် ကျနော်မ၀ယ်နဲ့ပြောလို့ မ၀ယ်ထားတဲ့သူတွေ ပြဿနာမတက်လောက်ပါဘူး။ Mbeumo ကလဲ ဒဏ်ရာအနည်းငယ်ရသွားတာကြောင့် ခေါ်ထားတယ်ဆိုရင် နောက်တစ်ပတ် line up ပါမပါ ထပ်စောင့်ကြည့်ဖို့ recommend ပေးချင်ပါတယ်။
ဒီ တစ်ပတ်အတွက် pick တွေအနေနဲ့ တော့
Transfer in - Foden
Captain - Salah
Differential - Kane နဲ့
Don't buy(မ၀ယ်ဖို့) Firmino ကိုရွေးချယ်ပေးထားပါတယ်။
Pep roulette ကိုမကြောက်ပဲ Foden ကိုရွေးထားရတာကတော့ CF နေရာ လောလောဆယ်ဆော့နေတာကြောင့်ပါ။ Pep ကလဲ Foden ကိုသဘောကျနေပုံရပြီး အဲ့ဒီနေရာမှာ ဘယ်လောက်မြဲမလဲ စောင့်ကြည့်ရမယ်ဆိုပေမယ့် ဒီကောင်ကန်နေရသရွေ့တော့ မ၀ယ်ထားတဲ့သူတွေ ထိခိုက်နိုင်ပါတယ်။ Captain က တော့ ထုံးစံအတိုင်း Africa ဖလား သွားမကန်မချင်း Salah ကိုပဲပေးပါမယ်။
Kane ကတော့လောလောဆယ်မှာ Ole ကြောင့် တိုင်ပတ်နေတဲ့ United နောက်တန်းနဲ့ တွေ့မှာဖြစ်လို့ return ရနိုင်ခြေရှိပါတယ်။ နောက်ပွဲကစပြီးလဲ ပွဲချောင်နေတာကြောင့့် Differential အနေနဲ့ စဉ်းစားသင့်ပါတယ်။ Firmino ကတော့ ဈေးကြီးပြီး ပွဲထွက်လာဖို့မသေချာတာကြောင့် သူ့အစား ဈေးနှုန်း မတိမ်းမယိမ်းရှိတဲ့ကွင်းလယ်က Foden, Son တို့ကိုပိုသဘောကျမိပါတယ်။
နောက်တစ်ပတ်မှာလဲ GW 11 pick တွေနဲ့ ပြန်လာအုံးမှာဖြစ်တာကြောင့် ကျနော်တို့ page ကို like & follow လုပ်ထားဖို့ မမေ့ကြပါနဲ့ဗျာ။
16/10/2021
ဒီနေ့မှာတော့ အရင်တစ်ပတ်က pick တွေကိုလဲပြန်လည်သုံးသပ်ပေးသွားမှာ ဖြစ်ပြီး ဒီတစ်ပတ်အတွက် pick တွေကို ရွေးချယ်ပေးသွားမှာ ဖြစ်ပါတယ်။
အရင်တစ်ပတ်က Alonso ကို rotation သတင်းတွေမထွက်ခင် စောစောရွေးပေးမိတာကြောင့် နောက်လာမဲ့ အပတ်တွေမှာ Admin's pick ကို ပိုသေချာအောင် Friday Night (ဒါမှမဟုတ်) Saturday morning မှ ရွေးပေးဖြစ်ဖို့ရှိပါတယ်။ အရင်အပတ်က Captain Lukaku ဆီကလဲ return မရခဲ့ပါဘူး။ Don't buy နဲ့ Differential pick တွေတော့မှန်ခဲ့တယ်လို့ပြောလို့ရပါတယ်။
ဒီတစ်ပတ် Transfer in အနေနဲ့တော့ cleansheet ရဖို့သေချာတဲ့ Cancelo (6.1m) ကိုရွေးချယ်ပေးထားပါတယ်။ ManCity အနေနဲ့လဲပွဲချောင်တာကြောင့် Cancelo ဆီကနေ နောက်ပွဲစဉ်တွေအထိ ပေးရတဲ့ price နဲ့တန်တဲ့ return တွေမျှော်လင့်နိုင်ပါတယ်။ Captain ကတော့ထုံးစံအတိုင်း သခင်ကြီး ဆာလက်ပါပဲ။ Never in doubt ပါ။ Differential အနေနဲ့တော့ဂိုးပေါက်ပြန်ရှာတွေ့သွားပြီးယုံကြည်မှုတွေပြန်ရလာတဲ့ Jimenez (7.6m) ကိုရွေးချယ်ပေးထားပြီး Don't buy အနေနဲ့တော့ Rotation risk ရှိတဲ့ Alonso ကိုရှောင်စေချင်ပါတယ်။
ကျနော်တို့ Thamine Junction Football Geeks page က pick တွေကို သဘောကျတယ်ဆိုရင် page ကို like & follow လုပ်ဖို့မမေ့ကြပါနဲ့။ ဒီနေ့ 3 နာရီမှာလဲ Fantasy Premier League Myanmar နဲ့ပေါင်းပြီး deadline stream လုပ်သွားဖို့ရှိတာကြောင့် FPLM page မှာလာရောက်နားထောင်ကြဖို့ဖိတ်ခေါ်ပါတယ်။ Good luck with your FPL teams.
23/09/2021
အရင်တစ်ပတ်အတွက် admin ရဲ့ pick တွေမှာတော့ Lord Benrahma ကိုစော်ကားမိလို့တိုင်ပတ်သွားတာကလွဲရင် သုံးယောက်လုံး အဆင်ပြေနေပါတယ်ဗျ။ Captain choice Salah မှန်ကန်ခဲ့ပြီး Bamford နဲ့ Vardy ဆီကလဲ return နဲနဲပြန်ရလိုက်ပါတယ်။ Admin က တော့ နဲနဲကြမ်းကပ်သွားတာကြောင့် rank top 180k ကိုပြန်ရောက်သွားပါတယ်။ မနက်ဖြန်ကျရင်တော့ ဒီတစ်ပတ် GW 6 အတွက် awesome pick တွေနဲ့အတူပြန်လာခဲ့ပါအုံးမယ်ခင်ဗျ။
17/09/2021
Gameweek 5 အတွက် Admin ရဲ့ pick တွေကို ရွေးချယ်ပေးလိုက်ပါပြီ။
"Transfer in" အနေနဲ့ဝောာ့ Leeds အသင်းရဲ့တိုက်စစ်မှူး Patrick Bamford ကိုရွေးချယ်ပေးထားပါတယ်။
DCL ဒဏ်ရာရနေတာကြောင့် Bamford ကို FPL manager တော်တော်များများက မျက်စိကျနေကြပြီး Leeds အသင်းရဲ့ ပွဲစဉ်တွေကလဲ Gameweek 10 အထိချောင်နေတာကြောင့် Bamford, Raphinha တို့ လိုကစားသမားတွေ မျက်နှာပန်းလှဖို့ရှိနေပါတယ်။
"Captain" အနေနဲ့တော့ safe pick ဖြစ်တဲ့ သခင်ကြီး Salah ကိုထပ်မံရွေးချယ်ပေးထားပါတယ်။ အရင်
တစ်ပတ်က Ronaldo ရဲ့ကျော်တက်ခြင်းကိုခံခဲ့ရတာကြောင့် သခင်ကြီး အနေနဲ့ ဒီတစ်ပတ်မှာ low block ဆော့မဲ့ Crystal Palace နောက်တန်းကိုကျော်ပြီး ဂိုးတွေသွင်းနိုင်မလား ဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်။
"Differential pick" ကိုဝောာ့ "No Vardy, No Party" ဆိုတဲ့အတိုင်း ownership 11.4% ရှိတဲ့ Jamie Vardy ကိုရွေးချယ်ပေးထားပါတယ်။ သူ့ရဲ့ £10.4m ဈေးကြောင့် လူတွေက်ုလက်တွန့်စေပေမဲ့ သွင်းဂိုးတွေအပြင် Penalty က point တွေလဲမျှော်လင့်လို့ရပြီး Leicester အသင်း အနေနဲ့လဲ GW11 အထိပွဲကျပ်တစ်ပွဲပဲရှိတာကြောင့် Differential အနေနဲ့ စောင့်ကြည့်ထားသင့်ပါတယ်။
"Don't buy This player" ကိုတော့ Benrahma ကိုရွေးချယ်ထားပါတယ်။ သူ့ကို ကျနော်ကိုယ်တိုင် Gameweek 3 မတိုင်ခင်မှာ Transfer-in အနေနဲ့ ရွေးချယ်ပေးခဲ့ပေမဲ့ Benrahma ဟာ Gameweek 3 ကစပြီး တောင်ပံမှာပြောင်းကစားနေတာကိုတွေ့ရပြီး အရင် GW 1,2 ကလောက် return မရဝောာ့တာကိုတွေ့ရပါတယ်။ သူ့နေရာမှာ အသစ်ခေါ်ယူထားတဲ့ Nicolo Vlasic နဲ့လဲနေရာလုရနိုင်ခြေရှိနေပါတယ်။ နောက်လာမဲ့ပွဲစဉ်တွေမှာလဲ WestHam အနေနဲ့ ပွဲစဉ် 7 ပြီးရင်ပွဲကျပ်တွေလာဖို့ ရှိတာကြောင့် Benrahma ဟာ လောလောဆယ်မှာ မ၀ယ်သင့်တဲ့ ကစားသမားပဲဖြစ်ပါတယ်။
ဒီနေ့မှာတော့ ဒီတစ်ပတ်အတွက် admin ရဲ့ pick တွေကိုရွေးချယ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ Gameweek 5 ရဲ့ transfer deadline က ည 12 နာရီ ဖြစ်တာကြောင့် Leeds နဲ့ Newcastle ပွဲအမှီ transfer တွေလုပ်ဖို့မမေ့ကြပါနဲ့ခင်ဗျာ။ Good luck everyone.
Click here to claim your Sponsored Listing.
Category
Address
Thamine Junction
Yangon
11011