Aung Digital Weighing Scale
23/12/2023
30Kg 18Viss
Size 10"12
330000
60Kg 36Viss
Size 12"15
390000
100Kg 60Viss
Size 14"17
450000
150Kg 90Viss
Size 15"19
530000
300Kg 180Viss
Size 18"23
600000
အမှတ် ၁၃၆ (ခ ၅လမ်း)မြို့သစ်(က+ခ)ရပ်ကွပ် အင်းစိန်မြို့နယ် ရန်ကုန်
09 957 66 2578
09 957 93 2578
Service 0943119410
02/10/2022
#ရွှေအလေးချိန်တွက်နည်း
မြန်မာနိုင်ငံမှာတော့ ရွှေကို အလေးချိန် ကျပ် ပဲ ရွေး နဲ့ပဲ ချိန်လေ့တွက်လေ့ရှိပါတယ်
တစ်ကျပ် = ၁၆ ပဲ
တစ်ပဲ = ၈ ရွေး
တစ်ကျပ် = ၁၂၈ ရွေး
ရန်ကုန်နဲ့ အခြားမြို့တွေမှာ ဒီအလေးချိန်ကိုပဲ အသုံးပြုကြပါတယ်
မန္တလေးမှာတော့ အချို့နေရာတွေမှာ တစ်ပဲ=၇.၅ ရွေး တစ်ကျပ်=၁၂၀ရွေးနဲ့ တွက်ပါတယ်
ဂရမ်အနေနဲ့ဆို
၁ ကျပ်သား = ၁၆.၃၃၁ ဂရမ်
၁ အောင်စ = ၁ ကျပ် ၁၁ ပဲ ၆ ရွေး
အနောက်တိုင်းမှာတော့ ရွှေပါဝင်နှုန်းကို Karat နဲ့ပြောပါတယ် (ကျောက်မှာသုံးတဲ့ unit ဖြစ်တဲ့ carat နဲ့ မတူပါ) အတိုကောက် k လို့သုံးပါတယ်
24 k = ၁၆ ပဲရည်
23 k = ၁၅ ပဲရည်
22 k = ၁၄ ပဲ ၂ ပြား
21 k = ၁၄ ပဲရည်
20 k = ၁၃ ပဲရည်
19 k = ၁၂ ပဲ ၂ ပြား
18 k = ၁၂ ပဲရည်
17 k = ၁၁ ပဲ ၂ပြား
16 k = ၁၁ ပဲရည်
15 k = ၁၀ ပဲရည်
14 k = ၉ ပဲရည်
13 k = ၈ ပဲ ၂ ပြား
12 k = ၈ ပဲရည်
၈ ပဲရည်အောက်နိမ့်သောရွှေကို မိုးကြိုးလို့ခေါ်ပါတယ် ဂဟေဆော်ရာမှာသာ အသုံးပြုပြီး လက်ဝတ်ရတနာအနေနဲ့တော့ ၁၂ ပဲရည်အောက် လုပ်လေ့မရှိပါ
🌟ရွှေတွက်နည်း🌟
၁၆ပဲရည်တစ်ကျပ်သား ပေါက်စျေးကို ကိုယ်တွက်ချင်တဲ့ ရွှေအမျိုးအစား တစ်ကျပ်သားစျေးအဖြစ် အရင်တွက်ရပါမယ်
ဥပမာ ၁၄ ပဲရည် အပြင်စပ်အတွက်
16÷18×️ပေါက်စျေး
16÷18×️887000=788444
၁၄ ပဲရည် အတွင်းစပ်အတွက်
14÷16×️ပေါက်စျေး
၁၅ ပဲရည်အတွက်
16÷17×️ပေါက်စျေး (အပြင်စပ်)
15÷16×️ပေါက်စျေး (အတွင်းစပ်)
ဒါဆိုကိုယ်တွက်ချင်တဲ့ ရွှေအမျိုးအစားရဲ့ တစ်ကျပ်သားစျေး ရပါပြီ
ရွှေတင်ချိန်ကို အလျော့တွက်နဲ့ပေါင်း ပြီးရင်စုစုပေါင်းအလေးချိန်ကို ဒီလိုတွက်ရပါမယ်
ရွေး÷8+ပဲ÷16+ကျပ်×️တစ်ကျပ်သားစျေး
ဥပမာ
၁၄ ပဲရည် အပြင်စပ်
ရွှေတင်ချိန် 1 ကျပ် 7 ပဲ 4 ရွေး
အလျော့တွက် 1 ပဲ 6 ရွေး ဆိုပါဆို့
ပေါင်းလိုက်ရင် 1 ကျပ် 9 ပဲ 2 ရွေးပါ
2÷8+9÷16+1×788444=1244263 ပါ
ရွှေဝယ်ပြီး ပြန်ရောင်းတဲ့အခါ ရွှေစျေးတက်တာတောင် ရှုံးတယ် ဆိုတာကတော့ ပြန်ရောင်းတဲ့အခါ အလျော့တွက်ကို ထည့်မတွက်ပဲ ရွှေတင်ချိန်ကိုသာ တွက်လေ့ရှိတာကြောင့်ပါ
အလျော့တွက်ဆိုတာ အထည်လုပ်တဲ့အချိန်ရွှေအလေအလွင့် ပန်းတိမ်ဆရာလက်ခ တွေပေးရတာဖြစ်တာကြောင့် ပြန်မရတာပါ
ဒါပေမယ့် မရှုံးချင်ဘူးဆို အလျော့တွက်မပါတဲ့ အလျော့တွက်နည်းတဲ့ အထည်တွေကိုရွေးချယ်ဝယ်ယူလို့ ရပါတယ်
ရွှေရဲ့ Specific Gravity ဟာ 19.32 ရှိတာကြောင့် သိပ်သသည်းဆအများဆုံးသတ္တု ဖြစ်တာကြောင့် အတုလုပ်မယ်ဆို ဒါမှမဟုတ်အတွင်းမှာ အစာသွပ်ထားမယ်ဆိုရင် ထုထည်ဟာရှိသင့်တဲ့အရွယ်အစားထက် ကြီးကိုကြီးနေမှာပါ..
AC ငွေရေစက်
မြန်မာကျပ်ငွေ
ဒေါ်လာငွေ ယူရို ငွေ
ငွေကြေး သုံးမျိုးအားရေတွက်ပေးပါတယ်ခင်ဗျာ
ငွေကြေးများလဲ အတုများပါလာပါက Error ပြပေး
ပါသည် #မှတ်ချက်၁၀၀%ခွဲမပေးပါ
အာမခံ တစ်နှစ်ပါရှိပြီး မော်တာအားကောင်းသော ငွေရေစက်တစ်လုံးဖြစ်ပါတယ်ခင်ဗျာ
Price 320000
အသေးစိတ် မေးမြန်းလိုပါက 09-957662578
ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No (212) ပိတောက် (4)လမ်း အင်းစိန်မြို့နဃ် ရန်ကုန်
Yangon
13579