Cygen Technology
Day 01 - What is Network?
Basic Networking Essentials Course
ဒီ Lesson မှာ
✅ Network ဆိုတာဘာလဲ
✅ Network ဘာကြောင့်အသုံးပြုတာလဲ
✅ Devices တွေဘယ်လိုချိတ်ဆက်ကြလဲ
✅ Internet အလုပ်လုပ်ပုံ Basic
တွေကို Beginner Friendly အနေနဲ့ ရှင်းပြထားပါတယ်။
Networking Foundation ကို နားလည်ထားရင်
Server, Cyber Security, Backend, DevOps စတဲ့ IT Career တွေဆက်လေ့လာဖို့ အများကြီးအထောက်အကူဖြစ်ပါတယ်။
08/04/2025
Linux ကို မသိသေးတဲ့သူများအတွက် Linux မိတ်ဆက် 👾
Linux ဆိုသည်မှာ ဥရောပ ၊ အာရှ ၊ အာဖရိက ၊ အမေရိကား ၊ သြစတေးလျဒေသတွေမှာတော့ '90s အလယ်ပိုင်းလောက်ကနေအစပြုပြီး စက်ရုံတွေ ကုန်ထုတ်လုပ်ငန်းတွေမှာအသုံးပြုခဲ့ကြတယ်။
ခုခေတ်မှာဆိုရင်တော့ ကျနော်တို့လက်ကိုင်ဖုန်းတွေ၊ ကားတွေ၊ ရေခဲသေတ္တာနဲ့ အဲယားကွန်းတွေမှာ
Linux ရဲ့အခြေခံကုဒ်လိုင်းနဲ့သဘောတရားတွေစိမ့်၀င်နေတယ်။
ဒါတင်မကသေးဘူး ... Super Computer လို့ခေါ်တဲ့ ကမ္ဘာ့အမြန်ဆုံးကွန်ပျူတာကြီးတွေ၊ အင်တာနက်ပေါ်က Web Server တွေအတော်များများကိုလည်း Linux OS နဲ့တည်ဆောက်ထားပါတယ်။
အားသာချက်တွေကလည်း အခြား OS တွေထက် အမြောက်အများရှိနေပါသေးတယ် ...။
အကျဉ်းချုံးပြောရမယ်ဆိုရင် -
✅Reliable: ယုံကြည်စိတ်ချရနိုင်ခြင်း ၊
✅Secure: လုံခြုံရေးကောင်းမွန်ခြင်းနဲ့
✅Open Source: (ဒါကတော့ဖွင့်ဆိုဖို့ကျယ်လို့ အလွယ်ပဲထားပါ) စတဲ့အချက်တွေပဲဖြစ်ပါတယ်။
ပိုပြီးနားလည်လွယ်အောင်ဖွင့်ဆိုရရင် Linux ဟာ Windows XP, Windows 7, Windows 8,10 နဲ့
Apple ရဲ့ Mac OS X တို့လို Operation System တစ်မျိုးပါပဲ။ Computer တစ်လုံးမှာပါ၀င်တဲ့ Hardware resources တွေကို ပြန်လည်ထိန်းချုပ်ဖို့အတွက် Software (or) OS ဆိုပါတော့။ OS ထဲမှာမှ အဆင့်လေးတွေထပ်ခွဲကြည့်ရင် -
1. BOOTLOADER
Bootloader ကတော့ Computer ရဲ့ Booting Process လို့ခေါ်တဲ့ Power ဖွင့်ဖွင့်ချင်းအပိုင်းလုပ်ဆောင်ချက်တွေကိုကိုင်တွယ်ပါတယ်။ အပြင်ပန်းအမြင်အရ Operation System တက်ဖို့အတွက် Splash Screen ရဲ့ နောက်ကွယ်ကလုပ်ဆောင်ချက်ဆိုပါတော့။
2. Kernel
Linux လို့ခေါ်ရတဲ့အဓိကအကြောင်းအရာတွေထဲကတစ်ခုပါပဲ။ CPU, Memory နဲ့အခြားချိတ်ဆက်ထားတဲ့ Devices တွေကိုထိန်းချုပ်ပါတယ်။ Kernel ဟာ OS ရဲ့ Lowest LeveL လို့လည်းသတ်မှတ်နိုင်ပါတယ်။
3. Daemons
သူကတော့ printing, sound, scheduling အစရှိတဲ့ Background Process တွေကိုကိုင်တွယ်ပါတယ်။ Deaemons ထဲကအချို့ Service တွေဟာ Boot တက်စဉ်အတွင်းမှာစတင်သလို တချို့ Service တွေက Login ၀င်ပြီးချိန်မှ စတင်ပါတယ်။
4. Shell
Linux ရဲ့ နာမည်အကြီးဆုံး Terminal နဲ့ Command Line ဆိုတာကိုတော့ ကြားဖူးကြသူများပါလိမ့်မယ်။ Shell ဆိုတာက - text interface အတွင်းမှာ commands တွေနဲ့ ကွန်ပျူတာကို ထိန်းချုပ်ခိုင်းစေတဲ့လုပ်ဆောင်ချက်ပါပဲ။ Command Process ဆိုပါတော့။
လူအတော်များများကထင်ကြတယ် ... Linux ကိုသုံးနိုင်ဖို့အတွက် ခက်ခဲရှုပ်ထွေးတဲ့ Command တွေအများကြီးသိနေရမယ် ... ကွန်ပျူတာနဲ့ ပတ်သက်တဲ့ Skill set အများကြီးရှိနေမှအဆင်ပြေမယ်။ ဒီအချက်တွေကြောင့်လည်း Linux ဆိုတာနဲ့ လူအတော်များများက လက်ရှောင်ပြီး Graphical User Interface တွေနဲ့အသုံးပြုနိုင်တဲ့ Winodws, Mac တို့ဖက်ကို ပိုရွေးဖြစ်သွားကြတယ်။ ခုခေတ် Linux တွေမှာတော့ သာမန်ရုံးသုံးအတွက်လောက်ဆို အဲ့လောက်ထိသိစရာမလိုတော့ပါဘူး။ Application တိုင်းကို GUI တွေ Icon တွေနဲ့ အလွယ်တကူခေါ်သုံးနိုင်နေပါပြီ။ ပိုပြီး Advance ကျကျသုံးတတ်ချင်ရင်သာ Command တွေကိုဖြေးဖြေးချင်းဆက်လေ့လာသွားရုံပါပဲ။
သိပ်ခက်ခဲလွန်းတယ်ထင်ပြီး လက်ရှောင်ထားတဲ့သူတွေ လေ့လာဖြစ်စေချင်ပါတယ်။
ဥပမာ - Ubuntu လို Linux Base မျိုးကစပြီးတော့ပေါ့။ ပြည်တွင်းမှာလည်း Loco Team တွေနဲ့မလို့ အခက်အခဲရှိလာရင်တောင် အလွယ်တကူဖြေရှင်းနိုင်ပါလိမ့်မယ်။
5. Graphical Server
Monitor ပေါ်မှာ Graphic တွေပြပေးဖို့အတွက် sub-system ပါ။ အခြားနာမည်အနေနဲ့ X server သို့မဟုတ် X လို့လည်းအလွယ်တကူခေါ်ကြပါသေးတယ်။
6. Desktop Environment
User နဲ့ Interact လုပ်တဲ့ အစိတ်အပိုင်း Desktop environment ဆိုတဲ့အတိုင်းပဲ သက်ဆိုင်ရာ Graphical User Interface တွေကို အထောက်အပံ့ပေးပါတယ်။ Desktop ပေါ်မှာမြင်နေရတဲ့ Icon တွေ shortcut, preview, application's windows စသည်ဖြင့်ပေါ့။ Desktop Environment တွေကတော့ Linux မှာ မူကွဲတွေအများကြီးရှိပါတယ်။ GNOME, Cinnamon, Enlightenment, KDE, XFCE စသည်ဖြင့်ပေါ့။ Desktop Environment တိုင်းမှာလည်း Built in အနေနဲ့ ကွဲပြားခြားနားတဲ့ File managers, Configuration Tools, Web Browser နဲ့ Game တွေပါ၀င်လေ့ရှိပါသေးတယ်။
7. Applications
Desktop Enviroment ရှိရုံနဲ့တော့မပြည့်စုံဘူးပေါ့။ Linux ဟာလည်း Windows တို့ Mac တို့လို အပြင်က Application တွေ ထပ်သွင်းနိုင်ပါသေးတယ်။ ဥပမာပြောရရင် - Ubuntu ဆိုပါတော့ ...
Windows နဲ့ Apple Store တို့လိုပဲ Ubuntu Software Center ဆိုပြီး သပ်သပ်ရှိပါတယ်။ ဒီအထဲကနေပြီး high-quality apps တွေကို မိမိလိုအပ်ချက်နဲ့ကိုက်ညီရာ အလွယ်တကူရှာဖွေပြီး mouse click နဲ့တင် install လုပ်နိုင်ပါတယ်။ ဘယ် Command Line မှတောင်မလိုတော့ပါဘူး။ ဒီဘက်ခေတ်မှာ Linux ဆိုတာဟာ Advanced User တွေသာ သီးသန့်သုံးနိုင်တဲ့ OS တစ်ခုမဟုတ်တော့ဘူးဆိုတာပါပဲ ...။
သာမန်ရုံးသုံး ကျောင်းသုံးတွေအတွက်လည်း အဆင်ပြေအောင် စီမံဖန်တီးပေးထားလို့ အနည်းဆုံးတော့ စမ်းသပ်သုံးစွဲကြည့်သင့်ပါတယ်။ အထူးသဖြင့် IT ပိုင်းဆိုင်ရာလိုက်နေကြတဲ့သူတွေပေါ့ ...။
အခြား OS တွေနဲ့ယှဉ်ရင် အားသာချက် အားနည်းချက်တော့ရှိနေပေမယ့် စမ်းသပ်သုံးစွဲရင်းနဲ့ Linux ရဲ့ သဘောသဘာ၀နဲ့အရသာကို မြတ်နိုးတတ်လာပါလိမ့်မယ်။
Click here to claim your Sponsored Listing.
Category
Website
Address
Yangon