CV Solutions
15/11/2020
လက်ဆွဲနှုတ်ဆက်ခြင်းအမျိုးမျိုး
ယနေ့ခေတ်မှာ အမျိုးသားတွေသာမက အမျိုးသမီးတွေပါ လက်ဆွဲနှုတ်ဆက်လာကြပါပြီ။ စီးပွါးရှာလုပ်ငန်းနယ်ပယ်မှာ အမျိုးသားတွေက လက်ဆွဲနှုတ်ဆက်ဖို့ အလိုလို လက်ကမ်းပြီးသား အကျင့်ကိုဖြစ်နေကြပါြပီ။
ယနေ့ခေတ်လက်ဆွဲနှုတ်ဆက်ခြင်းဟာ ကြိုဆိုခြင်းအဓိပ္ပါယ်ဖြစ်ပြီး လက်ဝါးခြင်းဆုပ်ကိုင်ထားခြင်းက ပွင့်လင်းတဲ့ အဓိပ္ပါယ်ကိုဆောင်ပါတယ်။ ရှေးအခါက လက်နှစ်ဖက် လက်ဝါးဖြန့်လျက်သားမြှောက်ပြပြီး လက်ထဲမှာဘာမှ မကိုင်ထားကြောင်းပြသသည့် ကိုယ်ဟန် အမူအရာကို ပြုပြင်မွမ်းမံထားခြင်းဖြစ်ပါတယ်။ ရောကမခေတ်က အမျိုးသားတစ်ဦးနှင့်တစ်ဦးနှုတ်ဆက်ကြတဲ့အခါ တစ်ဦးရဲ့လက်ဖျံကို တစ်ဦးက ဆုပ်ကိုင်ပြီးနှုတ်ဆက်ခဲ့ကြပါတယ်။
လက်ဆွဲနှုတ်ဆက်တဲ့ဓလေ့က တစ်နိုင်ငံနှင့်တစ်နိုင်ငံကွဲပြားပါတယ်။ ပြင်သစ်တို့သည် အခန်းထဲကို ဝင်ရောက်စဉ်နှင့် ထွက်ခွါစဉ်မှာ လက်ဆွဲနှုတ်ဆက်ကြပါတယ်။ အမေရိကန်တို့က လက်ဆွဲနှုတ်ဆက်လျင် လက်ကိုဖျစ်မှကြိုက်ကြပါတယ်။ အင်ဒီးယန်းလူမျိုးတို့နပန်းသတ်တုန်းက လက်ညှစ်အားကို ပြိုင်ကြသည့်ဓလေ့မှ ဆင်းသက်လာလို့ဖြစ်ပါလိမ့်မယ်။
လူကတာမကြိုက်တာကတော့ စေးထန်းထန်းလက်ကို လက်ဆွဲနှုတ်ဆက်ရတာမကြိုက်ကြပါဘူး။ ချွေးထွက်ပြီး စေးထန်းနေတဲ့လက်က အကြောက်တရားဖိစီးထားလို့ဖြစ်ပါတယ်။ အားမပါတဲ့ လက်ဆွဲနှုတ်ဆက်ခြင်းကိုလည်း လူကြိုက်နည်းလွန်းပါတယ်။ ဒါ့ကြောင့် အင်တာဗျူးဖြေလို့လက်ဆွဲနှုတ်ဆက်တဲ့အခါ၊ အရေးကြီးတဲ့ တွေ့ဆုံပွဲတွေတက်ရတဲ့အခါ လက်ကစိတ်လှုပ်ရှားပြီးချွေးထွက်နေလျင် သုတ်ပြီးမှ အားအနည်းငယ်ထည့်ပြီး လက်ဆွဲဖို့ CV Solutions မှ စေတနာများစွာဖြင့်အကြုပြုလိုက်ပါတယ်ခင်ဗျာ။
Ref: How to read person like a book
အင်တာဗျူးမှာ ရွေးခံရဖို့ CV ကောင်းကောင်းလေးရေးဖို့လိုအပ်လာလျင်တော့ CV Solutions ကိုပဲရွေးလိုက်ပါ။ ဘာ့ကြောင့်ရွေးချယ်သင့်လဲဆိုရင်..
CV Solutions က အလုပ်အမျိုးအစားနှင့်၊ အတွေ့အကြုံပေါ်မူတည်၍ must include information များဖြစ်သော Contact, Personal statement, Work Experience စတာတွေကို စံညွှန်းနဲ့အညီရေးပေးခြင်း
လှပသပ်ရပ်သော Template ကောင်းကောင်းဖြင့် ပြုလုပ်ပေးခြင်း
PDF ဖိုင်ဖြင့်ပြုလုပ်ပေးသည့်အတွက် email/online မှ တိုက်ရိုက်လျှောက်ထားနိုင်ခြင်း
Soft copy ပါပေးသည့်အတွက် မိမိဘာသာ edit လုပ်၍ရခြင်း။
ပြိုင်ဆိုင်မှုများတဲ့ အလုပ်ရှားတဲ့ခေတ်ကြီးမှာ ဆွဲဆောင်မှုရှိတဲ့ CV နဲ့ အလုပ်ရချင်ရင်တော့ CV solutions ကို messenger မှဖြစ်စေ၊ [email protected] မှဖြစ်စေဆက်သွယ်လိုက်ပါ။
photo credit: google
31/10/2020
Life Planning Goal ချမှတ်ထားတဲ့ အတိုင်းဖြစ်အောင်ဘယ်လိုလုပ်မလဲ?
ကိုယ်အလုပ်ပြီးမြောက်လို့ ရတဲ့ဝမ်းသာပီတိကို အလုပ်လုပ်နေတဲ့သူတွေအားလုံးကောင်းကောင်းကြီးသိကြပါတယ်။ ကိုယ့် Boss က ချီးကျူးလိုက်ရင်၊ ကိုယ်ပိုင်အလုပ်လုပ်နေတဲ့သူတွေဆိုရင်လည်း ရလဒ်လေးကောင်းရင် ထပ်ဆောင်းပျော်ရတာပေါ့။
သို့ပေမယ့် တော်တော်များများမှာတွေ့ရတဲ့အခက်အခဲက လုပ်ရမယ့်အလုပ်ကို နေ့ရွှေ့ညရွှေ့ ရွှေ့တာပါပဲ။
လုပ်ရင်ပြီးတယ်။ ပျင်းရိတာကြောင်းဖြစ်စေ၊ တခြားအရေးမကြီးတာတွေကို အချိန်မပေးမိတာကြောင့်ဖြစ်စေ၊ လုပ်ရမယ့်အလုပ်က မလုပ်ဖြစ်ပါဘူး၊ သို့သော် Deadline နီးလာတဲ့အတွက် Stress ကြီးနဲ့ပဲ အမြန်လုပ်၊ ကမန်းကတန်းလုပ်လိုက်ရတော့ စိတ်ကျေနပ်မှုက မရ။ နောက်ဆို ဒီလိုမဖြစ်စေရဘူးလို့အားတင်း။ ဒါပေမယ့် တကယ်လုပ်ရတော့မယ်ဆိုတော့လည်း အရင်အတိုင်းပါပဲ Deadline နီးမှ ကပ်လုပ်ဖြစ်ပြန်ရော။
အဲ့ဒီ့တော့ အလုပ်တွေကို ဘယ်လိုကောင်းကောင်းမွန်မွန်ပြီးမြောက်အောင်လုပ်မလဲ။ Deadline မတိုင်ခင် Perfect ဖြစ်အောင်ဘယ်လိုလုပ်ကြမလဲ။
လုပ်နည်း၂ မျိုးရှိပါတယ်။
နံပါတ်၁: Task တွေကို Important နဲ့ Urgent ခွဲလုပ်မယ်။ နံပါတ်၂: ကိုယ်ကိုယ်တိုင်လည်း အလုပ်မြန်မြန်ပြီးမြောက်ဖို့ အကျင့်တစ်ခုကိုမွေးမယ်ဆိုရင် အိုခေစိုပြည်ဖြစ်ပါပြီ။
ပထမအချက်ဖြစ်တဲ့ Important နဲ့ Urgent ခွဲတာကို Time Management ပိုစ့်မှာ ထပ်ရှင်းပြပါ့မယ့်။ CV Solutions Page ကို like & see first လုပ်ထားပေးပါ။
အခုပြောပြမှာက အလုပ်ပြီးမြောက်ဖို့ “အကျင့်” တစ်ခုမွေးမြူတဲ့နည်းပါ။ သူက ရေတိုအတွက်သာမက ရေရှည် planning ချမှတ်ထားတာတွေကို လုပ်ဆောင်ဖို့အထိ အကျိုးရှိပါတယ်။
ကဲစလိုက်ကြရအောင်။
ပထမလုပ်ရမှာက “Daily Tasks” ကိုချရေးပါ။ တစ်ရက်ကြိုရေးပါ။
ဉပမာ။ ။ မနက် ၆ နာရီထရန်၊ ၁၅ မိနစ်တရားထိုင်ရန်၊ မိနစ်၃၀ လေ့ကျင့်ခန်းလုပ်ရန်၊ ရေ ၃ လီတာသောက်ရန်။
ဒီလိုချရေးပြီးပြီဆိုရင် ရေးထားတဲ့အတိုင်းဖြစ်အောင်လုပ်ပါ။ ပထမရက်နဲ့မဖြစ်နိုင်ရင် နောက်ရက်တွေဖြစ်အောင်လုပ်ပါ။ ဖြစ်နိုင်တာကိုပဲ အရင်ရေးပါ။ ပြီးမှ တစ်ဖြည်းဖြည်းချရေးတိုးသွားပါ။ လောဘမကြီးပါနဲ့။
Daily task ကို ပြီးမြောက်ရင် ပျော်ရွှင်ရတဲ့ ပီတိကို ဦးစွာခံစားရပါမယ်။ နောက်မှ ကိုယ့်ဘဝအတွက် long term plan လေးတွေကို တဖြည်းဖြည်းချင်းဖြစ်အောင်လုပ်သွားပါ။ ဒီမှာ သိထားရမှာတစ်ခုက “Consistency” ပါ။ ဆက်တိုက်လုပ်ရမှာပါ။ ဆက်တိုက်လုပ်မှ “အကျင့်” ဖြစ်လာမှာဖြစ်ပြီး Life Planning Goal ကို ပြည့်ပြည့်ဝဝ လုပ်ဆောင်နိုင်မှာပါ။
အားလုံးပဲ ရည်မှန်းချက် ပန်းတိုင်တိုင်း ပြည့်ဝအောင် ကြိုးစားလိုက်ကြရအောင်။
ထိရောက်တဲ့ CV ရေးဖို့ဆိုလျှင် CV SOLUTIONS ကို message သာပို့လိုက်ပါ။
31/10/2020
"Happy Thadingyut"
မိုးလေ ကင်းလွတ်သလို ကပ်ဘေးမှ လည်းအမြန်ကင်းလွတ်ပြီး အလုပ်အကိုင်အခွင့်အလမ်းတွေ ဆထက်တပိုး တိုးတက်ကြပါစေ။
14/08/2020
"အောင်မြင်မှုနှင့် အင်္ဂလိပ်စာ"
အောင်မြင်တဲသူတိုင်း အင်္ဂလိပ်စကားမပြောတတ်တဲ့သူ ဘယ်နှစ်ယောက်ပါပါသလဲ။ ဖြေကြည့်ပါ။ အင်္ဂလိပ်စာကို သိပ်မပြောကြတဲ့ တရုတ်မှာ ဂျက်မားတောင် အင်္ဂလိပ်စကားတတ်ပါတယ်။
ဘာကြောင့်လဲ။ ဘာ့ကြောင့် အင်္ဂလိပ်စာနှင့် အောင်မြင်မှုက ဆက်စပ်တာလဲ?ကြည့်ရအောင်ပါ။
ထိရောက်တဲ့ ဆက်သွယ်ခြင်း
====================
ဆက်သွယ်ခြင်းဆိုတဲ့ Communication ကြောင့်ပါ။ Communication ဆိုတဲ့နေရာမှာ စကားလုံး၊ ကိုယ်ဟန်အမူအရာ၊ စာ အားလုံးပါဝင်ပါတယ်။
လူမှုဝန်းကျင်မှု ဆက်သွယ်ခြင်းကဘယ်လောက်အရေးကြီးသလဲလို့ သင်ယူဆပါသလဲ။ ဆက်သွယ်ခြင်းမရှိလျှင် ဘယ်အလုပ်မှ မဖြစ်မြောက်ပါဘူး။
ပစ္စည်းတွေပေါက်အောင် ကြော်ညာတယ် အဲ့ဒါ “ဆက်သွယ်ခြင်း”ပါ။ ဆယ်လီတစ်ယောက်က သူ့ပရိတ်သတ်တွေအတွက် Facebook live လွှင့်တယ်ဆိုတာ “ဆက်သွယ်ခြင်း” ပါ။ ကုမ္ပဏီတစ်ခုက သူ့ကုမ္ပဏီအကြောင်း Website ထောင်တယ်။ ရှင်းပါတယ်။ ဆက်သွယ်ခြင်းပါပဲ။
ဆက်သွယ်ခြင်းဆိုတဲ့နေရာမှာ ထိရောက်တဲ့ဆက်သွယ်ခြင်းဖြစ်ဖို့လိုအပ်ပါတယ်။ ဒါမှ ပေးချင်တဲ့ message ကိုတစ်ဖက်ကရမှာပါ။
ထိရောက်တဲ့ ဆက်သွယ်ခြင်းဖြစ်ဖို့အတွက်က စကားလုံး၊ ဗဟုသုတအပြင် ဘာသာစကားပါ လိုလာပါပြီ။ ဒီအချိန်မှာ အားလုံး ဘုံ နားလည်တဲ့ ဘာသာစကားကို သုံးမှ ထိရောက်တဲ့ ဆက်သွယ်ရေးဖြစ်မှာပါ။ ရှင်းရှင်းပြောရလျင် ကိုယ့်ကိုယ်ပိုင်ဘာသာစကားနှင့်တောင် ဆိုလိုရင်းကိုမရောက်တာ ဖြစ်တတ်ပါတယ်။ ကိုယ်ကအင်္ဂလိပ်စကားမတတ်လို့ ဘာသာပြန်နှင့်ပြောရပြီဆိုလျှင် တခြားဘာသာစကားနှင့် ဆိုလိုရင်းကို မရောက် ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် အင်္ဂလိပ်လို ကိုယ်တိုင်ပြောတာက တစ်ဖက်လူနှင့် ပိုရင်းနှီးမှု ရစေတဲ့အပြင်ကိုယ်ဆိုလိုချင်တာကို သူပိုသိလာပြီး ထိရောက်တဲ့ဆက်သွယ်ရေးတစ်ခုဖြစ်စေပါတယ်။
အင်တာနက်ကို ပိုအကျိုးရှိအောင်အသုံးချတတ်လာမယ်
====================================
နောက်အရေးကြီးတဲ့ အချက်က အင်္ဂလိပ်စာသင်ယူခြင်းအားဖြင့် အင်တာနက်ကိုအကျိုးရှိစွာအသုံးချနိုင်လာတာပါပဲ။ ကလစ်တစ်ခု ခေါက်ချလိုက်တာနဲ့ လိုချင်တာကျလာတဲ့ အင်တာနက်ခေတ်ကြီးမှာ သိလိုတာကို ဖတ်ဖို့ ဗဟုသုတ ကြွယ်ဝဖို့က အင်္ဂလိပ်လိုဖတ်တတ်ရင် သင်ယူစရာတွေမကုန်နိုင်အောင် များပြားပါတယ်။ ကမ္ဘာပေါ်က လူဖတ်အများဆုံး Website တွေရဲ့ ၅၂ ရာခိုင်နှုန်းက အင်္ဂလိပ်လိုရေးထားတဲ့အတွက် အင်္ဂလိပ်စာဖတ်တတ်ရင် သန်းချီတဲ့ စာမျက်နှာတွေကို ဖတ်နိုင်မှာပါ။ ရုံးမှာ သန့်ရှင်းရေးဝန်ထမ်းနှင့် မန်နေးဂျင်းဒါရိုက်တာရဲ့ ကွာခြားချက်က ဗဟုသုတရှိမှု မရှိမှုပါပဲ။ ဒါ့ကြောင့် ဗဟုသုတ ရှိအောင် စာဖတ်ပါဆိုတာ ပြောစရာကိုမလိုတဲ့အချက်ပါပဲ။
အင်္ဂလိပ်စာသင်တာက ပျော်ဖို့ကောင်းပါတယ်
===============================
အင်္ဂလိပ်စာသင်တာက အချိန်ပေးရတယ်ဆိုပေမယ့် တတ်သွားပြီဆိုလျှင်တော့ ပိုကောင်းတဲ့ အခွင့်အလမ်းတွေက သင့်ကိုကြိုနေမှာပါ။ ဒီလိုအကျိုးကျေးဇူးတွေအပြင် ကမ္ဘာ့အရောင်းရဆုံး စာအုပ်တွေ၊ လူကြည့်အများဆုံး ဇတ်ကားတွေ၊ သီချင်းတွေ၊ youtube တွေကလည်း အင်္ဂလိပ်လိုဖြစ်တဲ့အတွက်ကြောင့် စာတမ်းထိုးကို အားကိုးစရာမလိုလျှင် ဖျော်ဖြေမှုရသကို ပိုခံစားရပါလိမ့်မယ်။ ကဲ ဒါဆို အင်္ဂလိပ်စာသင်ဖို့ ဘာကိုစောင့်နေဦးမှာလဲ။
နောက်ဆုံး အလုပ်လျှောက်ဖို့ English လို CV အပျံစားရေးဖို့လိုအပ်ရင် CV Solutions မှာ အပ်နိုင်ပါတယ်။
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Hlaing Township
Yangon
11051